ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်း
ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)
အစိုးရ အနေဖြင့် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးအပေါ် ယနေ့ မတ် ၂၉ ရက် မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှစတင်၍ ဧပြီလ ၃၀ ရက် အထိ ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များမှာ နိုင်ငံခြားသားအားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာ နိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊တာဝန်ရှိအမှုထမ်းများမှလွဲ၍)လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း ၊ အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီ ရပ်ဆိုင်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ယင်းပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။(Xinhua)
---------------------------------------
(Zawgyi Version)
ကမာၻ႔ႏိုင္ငံအသီးသီးမွ ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ ႏိုင္ငံျခားသားမ်ားအား မည့္သည့္ျပည္ဝင္ဗီဇာအမ်ိဳးအစားမဆို ထုတ္ေပးျခင္းကို ယာယီရပ္ဆိုင္း
ရန္ကုန္ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
အစိုးရ အေနျဖင့္ COVID-19 ကူးစက္ေရာဂါျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္သည့္ အစီအမံမ်ားအား ပိုမို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ ကမာၻ႔ႏိုင္ငံအသီးသီးမွ ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကမည့္ ႏိုင္ငံျခားသား အားလုံးအေပၚ ယေန႔ မတ္ ၂၉ ရက္ ျမန္မာစံေတာ္ခ်ိန္ ၀၀:၀၁ နာရီမွစတင္၍ ဧၿပီလ ၃၀ ရက္ အထိ ျပည္ဝင္မႈဆိုင္ရာ ယာယီကန႔္သတ္ခ်က္မ်ားကို ခ်မွတ္လိုက္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ ေၾကညာခဲ့သည္။
အဆိုပါ ျပည္ဝင္မႈဆိုင္ရာ ယာယီကန႔္သတ္ခ်က္မ်ားမွာ ႏိုင္ငံျခားသားအားလုံးအား (ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္မ်ား၊ ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားႏွင့္ ျမန္မာ ႏိုင္ငံႏွင့္ အျပန္အလွန္ ေျပးဆြဲေနသည့္ ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားမွ ေလယာဥ္ မႉးမ်ား/ သေဘၤာအရာရွိ မ်ား၊တာဝန္ရွိအမႈထမ္းမ်ားမွလြဲ၍)လူမႈေရးဗီဇာအပါအဝင္ မည္သည့္ ျပည္ဝင္ဗီဇာ ထုတ္ေပးျခင္းကိုမဆို ယာယီရပ္ဆိုင္းျခင္း ၊ အာဆီယံႏိုင္ငံမ်ား အပါအဝင္ ျမန္မာႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ အစီအစဥ္ျဖင့္ ျပည္ဝင္ ဗီဇာကင္းလြတ္ခြင့္ျပဳထားေသာ ႏိုင္ငံအားလုံးမွ ႏိုင္ငံျခားသားမ်ားအား (သံတမန္ ႏိုင္ငံကူးလက္မွတ္ႏွင့္ အထူးႏိုင္ငံကူး လက္မွတ္ ကိုင္ေဆာင္သူမ်ားမွအပ) ဗီဇာ ကင္းလြတ္ခြင့္ကို ယာယီ ရပ္ဆိုင္းျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။
ထို႔အတူ ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္မ်ား၊ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားအေနျဖင့္မူ ျပည္ပႏိုင္ငံမ်ားရွိ သက္ဆိုင္ရာ ျမန္မာသံ႐ုံး/အဖြဲ႕႐ုံး/ေကာင္စစ္ဝန္ခ်ဳပ္႐ုံး တို႔မွတစ္ဆင့္ ျပည္ဝင္ဗီဇာ ေလွ်ာက္ထား ရယူႏိုင္မည္ျဖစ္ေၾကာင္း ၊ ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ မည့္ ေန႔ရက္မတိုင္မီႏွင့္ ေလယာဥ္မ်ားေပၚသို႔ မတက္ေရာက္မီ အသိအမွတ္ျပဳ ဓာတ္ခြဲခန္းမွ လြန္ခဲ့ေသာ (၇၂)နာရီ မတိုင္မီက ရရွိထားသည့္ COVID-19 ေရာဂါ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္အေထာက္အထားျပသရန္ လိုအပ္မည္ျဖစ္ၿပီး ၎တို႔အား ျမန္မာႏိုင္ငံသို႔ စတင္ေရာက္ရွိခ်ိန္ မွစတင္၍ ၎တို႔ေနအိမ္မ်ားတြင္ ၁၄ ရက္ သီးသန႔္ေနထိုင္ေစာင့္ၾကည့္မႈ (Home Quarantine) ျပဳလုပ္ သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္မႈတြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံႏွင့္ အျပန္အလွန္ေျပးဆြဲေနသည့္ ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားမွ ေလယာဥ္မႉးမ်ား/သေဘၤာအရာရွိမ်ား၊ တာဝန္ရွိ အမႈထမ္းမ်ားအေနျဖင့္လည္း ျပည္ပ ႏိုင္ငံမ်ားရွိ သက္ဆိုင္ရာ ျမန္မာသံ႐ုံး/အဖြဲ႕႐ုံး/ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔မွတစ္ဆင့္ ျပည္ဝင္ဗီဇာ ေလွ်ာက္ထားရယူႏိုင္မည္ျဖစ္ေၾကာင္း ၊ ၎တို႔အေနျဖင့္ ပို႔ေဆာင္ေရး ႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ေနာက္ဆုံးထုတ္ျပန္ထားသည့္ လမ္းၫႊန္ခ်က္ မ်ား၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ တိတိက်က် လိုက္နာေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း သိရသည္။
သို႔ရာတြင္ ျပည္ပႏိုင္ငံအသီးသီးမွ ခရီးသြားမ်ားအေနျဖင့္ မလႊဲမေရွာင္သာ ကိစၥရပ္ေၾကာင့္ ျဖစ္ေစ သို႔မဟုတ္ အေရးေပၚ တာဝန္ျဖင့္ျဖစ္ေစ ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္ရွိပါက ယင္းျပည္ဝင္ဗီဇာကန႔္သတ္မႈမ်ားမွ ကင္းလြတ္ခြင့္ရရွိႏိုင္ရန္အတြက္ ျပည္ပႏိုင္ငံမ်ားရွိ အနီးဆုံး ျမန္မာသံ႐ုံး/အဖြဲ႕႐ုံး/ေကာင္စစ္ဝန္ခ်ဳပ္႐ုံး မ်ားသို႔ ဆက္သြယ္အကူအညီေတာင္းခံရန္ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည္။(Xinhua)

No comments:

Post a Comment