ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

မက်ဒရစ်၊ မတ် ၂၉ ရက်(ဆင်ဟွာ) / မက္ဒရစ္၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

သွားလာမှုကန့်သတ်ချက်များကို ပိုမို တင်းကြပ်စွာဆောင်ရွက်သွားမည်ဟု စပိန် ဝန်ကြီးချုပ်ပြောကြား
မက်ဒရစ်၊ မတ် ၂၉ ရက်(ဆင်ဟွာ)
COVID-19ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် တစ်နိုင်ငံလုံးတွင် သွားလာမှု ကန့်သတ်ချက်များကို ပိုမို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကထုတ်လုပ်မှုလုပ်ငန်းများ၏ ဝန်ထမ်းများမဟုတ်ပါက အိမ်မှာနေထိုင်ကြရမည်ဖြစ်ကြောင်း စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchezက မတ် ၂၈ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
စပိန်နိုင်ငံ ဝန်ကြီးများ အထူးအစည်းအဝေးကျင်းပမည့် မတ် ၂၉ ရက်တွင် ပိုမိုတင်းကြပ်သည့် သွားလာမှုကန့်သတ်ချက်များကို အတည်ပြုသွားမည်ဖြစ်ကြောင်း ၊ မတ် ၃၀ ရက် မှ ဧပြီ ၉ ရက်အတွင်း အဓိကထုတ်လုပ်မှုလုပ်ငန်းများ၏ ဝန်ထမ်းများမဟုတ်ပါက အပြင်မထွက်ဘဲ အိမ်တွင်းနေကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်သူလျော့နည်းလာအောင် ဆေးကုသမှုဆိုင်ရာ ကျန်းမာရေးစနစ်တစ်ခုလုံး မယိုယွင်း စေအောင် ဤကဲ့သို့ထိန်းချုပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Pedro Sanchezက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
သွားလာမှုကန့်သတ်ချက် အသစ်တွင် မဖြစ်မနေ လည်ပတ်လုပ်ဆောင်ရမည့် အဓိကထုတ်လုပ်မှုလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း၊ နေ့စဉ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာနှင့် ကုန်ပစ္စည်းပို့ဆောင်မှုလုပ်ငန်းစသည်တို့ ပါဝင်ကြောင်း စပိန် El País သတင်းတွင် ဖော်ပြထားသည်။
မတ် ၁၄ ရက်မှစ၍ စပိန်တွင် တစ်နိုင်ငံလုံး မြို့ပိတ်ထားခြင်း စနစ်ကို ကျင့်သုံးခဲ့ပြီး အလုပ်လုပ်ကိုင်ခြင်း ၊ ဆေးဝါးကုသခြင်းနှင့် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူခြင်းစသည့် အထူးအခြေအနေများမှလွဲ၍ အိမ်ပြင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားကြောင်း သိရသည်။
စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ စပိန်တွင် COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၇၂,၂၄၈ ဦးရှိပြီး သေဆုံးသူ ၅,၆၉၀ ဦးရှိကြောင်း သိရသည်။ (Xinhua)
----------------------------------------
(Zawgyi Version)
သြားလာမႈကန႔္သတ္ခ်က္မ်ားကို ပိုမို တင္းၾကပ္စြာေဆာင္႐ြက္သြားမည္ဟု စပိန္ ဝန္ႀကီးခ်ဳပ္ေျပာၾကား
မက္ဒရစ္၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
COVID-19ေရာဂါျပန႔္ပြားမႈကို ကာကြယ္တားဆီးရန္အတြက္ တစ္ႏိုင္ငံလုံးတြင္ သြားလာမႈ ကန႔္သတ္ခ်က္မ်ားကို ပိုမို တင္းၾကပ္စြာ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အဓိကထုတ္လုပ္မႈလုပ္ငန္းမ်ား၏ ဝန္ထမ္းမ်ားမဟုတ္ပါက အိမ္မွာေနထိုင္ၾကရမည္ျဖစ္ေၾကာင္း စပိန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Pedro Sanchezက မတ္ ၂၈ ရက္တြင္ ေၾကညာခဲ့ေၾကာင္း သိရသည္။
စပိန္ႏိုင္ငံ ဝန္ႀကီးမ်ား အထူးအစည္းအေဝးက်င္းပမည့္ မတ္ ၂၉ ရက္တြင္ ပိုမိုတင္းၾကပ္သည့္ သြားလာမႈကန႔္သတ္ခ်က္မ်ားကို အတည္ျပဳသြားမည္ျဖစ္ေၾကာင္း ၊ မတ္ ၃၀ ရက္ မွ ဧၿပီ ၉ ရက္အတြင္း အဓိကထုတ္လုပ္မႈလုပ္ငန္းမ်ား၏ ဝန္ထမ္းမ်ားမဟုတ္ပါက အျပင္မထြက္ဘဲ အိမ္တြင္းေနၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္သူေလ်ာ့နည္းလာေအာင္ ေဆးကုသမႈဆိုင္ရာ က်န္းမာေရးစနစ္တစ္ခုလုံး မယိုယြင္း ေစေအာင္ ဤကဲ့သို႔ထိန္းခ်ဳပ္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း Pedro Sanchezက ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ ေျပာၾကားခဲ့သည္။
သြားလာမႈကန႔္သတ္ခ်က္ အသစ္တြင္ မျဖစ္မေန လည္ပတ္လုပ္ေဆာင္ရမည့္ အဓိကထုတ္လုပ္မႈလုပ္ငန္းမ်ားတြင္ လယ္ယာစိုက္ပ်ိဳးေရး၊ ငါးလုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္း၊ ေဆးဝါးထုတ္လုပ္မႈလုပ္ငန္း၊ ေန႔စဥ္အသုံးအေဆာင္ပစၥည္းထုတ္လုပ္မႈလုပ္ငန္းဆိုင္ရာႏွင့္ ကုန္ပစၥည္းပို႔ေဆာင္မႈလုပ္ငန္းစသည္တို႔ ပါဝင္ေၾကာင္း စပိန္ El País သတင္းတြင္ ေဖာ္ျပထားသည္။
မတ္ ၁၄ ရက္မွစ၍ စပိန္တြင္ တစ္ႏိုင္ငံလုံး ၿမိဳ႕ပိတ္ထားျခင္း စနစ္ကို က်င့္သုံးခဲ့ၿပီး အလုပ္လုပ္ကိုင္ျခင္း ၊ ေဆးဝါးကုသျခင္းႏွင့္ ေန႔စဥ္သုံးပစၥည္းမ်ား ဝယ္ယူျခင္းစသည့္ အထူးအေျခအေနမ်ားမွလြဲ၍ အိမ္ျပင္ထြက္သြားလာခြင့္ကို ကန႔္သတ္ထားေၾကာင္း သိရသည္။
စပိန္ႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၏ မတ္ ၂၈ ရက္တြင္ ထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားအရ စပိန္တြင္ COVID-19 ေရာဂါအတည္ျပဳလူနာ စုစုေပါင္း ၇၂,၂၄၈ ဦးရွိၿပီး ေသဆုံးသူ ၅,၆၉၀ ဦးရွိေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment