ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

မန္တလေး၊ မတ် ၂၆ ရက်(ဆင်ဟွာ) / မႏၲေလး၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေး
မန္တလေး၊ မတ် ၂၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်သည် ကောင်စစ်ဝန်ရုံးမှအရာရှိများကို ဦးဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းတာဝန်ခံများနှင့်အတူ မတ် ၂၆ ရက်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပညာသင်ကြားလျက်ရှိသော တရုတ်ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ဝဘ်ဆိုက်မှ သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၊ တရုတ်ပညာတော်သင်ကျောင်းသား ကိုယ်စားလှယ်များ၊ကျောင်းတာဝန်ရှိသူများ၊ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းများနှင့်အတူ ရောဂါကာကွယ်တားဆီးမှုအတွက် အပြန်အလှန်ကူညီဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းခဲ့ကြောင်း သိရသည်။
ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့်နိုင်ငံတော်သည် ပညာတော်သင်ကျောင်းသားကျောင်းသူများအား အထူးအလေးထားဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိ တရုတ်နိုင်ငံရောဂါတိုက်ဖျက်ရေးတွင် ရရှိခဲ့သော ရလဒ်များနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအတူ တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အတူတကွရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ပညာသင်ကြားသည့်အခြေအနေ၊ နေထိုင်မှုအခြေအနေနှင့် ရောဂါကာကွယ်ရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများအား မေးမြန်းခဲ့ကြောင်း သိရသည်။
ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်ကျောင်းများအနေဖြင့် တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများအား ဂရုစိုက်စောင့်ရှောက်ပေးသည့်အတွက်ကျေးဇူးတင်ရှိကြောင်း ၊ မိမိတို့အနေဖြင့် တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့်အကူအညီများပေးအပ်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ကျောင်းအနေဖြင့်လည်း ပညာတော်သင်ကျောင်းသားကျောင်းသူများအား ဆက်လက် စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ဆရာဆရာမများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းများအသင်း တာဝန်ခံကိုယ်စားလှယ်ကလည်း တရုတ်ကုန်သည်လုပ်ငန်းရှင်များနှင့် ပညာတော်သင်ကျောင်းသားကျောင်းသူများ ရောဂါကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီရေးအသင်းကို ဖွဲ့စည်းခဲ့ရာ လိုအပ်ချက်များရှိပါက ပညာတော်သင်ကျောင်းသားများအတွက် စားဝတ်နေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သလို အွန်လိုင်း လက်တွေ့ဆင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာသင်ကျောင်းများအတွက်လည်း ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို တတ်နိုင်သ၍ အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူနန် တက္ကသိုလ်၊ ယူနန် ဆရာအတတ်သင်တက္ကသိုလ်၊ ယူနန်တိုင်းရင်းသား တက္ကသိုလ်၊ ကွမ်ရှီးတိုင်းရင်းသား တက္ကသိုလ်စသည့် တက္ကသိုလ် ကျောင်း ၇ ကျောင်းမှ မြန်မာနိုင်ငံသို့လာရောက် ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများကလည်း ကူညီအားပေးစောင့်ရှောက်မှုများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ပညာကို ဆက်လက်ကြိုးစားသင်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္ မစၥတာ ခ်န္းခ်န္က မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္သို႔ သြားေရာက္၍ တ႐ုတ္ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ေတြ႕ဆုံအားေပး
မႏၲေလး၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္ မစၥတာ ခ်န္းခ်န္သည္ ေကာင္စစ္ဝန္႐ုံးမွအရာရွိမ်ားကို ဦးေဆာင္၍ ျမန္မာႏိုင္ငံရွိ တ႐ုတ္ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းတာဝန္ခံမ်ားႏွင့္အတူ မတ္ ၂၆ ရက္က မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္သို႔ သြားေရာက္၍ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသတြင္ ပညာသင္ၾကားလ်က္ရွိေသာ တ႐ုတ္ေက်ာင္းသားေက်ာင္းသူမ်ားအား ေတြ႕ဆုံအားေပးစကားေျပာၾကားခဲ့ေၾကာင္း မႏၲေလးအေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး ဝဘ္ဆိုက္မွ သိရသည္။
ထိုသို႔ ေတြ႕ဆုံရာတြင္ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ႏိုင္ငံေကာင္စစ္ဝန္႐ုံး၊ တ႐ုတ္ပညာေတာ္သင္ေက်ာင္းသား ကိုယ္စားလွယ္မ်ား၊ေက်ာင္းတာဝန္ရွိသူမ်ား၊ တ႐ုတ္ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းမ်ားႏွင့္အတူ ေရာဂါကာကြယ္တားဆီးမႈအတြက္ အျပန္အလွန္ကူညီေဆာင္႐ြက္မႈဆိုင္ရာ ေဆြးေႏြးပြဲက်င္းခဲ့ေၾကာင္း သိရသည္။
ေကာင္စစ္ဝန္ခ်ဳပ္ မစၥတာ ခ်န္းခ်န္က တ႐ုတ္ႏိုင္ငံ ကြန္ျမဴနစ္ပါတီႏွင့္ႏိုင္ငံေတာ္သည္ ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ားအား အထူးအေလးထားဂ႐ုစိုက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
လက္ရွိ တ႐ုတ္ႏိုင္ငံေရာဂါတိုက္ဖ်က္ေရးတြင္ ရရွိခဲ့ေသာ ရလဒ္မ်ားႏွင့္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံအတူ တစ္ေလွတည္းစီးတစ္ခရီးတည္းသြားကာ အတူတကြေရာဂါတိုက္ဖ်က္ေရး ေဆာင္႐ြက္ေနပုံမ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ပညာသင္ၾကားသည့္အေျခအေန၊ ေနထိုင္မႈအေျခအေနႏွင့္ ေရာဂါကာကြယ္ေရးတြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားအား ေမးျမန္းခဲ့ေၾကာင္း သိရသည္။
ေကာင္စစ္ဝန္ခ်ဳပ္ မစၥတာ ခ်န္းခ်န္က ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာနႏွင့္ တကၠသိုလ္ေက်ာင္းမ်ားအေနျဖင့္ တ႐ုတ္ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ားအား ဂ႐ုစိုက္ေစာင့္ေရွာက္ေပးသည့္အတြက္ေက်းဇူးတင္ရွိေၾကာင္း ၊ မိမိတို႔အေနျဖင့္ တကၠသိုလ္ရွိ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ လိုအပ္သည့္အကူအညီမ်ားေပးအပ္သြားလိုေၾကာင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ေရာဂါကာကြယ္ေရးအေထာက္အပံ့ပစၥည္းမ်ား ေပးအပ္လႉဒါန္းသည့္အတြက္ ေက်းဇူးတင္ရွိေၾကာင္း ၊ ေက်ာင္းအေနျဖင့္လည္း ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ားအား ဆက္လက္ ေစာင့္ေရွာက္ေပးမည္ျဖစ္ေၾကာင္း ဆရာဆရာမမ်ားက ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံရွိ တ႐ုတ္ကုန္သည္လုပ္ငန္းမ်ားအသင္း တာဝန္ခံကိုယ္စားလွယ္ကလည္း တ႐ုတ္ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ား ေရာဂါကာကြယ္ေရးဆိုင္ရာ အျပန္အလွန္ကူညီေရးအသင္းကို ဖြဲ႕စည္းခဲ့ရာ လိုအပ္ခ်က္မ်ားရွိပါက ပညာေတာ္သင္ေက်ာင္းသားမ်ားအတြက္ စားဝတ္ေနေရး ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္သလို အြန္လိုင္း လက္ေတြ႕ဆင္းႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ပညာသင္ေက်ာင္းမ်ားအတြက္လည္း ေရာဂါကာကြယ္ေရးဆိုင္ရာ ကူညီေထာက္ပံ့မႈမ်ားကို တတ္ႏိုင္သ၍ အစြမ္းကုန္ ကူညီသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ယူနန္ တကၠသိုလ္၊ ယူနန္ ဆရာအတတ္သင္တကၠသိုလ္၊ ယူနန္တိုင္းရင္းသား တကၠသိုလ္၊ ကြမ္ရွီးတိုင္းရင္းသား တကၠသိုလ္စသည့္ တကၠသိုလ္ ေက်ာင္း ၇ ေက်ာင္းမွ ျမန္မာႏိုင္ငံသို႔လာေရာက္ ပညာသင္ၾကားေနၾကသည့္ ေက်ာင္းသားေက်ာင္းသူမ်ားကလည္း ကူညီအားေပးေစာင့္ေရွာက္မႈမ်ားအား အထူးေက်းဇူးတင္ရွိေၾကာင္းႏွင့္ ပညာကို ဆက္လက္ႀကိဳးစားသင္ယူသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)

No comments:

Post a Comment