ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ကုလသမဂ္ဂ ၊ မတ် ၃၁ ရက် (ဆင်ဟွာ) / ကုလသမဂၢ ၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

အင်အားနည်းသည့် နိုင်ငံ အပေါ် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု က ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ပိုမို ဒုက္ခရောက်စေကြောင်း တရုတ် နိုင်ငံ ပြောကြား
ကုလသမဂ္ဂ ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုသည်အင်အားနည်းနိုင်ငံများ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး စွမ်းရည်ကို ပိုမို ကျဆင်း စေပြီး ဆီးရီယား ကဲ့သို့သော အင်အားနည်း နိုင်ငံများအတွက် ပိုမို ဒုက္ခ ရောက်စေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယင်း တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုများ အပေါ် လွန်စွာ ဂရုပြုမိပြီး သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ဘက်ပေါင်းစုံ မှ ဆီးရီးယား နိုင်ငံအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု များအား ချက်ချင်း ပယ်ဖျက်ရန် တိုက်တွန်းကြောင်း မတ်လ ၃၀ ရက် ၌ ပြောကြား ခဲ့သည်။
ကျန်းကျွင်း က လုံခြုံရေး ကောင်စီ တွင် ဆီးရီးယား အရေး နှင့် ပတ်သက်၍ ပြောကြားရာတွင် လက်ရှိတွင် ဆီးရီးယား နိုင်ငံ ၌ COVID-19 ကူးစက်ခံရမှုသည် အကန့်အသတ် ရှိသော်လည်း ကပ်ရောဂါ ကြောင့် ဆီးရီးယား နိုင်ငံ အပေါ် သက်ရောက်မှု မှာ တစ်နေ့တစ်ခြား ပိုမို စိုးရိမ်ဖွယ် ရှိလာကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆီးရီးယား နိုင်ငံ အား ရောဂါ စစ်ဆေးရေး ကိရိယာ များ ပေးပို့ ခဲ့ပြီး ရှေ့ဆက်၍လည်း ဆီးရီးယား စသည့် နိုင်ငံများ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆီးရီးယားအပေါ် ဘက်ပေါင်းစုံ မှ တစ်ဖတ်သတ် အရေးယူ ပိတ်ဆို့မှု များအား ချက်ချင်း ပယ်ဖျက်ရန် တိုက်တွန်းလိုပြီး တရုတ် နှင့် ရုရှား စသည့် နိုင်ငံ များ က ပူးတွဲလက်မှတ်ရေးထိုး၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ သို့ အကြောင်းကြားစာ ပေးပို့ က သဘောထားအား ရှင်းလင်းစွာ ပြောကြား ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံး မှလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် လူ့အခွင့်အရေး ဆိုင်ရာ အရာရှိများ အား ယခု ကိစ္စရပ် နှင့် ပတ်သက်၍ တိုက်တွန်းစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ကျန်းကျွင်း က တရုတ် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ ပြည်သူလူထု ၏ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်အပေါ် အနီးကပ် ဂရုပြုနေပြီး ဆီးရီးယား နိုင်ငံ တွင် ဘက်စုံ တရားမျှသစွာ ဆောင်ရွက်မှု ပြုလုပ်ရန်လိုအပ်ကြောင်း ၊ လတ်တလောရက်ပိုင်းတွင် ဆီးရီးယား အစိုးရ ၏ လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များသည် တိုးတက်မှု ရရှိခဲ့သည့်အတွက် တရုတ် နိုင်ငံ အနေဖြင့် လွန်စွာ ဝမ်းမြောက် မိပြီး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရုံး အနေဖြင့်လည်း ဆီးရီးယား နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)
---------------------------------------------
(Zawgyi Version)
အင္အားနည္းသည့္ ႏိုင္ငံ အေပၚ တစ္ဖက္သတ္ အေရးယူ ပိတ္ဆို႔မႈ က ကပ္ေရာဂါ တိုက္ဖ်က္ေရးတြင္ ပိုမို ဒုကၡေရာက္ေစေၾကာင္း တ႐ုတ္ ႏိုင္ငံ ေျပာၾကား
ကုလသမဂၢ ၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)
ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အလွည့္က် ဥကၠ႒ ၊ ကုလသမဂၢ ဆိုင္ရာ တ႐ုတ္ ႏိုင္ငံ အၿမဲတမ္း ကိုယ္စားလွယ္ က်န္းကြၽင္း က တစ္ဖက္သတ္ အေရးယူ ပိတ္ဆို႔မႈသည္အင္အားနည္းႏိုင္ငံမ်ား ၏ ကပ္ေရာဂါ တိုက္ဖ်က္ေရး စြမ္းရည္ကို ပိုမို က်ဆင္း ေစၿပီး ဆီးရီယား ကဲ့သို႔ေသာ အင္အားနည္း ႏိုင္ငံမ်ားအတြက္ ပိုမို ဒုကၡ ေရာက္ေစေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ အေနျဖင့္ ယင္း တစ္ဖက္သတ္ အေရးယူ ပိတ္ဆို႔မႈမ်ား အေပၚ လြန္စြာ ဂ႐ုျပဳမိၿပီး သက္ဆိုင္ရာ ႏိုင္ငံမ်ားအေနျဖင့္ ဘက္ေပါင္းစုံ မွ ဆီးရီးယား ႏိုင္ငံအေပၚ တစ္ဖက္သတ္ အေရးယူပိတ္ဆို႔မႈ မ်ားအား ခ်က္ခ်င္း ပယ္ဖ်က္ရန္ တိုက္တြန္းေၾကာင္း မတ္လ ၃၀ ရက္ ၌ ေျပာၾကား ခဲ့သည္။
က်န္းကြၽင္း က လုံၿခဳံေရး ေကာင္စီ တြင္ ဆီးရီးယား အေရး ႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ လက္ရွိတြင္ ဆီးရီးယား ႏိုင္ငံ ၌ COVID-19 ကူးစက္ခံရမႈသည္ အကန႔္အသတ္ ရွိေသာ္လည္း ကပ္ေရာဂါ ေၾကာင့္ ဆီးရီးယား ႏိုင္ငံ အေပၚ သက္ေရာက္မႈ မွာ တစ္ေန႔တစ္ျခား ပိုမို စိုးရိမ္ဖြယ္ ရွိလာေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ အစိုးရ အေနျဖင့္ ဆီးရီးယား ႏိုင္ငံ အား ေရာဂါ စစ္ေဆးေရး ကိရိယာ မ်ား ေပးပို႔ ခဲ့ၿပီး ေရွ႕ဆက္၍လည္း ဆီးရီးယား စသည့္ ႏိုင္ငံမ်ား ကပ္ေရာဂါ တိုက္ဖ်က္ရန္ အတြက္ ကူညီေထာက္ပံ့မႈ မ်ား ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ အေနျဖင့္ ဆီးရီးယားအေပၚ ဘက္ေပါင္းစုံ မွ တစ္ဖတ္သတ္ အေရးယူ ပိတ္ဆို႔မႈ မ်ားအား ခ်က္ခ်င္း ပယ္ဖ်က္ရန္ တိုက္တြန္းလိုၿပီး တ႐ုတ္ ႏွင့္ ႐ုရွား စသည့္ ႏိုင္ငံ မ်ား က ပူးတြဲလက္မွတ္ေရးထိုး၍ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ထံ သို႔ အေၾကာင္းၾကားစာ ေပးပို႔ က သေဘာထားအား ရွင္းလင္းစြာ ေျပာၾကား ခဲ့ေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ အေနျဖင့္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈ႐ုံး မွလည္း ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ႏွင့္ လူ႔အခြင့္အေရး ဆိုင္ရာ အရာရွိမ်ား အား ယခု ကိစၥရပ္ ႏွင့္ ပတ္သက္၍ တိုက္တြန္းေစလိုေၾကာင္း ေျပာၾကား ခဲ့သည္။
ထို႔ျပင္ က်န္းကြၽင္း က တ႐ုတ္ ႏိုင္ငံ အေနျဖင့္ ဆီးရီးယား ႏိုင္ငံ ျပည္သူလူထု ၏ လူသားခ်င္း စာနာေထာက္ထားမႈ လိုအပ္ခ်က္အေပၚ အနီးကပ္ ဂ႐ုျပဳေနၿပီး ဆီးရီးယား ႏိုင္ငံ တြင္ ဘက္စုံ တရားမွ်သစြာ ေဆာင္႐ြက္မႈ ျပဳလုပ္ရန္လိုအပ္ေၾကာင္း ၊ လတ္တေလာရက္ပိုင္းတြင္ ဆီးရီးယား အစိုးရ ၏ လူသားခ်င္း စာနာေထာက္ထားမႈ လုပ္ေဆာင္ခ်က္မ်ားသည္ တိုးတက္မႈ ရရွိခဲ့သည့္အတြက္ တ႐ုတ္ ႏိုင္ငံ အေနျဖင့္ လြန္စြာ ဝမ္းေျမာက္ မိၿပီး ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈ႐ုံး အေနျဖင့္လည္း ဆီးရီးယား ႏိုင္ငံ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ တိုးခ်ဲ႕ ေဆာင္႐ြက္သြားေစလိုေၾကာင္း ေျပာၾကား ခဲ့သည္။ (Xinhua)

No comments:

Post a Comment