ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Thursday, March 26, 2020

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၇ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံအစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မြန်မာနိုင်ငံ အစိုးရထံသို့ ပေးပို့လှူဒါန်း
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် နှာခေါင်းစည်း(Mask)များ ၊ အကာအကွယ်ဝတ်စုံများ နှင့် စမ်းသပ်ကိရိယာများ ပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယ အသုတ် ဆေးပစ္စည်း ကိရိယာများအား မတ် ၂၆ ရက်ည သန်းခေါင်အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ တန်ရှိကြောင်း နှင့် ယခုအကြိမ်မတိုင်မီ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံအစိုးရမွ COVID-19 ေရာဂါတိုက္ဖ်က္ေရး ဆိုင္ရာ ဒုတိယ အသုတ္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ျမန္မာႏိုင္ငံ အစိုးရထံသို႔ ေပးပို႔လႉဒါန္း
ရန္ကုန္ ၊ မတ္ ၂၇ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ အစိုးရမွ COVID-19 ေရာဂါတိုက္ဖ်က္ေရး အတြက္ ႏွာေခါင္းစည္း(Mask)မ်ား ၊ အကာအကြယ္ဝတ္စုံမ်ား ႏွင့္ စမ္းသပ္ကိရိယာမ်ား ေပးပို႔လႉဒါန္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ဒုတိယ အသုတ္ ေဆးပစၥည္း ကိရိယာမ်ားအား မတ္ ၂၆ ရက္ည သန္းေခါင္အခ်ိန္တြင္ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ထပ္မံ ေရာက္ရွိခဲ့ရာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ေဆးသုေတသန ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာေဇာ္သန္းထြန္းထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံသို႔ ေထာက္ပံ့ေပးအပ္သည့္ ယခုအႀကိမ္ ေဆးပစၥည္းကိရိယာမ်ားတြင္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ၅၀၀၀ ၊ N95 ႏွာေခါင္းစည္း ၅၀၀၀ ႏွင့္ တစ္ခါသုံးႏွာေခါင္းစည္း ၂ သိန္းတို႔ပါဝင္ၿပီး စုစုေပါင္း တန္ခ်ိန္ ၂.၄၅ တန္ရွိေၾကာင္း ႏွင့္ ယခုအႀကိမ္မတိုင္မီ တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ COVID-19 ဗိုင္းရပ္စ္ပိုးဓာတ္ခြဲစစ္ေဆးေရးကိရိယာ ၂၀၀၀ ေက်ာ္ႏွင့္ ႏွာေခါင္းစည္း စသည့္ေဆးပစၥည္း ကိရိယာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံ၏ လက္ေတြ႕အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို ေပါင္းစပ္သုံးသပ္၍ ျမန္မာႏိုင္ငံသို႔ အပူခ်ိန္တိုင္းကိရိယာ စသည့္ေဆးပစၥည္းကိရိယာမ်ား ပို႔ေဆာင္သြားရန္ စီစဥ္လ်က္ရွိၿပီး မၾကာမီတြင္ လႊဲေျပာင္း ေပးအပ္မည္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)



No comments:

Post a Comment