ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

ပေကျင်းမြို့ရှိ ဆေးခန်သို့ရောက်လာသော လူနာအားလုံး nucleic acid စမ်းသပ်စစ်ဆေးမှု ခံယူရမည်
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆေးခန်းအားလုံးတွင် ဖျားနာလူနာများအား nucleic acid စမ်းသပ်စစ်ဆေးမှု(NAT) လုပ်ဆောင်သွားရန် ညွှန်ကြားထားကြောင်း ပေကျင်းမြို့တော် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေး ဦးဆောင်အဖွဲ့ထံမှ သိရသည်။
တရုတ်နိုင်ငံတွင် ပြင်ပမှ ဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားမှုအရေအတွက် ဆက်လက်မြင့်တက်နေသောကြောင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ပေကျင်းမြို့သို့ လာရောက်လည်ပတ်သူများအားလုံးအနေဖြင့် အခြားတရုတ်နိုင်ငံ ဆိပ်ကမ်းများမှတစ်ဆင့် ရောက်ရှိလာပြီးနောက် ၁၄ ရက်အတွင်း အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူရန် နှင့် မတ် ၂၅ ရက်မှစတင်ကာ NAT စစ်ဆေးမှု ပြုလုပ်ရန် ပေကျင်းမြို့တော် တာဝန်ရှိသူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပေကျင်းမြို့၌ မတ် ၂၅ ရက်က ပြင်ပမှဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားသော အတည်ပြုလူနာအသစ် ခြောက်ဦးရှိကြောင်း၊ယခုအခါ ပြင်ပမှဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားမှု စုစုပေါင်း ၁၄၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပေကျင်းမြို့တော် ကျန်းမာရေးကော်မရှင်က မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)
…………………………..
(Zawgyi Version)
ေပက်င္းၿမိဳ႕ရွိ ေဆးခန္သို႔ေရာက္လာေသာ လူနာအားလုံး nucleic acid စမ္းသပ္စစ္ေဆးမႈ ခံယူရမည္
ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ရွိ ေဆးခန္းအားလုံးတြင္ ဖ်ားနာလူနာမ်ားအား nucleic acid စမ္းသပ္စစ္ေဆးမႈ(NAT) လုပ္ေဆာင္သြားရန္ ၫႊန္ၾကားထားေၾကာင္း ေပက်င္းၿမိဳ႕ေတာ္ COVID-19 ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး ဦးေဆာင္အဖြဲ႕ထံမွ သိရသည္။
တ႐ုတ္ႏိုင္ငံတြင္ ျပင္ပမွ ဝင္ေရာက္လာသည့္ COVID-19 ျဖစ္ပြားမႈအေရအတြက္ ဆက္လက္ျမင့္တက္ေနေသာေၾကာင့္ ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္လာသူမ်ားႏွင့္ ေပက်င္းၿမိဳ႕သို႔ လာေရာက္လည္ပတ္သူမ်ားအားလုံးအေနျဖင့္ အျခားတ႐ုတ္ႏိုင္ငံ ဆိပ္ကမ္းမ်ားမွတစ္ဆင့္ ေရာက္ရွိလာၿပီးေနာက္ ၁၄ ရက္အတြင္း အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈမႈခံယူရန္ ႏွင့္ မတ္ ၂၅ ရက္မွစတင္ကာ NAT စစ္ေဆးမႈ ျပဳလုပ္ရန္ ေပက်င္းၿမိဳ႕ေတာ္ တာဝန္ရွိသူမ်ားက ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
ေပက်င္းၿမိဳ႕၌ မတ္ ၂၅ ရက္က ျပင္ပမွဝင္ေရာက္လာသည့္ COVID-19 ျဖစ္ပြားေသာ အတည္ျပဳလူနာအသစ္ ေျခာက္ဦးရွိေၾကာင္း၊ယခုအခါ ျပင္ပမွဝင္ေရာက္လာသည့္ COVID-19 ျဖစ္ပြားမႈ စုစုေပါင္း ၁၄၉ ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း ေပက်င္းၿမိဳ႕ေတာ္ က်န္းမာေရးေကာ္မရွင္က မတ္ ၂၆ ရက္တြင္ ေျပာၾကားလိုက္သည္။ (Xinhua)

No comments:

Post a Comment