ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Saturday, March 28, 2020

ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ) / ဖႏြမ္းပင္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား COVID-19 အလျင်အမြန်စမ်းသပ်ကိရိယာ ၂၀,၀၀၀ ထပ်မံလှူဒါန်း
ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန် ဗိုင်းရပ်စ်ပိုး အလျင်အမြန်စမ်းသပ် ကိရိယာ ၂၀,၀၀၀ အား မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံက ထပ်မံလှူဒါန်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပစ္စည်းများ လွှဲပြောင်းခြင်းအခမ်းအနားကို ဖနွမ်းပင်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ဝမ်ဝင်ထျန်းက ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မမ်ဘွန်ဟန် (Mam Bunheng) ထံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၎င်းပစ္စည်းများအား ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“တရုတ်နိုင်ငံက လှူဒါန်းတဲ့ နောက်ထပ် ဆေးဘက်အထောက်အကူပြုပစ္စည်းတွေလဲ မကြာမီရောက်ဖို့ ရှိပါတယ်။ ဒီပစ္စည်းတွေက ကမ္ဘောဒီးယားနိုင်ငံအတွက် COVID-19 ပျံ့နှံ့မှုကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနင့် တုန့်ပြန်ခြင်း ဆောင်ရွက်မှုများ အားကောင်းစေဖို့ အရေးကြီးပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မမ်ဘွန်ဟန်က ပြောခဲ့သည်။
တရုတ်နိုင်ငံက ပြီးခဲ့သည့်သီတင်းပတ်က COVID-19 အတွက် အလျင်အမြန်စမ်းသပ်ပစ္စည်း ၂,၀၁၆ ခုကို ကမ္ဘောဒီးယားနိုင်ငံအား လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုသီတင်းပတ်အစောပိုင်းက ဆေးဘက် အထောက်အကူပြုပစ္စည်းတန်ချိန်များစွာနှင့်အတူ တရုတ်နိုင်ငံမှ ဆရာဝန် ၇ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့လည်း ဗိုင်းရပ်စ်တိုက်ဖျက်ရေးကူညီရန် ဖနွမ်းပင်သို့ ရောက်ရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၀၂ ဦးရှိခဲ့ပြီး ယင်းအနက် ၁၃ ဦးမှာ ပြန်လည်သက်သာလာ၍ ဆေးရုံများမှ ဆင်းခွင့်ရသွားခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၈ ရက်နေ့ ဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………………………
(Zawgyi Version)
တ႐ုတ္ႏိုင္ငံက ကေမာၻဒီးယားႏိုင္ငံအား COVID-19 အလ်င္အျမန္စမ္းသပ္ကိရိယာ ၂၀,၀၀၀ ထပ္မံလႉဒါန္း
ဖႏြမ္းပင္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)
ကေမာၻဒီးယားႏိုင္ငံ၌ COVID-19 တိုက္ဖ်က္ရာတြင္ အကူအညီျဖစ္ေစရန္ ဗိုင္းရပ္စ္ပိုး အလ်င္အျမန္စမ္းသပ္ ကိရိယာ ၂၀,၀၀၀ အား မတ္ ၂၈ ရက္တြင္ တ႐ုတ္ႏိုင္ငံက ထပ္မံလႉဒါန္းခဲ့ေၾကာင္း ကေမာၻဒီးယားႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ပစၥည္းမ်ား လႊဲေျပာင္းျခင္းအခမ္းအနားကို ဖႏြမ္းပင္ၿမိဳ႕ရွိ က်န္းမာေရးဝန္ႀကီးဌာနတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ ဝမ္ဝင္ထ်န္းက ကေမာၻဒီးယားႏိုင္ငံ က်န္းမာေရးဝန္ႀကီး မမ္ဘြန္ဟန္ (Mam Bunheng) ထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
၎ပစၥည္းမ်ားအား ဂ်က္မာေဖာင္ေဒးရွင္းႏွင့္ အလီဘာဘာေဖာင္ေဒးရွင္းက ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံ႐ုံးမွတစ္ဆင့္ လႉဒါန္းခဲ့ျခင္း ျဖစ္သည္။
“တ႐ုတ္ႏိုင္ငံက လႉဒါန္းတဲ့ ေနာက္ထပ္ ေဆးဘက္အေထာက္အကူျပဳပစၥည္းေတြလဲ မၾကာမီေရာက္ဖို႔ ရွိပါတယ္။ ဒီပစၥည္းေတြက ကေမာၻဒီးယားႏိုင္ငံအတြက္ COVID-19 ပ်ံ႕ႏွံ႔မႈကို ကာကြယ္ျခင္း၊ ထိန္းခ်ဳပ္ျခင္းနင့္ တုန႔္ျပန္ျခင္း ေဆာင္႐ြက္မႈမ်ား အားေကာင္းေစဖို႔ အေရးႀကီးပါတယ္” ဟု ကေမာၻဒီးယားႏိုင္ငံ က်န္းမာေရးဝန္ႀကီး မမ္ဘြန္ဟန္က ေျပာခဲ့သည္။
တ႐ုတ္ႏိုင္ငံက ၿပီးခဲ့သည့္သီတင္းပတ္က COVID-19 အတြက္ အလ်င္အျမန္စမ္းသပ္ပစၥည္း ၂,၀၁၆ ခုကို ကေမာၻဒီးယားႏိုင္ငံအား လႉဒါန္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယခုသီတင္းပတ္အေစာပိုင္းက ေဆးဘက္ အေထာက္အကူျပဳပစၥည္းတန္ခ်ိန္မ်ားစြာႏွင့္အတူ တ႐ုတ္ႏိုင္ငံမွ ဆရာဝန္ ၇ ဦးပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕လည္း ဗိုင္းရပ္စ္တိုက္ဖ်က္ေရးကူညီရန္ ဖႏြမ္းပင္သို႔ ေရာက္ရွိခဲ့သည္။
ကေမာၻဒီးယားႏိုင္ငံတြင္ COVID-19 ကူးစက္ခံရသူ စုစုေပါင္း ၁၀၂ ဦးရွိခဲ့ၿပီး ယင္းအနက္ ၁၃ ဦးမွာ ျပန္လည္သက္သာလာ၍ ေဆး႐ုံမ်ားမွ ဆင္းခြင့္ရသြားခဲ့ေၾကာင္း ကေမာၻဒီးယားႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၏ မတ္လ ၂၈ ရက္ေန႔ ေဖာ္ျပခ်က္အရ သိရသည္။ (Xinhua)

No comments:

Post a Comment