ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Thursday, March 26, 2020

မော်စကို၊ မတ် ၂၆ ရက်(ဆင်ဟွာ) / ေမာ္စကို၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

COVID-19ရောဂါ ကာကွယ်တားဆီးရန် တစ်နိုင်ငံလုံး ရုံး ၉ ရက် ပိတ်မည်ဟု ရုရှားသမ္မတ ပူတင် ကြေညာ
မော်စကို၊ မတ် ၂၆ ရက်(ဆင်ဟွာ)
COVID-19ရောဂါ ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်အထိ တစ်နိုင်ငံလုံးရှိ ရုံးများကို ပိတ်ထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၂၅ ရက်တွင် ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောကြားကြေညာခဲ့သည်။
လက်ရှိ အရေးကြီးဆုံးသည် ရောဂါ ပြန့်ပွားမှုမများပြားစေရန် ကာကွယ်တားဆီးရန်သာဖြစ်ကြောင်း သမ္မတ ပူတင်က ဆိုသည်။“ရုရှားတစ်နိုင်ငံလုံး ပြည်သူတွေက အစိုးရနဲ့ ဆရာဝန်များရဲ့အကြုံပြုချက် ကို လေးစားလိုက်နာကြပါ။ မိမိနဲ့မိမိရဲ့မိသားစုကို ကာကွယ်ဖို့ဆိုရင် အိမ်မှာ နေတာက အလုံခြုံဆုံးပါ။ ”ဟု သမ္မတပူတင်က တိုက်တွန်းပြောကြားခဲ့သည်။
ပြည်သူများ၏စည်းလုံးညီညွတ်စွာဖြင့် လက်ရှိရှုပ်ထွေးသည့်အခြေအနေနှင့် အစိုးရ၏ လိုအပ်သည့် ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက်မှုများကို နားလည်ကြရန်၊ စည်းလုံးမှုနှင့် ကူညီရိုင်းပင်းမှုကသာ ရောဂါကပ်ဘေး စိန်ခေါ်မှုကို အနိုင်ရ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် လူမှုအသိုက်အဝန်းအသီးသီး၏ ကြိုးပမ်းမှုကြောင့် လက်ရှိ ရုရှားနိုင်ငံနိုင်ငံ၌ COVID-19 ရောဂါပြန့်ပွားမှုမများပြားစေရန် အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး “ကျန်းမာရေးဝန်ထမ်းတွေက နိုင်ငံကို ကာကွယ်ဖို့ ရှေ့တန်းက ရပ်တည်နေကြတယ်။ ကိုယ်ကျိုးစွန့်ပေးဆပ်လိုတဲ့စိတ်ဓာတ်က လေးစားထိုက်တယ်။”ဟု သမ္မတ ပူတင်က ဆိုသည်။
ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဂိုလီကိုဗာ(Golikova)၏ မတ် ၂၅ ရက်က ပြောကြားချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်းတွင် ရုရှားနိုင်ငံ၌ COVID-19ရောဂါ အတည်ပြုလူနာသည် ၄၉၅ ဦးမှ ၆၅၈ဦးအထိ တိုးလာပြီး ကုသပျောက်ကင်းသွားသူ စုစုပေါင်း ၂၉ ဦးရှိကြောင်း သိရသည်။
ရုရှားနိုင်ငံသည် မတ် ၁၈ ရက်မှစ၍ နိုင်ငံခြားသာပြည်ဝခွင့်ကို ယာယီ ကန့်သတ်ခဲ့သည်။ ပြီးခဲ့သောရက်က ဝန်ကြီးချုပ် မက်ခိုင်ရယ် မစ်ရှက်စတင် (Mikhail Mishustin)ဦးဆောင်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး ညှိနှိုင်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)
--------------------------------------------------
(Zawgyi Version)
COVID-19ေရာဂါ ကာကြယ္တားဆီးရန္ တစ္ႏိုင္ငံလုံး ႐ုံး ၉ ရက္ ပိတ္မည္ဟု ႐ုရွားသမၼတ ပူတင္ ေၾကညာ
ေမာ္စကို၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
COVID-19ေရာဂါ ျပန႔္ပြားမႈကို ကာကြယ္တားဆီးရန္အတြက္ မတ္ ၂၈ ရက္မွ ဧၿပီ ၅ ရက္အထိ တစ္ႏိုင္ငံလုံးရွိ ႐ုံးမ်ားကို ပိတ္ထားမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံ သမၼတ ပူတင္က မတ္ ၂၅ ရက္တြင္ ႐ုပ္ျမင္သံၾကားမွတဆင့္ မိန႔္ခြန္းေျပာၾကားေၾကညာခဲ့သည္။
လက္ရွိ အေရးႀကီးဆုံးသည္ ေရာဂါ ျပန႔္ပြားမႈမမ်ားျပားေစရန္ ကာကြယ္တားဆီးရန္သာျဖစ္ေၾကာင္း သမၼတ ပူတင္က ဆိုသည္။“႐ုရွားတစ္ႏိုင္ငံလုံး ျပည္သူေတြက အစိုးရနဲ႔ ဆရာဝန္မ်ားရဲ႕အႀကဳံျပဳခ်က္ ကို ေလးစားလိုက္နာၾကပါ။ မိမိနဲ႔မိမိရဲ႕မိသားစုကို ကာကြယ္ဖို႔ဆိုရင္ အိမ္မွာ ေနတာက အလုံၿခဳံဆုံးပါ။ ”ဟု သမၼတပူတင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ျပည္သူမ်ား၏စည္းလုံးညီၫြတ္စြာျဖင့္ လက္ရွိရႈပ္ေထြးသည့္အေျခအေနႏွင့္ အစိုးရ၏ လိုအပ္သည့္ ေရာဂါကာကြယ္တားဆီးေရး ေဆာင္႐ြက္မႈမ်ားကို နားလည္ၾကရန္၊ စည္းလုံးမႈႏွင့္ ကူညီ႐ိုင္းပင္းမႈကသာ ေရာဂါကပ္ေဘး စိန္ေခၚမႈကို အႏိုင္ရ ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
အစိုးရႏွင့္ လူမႈအသိုက္အဝန္းအသီးသီး၏ ႀကိဳးပမ္းမႈေၾကာင့္ လက္ရွိ ႐ုရွားႏိုင္ငံႏိုင္ငံ၌ COVID-19 ေရာဂါျပန႔္ပြားမႈမမ်ားျပားေစရန္ ေအာင္ျမင္စြာ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေၾကာင္း ၎ကဆိုသည္။
ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ ေရွ႕တန္းက တာဝန္ထမ္းေဆာင္ေနၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားကို ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ၿပီး “က်န္းမာေရးဝန္ထမ္းေတြက ႏိုင္ငံကို ကာကြယ္ဖို႔ ေရွ႕တန္းက ရပ္တည္ေနၾကတယ္။ ကိုယ္က်ိဳးစြန႔္ေပးဆပ္လိုတဲ့စိတ္ဓာတ္က ေလးစားထိုက္တယ္။”ဟု သမၼတ ပူတင္က ဆိုသည္။
႐ုရွားႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ ဂိုလီကိုဗာ(Golikova)၏ မတ္ ၂၅ ရက္က ေျပာၾကားခ်က္အရ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္းတြင္ ႐ုရွားႏိုင္ငံ၌ COVID-19ေရာဂါ အတည္ျပဳလူနာသည္ ၄၉၅ ဦးမွ ၆၅၈ဦးအထိ တိုးလာၿပီး ကုသေပ်ာက္ကင္းသြားသူ စုစုေပါင္း ၂၉ ဦးရွိေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံသည္ မတ္ ၁၈ ရက္မွစ၍ ႏိုင္ငံျခားသာျပည္ဝခြင့္ကို ယာယီ ကန႔္သတ္ခဲ့သည္။ ၿပီးခဲ့ေသာရက္က ဝန္ႀကီးခ်ဳပ္ မက္ခိုင္ရယ္ မစ္ရွက္စတင္ (Mikhail Mishustin)ဦးေဆာင္သည့္ COVID-19 ေရာဂါတိုက္ဖ်က္ေရး ညႇိႏႈိင္းေကာ္မတီကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။(Xinhua)

No comments:

Post a Comment