ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

စင်ကာပူ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) / စင္ကာပူ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

စင်ကာပူ နိုင်ငံ၌ COVID-19 ရောဂါဖြင့် လူနာတစ်ဦး ထပ်မံသေဆုံး
စင်ကာပူ ၊ မတ် ၂၉ ရက်(ဆင်ဟွာ)
စင်ကာပူ နိုင်ငံ၌ COVID-19 ရောဂါကြောင့် ယနေ့ မတ် ၂၉ ရက်တွင် သေဆုံးသူ တစ်ဦးရှိကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် နှင့် ဆက်စပ်၍ သေဆုံးသူ စုစုပေါင်း သုံးဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ယခု သုံးဦးမြောက် သေဆုံးသွားသူသည် အသက် ၇၀ အရွယ် စင်ကာပူ နိုင်ငံသား အမျိုးသား တစ်ဦး ဖြစ်ပြီး ၎င်းသည် လတ်တလောကာလတွင်း ရောဂါ ကူးစက်မှု ဖြစ်ပွားသော နိုင်ငံနှင့်ဒေသများသို့ ခရီးသွားရောက်ခဲ့ခြင်း မရှိဘဲ သွေးတိုးရောဂါ နှင့် hyperlipidaemia ရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရသည်။
ယင်းလူနာသည် ဖေဖော်ဝါရီ ၂၉ ရက်တွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံသို့ တက်ရောက်ခဲ့ပြီး မတ် ၂ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် ရောဂါဝေဒနာပြင်းထန်စွာ ခံစားခဲ့ရပြီး ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ၂၇ ရက်အကြာ ဆေးကုသမှု ခံယူပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံ၌ မတ် ၂၁ ရက်တွင် COVID-19 ရောဂါဖြင့် လူ နှစ်ဦး ပထမဆုံး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့သည် စင်ကာပူ နိုင်ငံသား တစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
နှစ်ဦးစလုံးမှာ အသက်အရွယ် ကြီးရင့်နေကြသူများ ဖြစ်ပြီး စင်ကာပူ နိုင်ငံသူ အမျိုးသမီးကြီးမှာ အသက် ၇၅ နှစ်အရွယ်ရှိကြောင်း ၎င်းသည် နှလုံးရောဂါ နှင့် သွေးတိုးရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရသည်။
အသက် ၆၄ နှစ် အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား အမျိုးသား တစ်ဦးမှာ မတ် ၁၃ ရက်တွင် အင်ဒိုနီးရှား နိုင်ငံမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နောက်တစ်ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ဟု အတည်ပြုခြင်း ခံခဲ့ရသူဖြစ်သည်။
စင်ကာပူနိုင်ငံ၌ ဇန်နဝါရီ ၁၃ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု ပထမဆုံး ကြေညာခဲ့ကြောင်း ၊ မတ် ၂၈ ရက် နေ့လည်ပိုင်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူ လူနာသစ် ၇၀ ဦး ရှိခဲ့ကြောင်း ၊ နိုင်ငံအတွင်း၌ အတည်ပြု လူနာ စုစုပေါင်း ၈၀၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
-------------------------
(Zawgyi Version)
စင္ကာပူ ႏိုင္ငံ၌ COVID-19 ေရာဂါျဖင့္ လူနာတစ္ဦး ထပ္မံေသဆုံး
စင္ကာပူ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
စင္ကာပူ ႏိုင္ငံ၌ COVID-19 ေရာဂါေၾကာင့္ ယေန႔ မတ္ ၂၉ ရက္တြင္ ေသဆုံးသူ တစ္ဦးရွိေၾကာင္း စင္ကာပူႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ႏွင့္ ဆက္စပ္၍ ေသဆုံးသူ စုစုေပါင္း သုံးဦးအထိ ရွိလာခဲ့ေၾကာင္း သိရသည္။
ယခု သုံးဦးေျမာက္ ေသဆုံးသြားသူသည္ အသက္ ၇၀ အ႐ြယ္ စင္ကာပူ ႏိုင္ငံသား အမ်ိဳးသား တစ္ဦး ျဖစ္ၿပီး ၎သည္ လတ္တေလာကာလတြင္း ေရာဂါ ကူးစက္မႈ ျဖစ္ပြားေသာ ႏိုင္ငံႏွင့္ေဒသမ်ားသို႔ ခရီးသြားေရာက္ခဲ့ျခင္း မရွိဘဲ ေသြးတိုးေရာဂါ ႏွင့္ hyperlipidaemia ေရာဂါ အခံရွိသူ ျဖစ္ေၾကာင္း သိရသည္။
ယင္းလူနာသည္ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ စင္ကာပူ အေထြေထြေရာဂါကု ေဆး႐ုံသို႔ တက္ေရာက္ခဲ့ၿပီး မတ္ ၂ ရက္တြင္ COVID-19 ေရာဂါ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ့သည္။ ၎သည္ ေရာဂါေဝဒနာျပင္းထန္စြာ ခံစားခဲ့ရၿပီး ေဆး႐ုံရွိ အထူးၾကပ္မတ္ကုသေဆာင္(ICU)၌ ၂၇ ရက္အၾကာ ေဆးကုသမႈ ခံယူၿပီးေနာက္ ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။
စင္ကာပူႏိုင္ငံ၌ မတ္ ၂၁ ရက္တြင္ COVID-19 ေရာဂါျဖင့္ လူ ႏွစ္ဦး ပထမဆုံး ေသဆုံးမႈ ျဖစ္ေပၚခဲ့ၿပီး ၎တို႔သည္ စင္ကာပူ ႏိုင္ငံသား တစ္ဦး ႏွင့္ အင္ဒိုနီးရွားႏိုင္ငံသား တစ္ဦး ျဖစ္ေၾကာင္း သိရသည္။
ႏွစ္ဦးစလုံးမွာ အသက္အ႐ြယ္ ႀကီးရင့္ေနၾကသူမ်ား ျဖစ္ၿပီး စင္ကာပူ ႏိုင္ငံသူ အမ်ိဳးသမီးႀကီးမွာ အသက္ ၇၅ ႏွစ္အ႐ြယ္ရွိေၾကာင္း ၎သည္ ႏွလုံးေရာဂါ ႏွင့္ ေသြးတိုးေရာဂါ အခံရွိသူ ျဖစ္ေၾကာင္း သိရသည္။
အသက္ ၆၄ ႏွစ္ အ႐ြယ္ရွိ အင္ဒိုနီးရွား ႏိုင္ငံသား အမ်ိဳးသား တစ္ဦးမွာ မတ္ ၁၃ ရက္တြင္ အင္ဒိုနီးရွား ႏိုင္ငံမွ စင္ကာပူႏိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီး ေနာက္တစ္ရက္တြင္ COVID-19 ေရာဂါ ကူးစက္ခံထားရသည္ဟု အတည္ျပဳျခင္း ခံခဲ့ရသူျဖစ္သည္။
စင္ကာပူႏိုင္ငံ၌ ဇန္နဝါရီ ၁၃ ရက္တြင္ COVID-19 ေရာဂါ ျဖစ္ပြားမႈ ပထမဆုံး ေၾကညာခဲ့ေၾကာင္း ၊ မတ္ ၂၈ ရက္ ေန႔လည္ပိုင္းတြင္ COVID-19 ေရာဂါ ျဖစ္ပြားသူ လူနာသစ္ ၇၀ ဦး ရွိခဲ့ေၾကာင္း ၊ ႏိုင္ငံအတြင္း၌ အတည္ျပဳ လူနာ စုစုေပါင္း ၈၀၂ ဦးထိ ရွိလာခဲ့ေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment