ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်းထုတ်ပြန်
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်ကြောင်း ပြည်သူသို့ တင်ပြချက်ကို မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ယနေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
COVID - 19 ဗိုင်းရပ်စ်ရောဂါဖြင့် အိမ်မွေးနှင့် အခြားတိရစ္ဆာန်များတွင် နာမကျန်းဖြစ်ခြင်းအတွက် မည်သည့် သတင်းပေးပို့မှုမျိုးမှ မရှိကြောင်း၊ လက်ရှိ အချိန်အထိ COVID - 19 ဗိုင်းရပ်စ်ရောဂါသည် လူအချင်းချင်းကူးစက်ပြီး ရောဂါဖြစ် သည်ကို တွေ့ရှိရကြောင်း၊ သို့သော်လည်း တစ်ခါတစ်ရံ တိရစ္ဆာန်နှင့် လူသားများ အကြား အပြန်အလှန်ရောဂါကူးစက် ဖြစ်ပွားတတ်သောကြောင့် COVID-19 ဗိုင်းရပ်စ်ရောဂါဖြင့် နာမကျန်း လူများကို တိရစ္ဆာန်၊ လူထုနှင့် ထိတွေ့ခြင်း မပြုလုပ်ရန် သတိပြုသင့်ကြောင်း ထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။
တိရစ္ဆာန်နှင့် ထိတွေ့ကိုင်တွယ်စဉ်နှင့် မွေးမြူသူများတွင် အခြေခံအားဖြင့် တိရစ္ဆာန် နှင့် မထိတွေ့ခင်နှင့် ထိတွေ့ပြီးချိန်၊ တိရစ္ဆာန် အစာများနှင့်ထိတွေ့ပြီးချိန်၊ အစာကျွေးမွေးချိန်မတိုင်နှင့် အစာကျွေးပြီးချိန်တွင် လက်ဆေးခြင်း၊ တိရစ္ဆာန်များကို အနမ်းပေး ခြင်း မပြုလုပ်ရန်၊ တိရစ္ဆာန်မှ လျှာဖြင့်လျက် ခြင်းကို မခံရန်နှင့် အစာကို မျှဝေစားခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အရေးကြီး ကြောင်း သိရသည်။
ဖြစ်နိုင်ပါက ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထိတွေ့ခြင်း၊ မိသားစုဝင်များ၊ အခြားသော လူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း မပြု လုပ်ရန် ဂရုပြုရမည်ကြောင်း နှင့် ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ဖြစ်နိုင်ပါက face mask တပ်ပြီးမှ သာ ၎င်းတို့၏ တိရစ္ဆာန်ကို ကြည့်ရှုစောင့် ရှောက်ခြင်းကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အနေ ဖြင့် အာရှဒေသတွင်းနှင့် ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ OIE ကိုယ်စားလှယ်တာဝန်ရှိသူများ၊ အမျိုးသားအဆင့် တိရစ္ဆာန်ဆေးကုဌာနမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နောက်ဆုံးရသတင်းများကို အပြန်အလှန် မျှဝေခြင်းတို့ကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
COVID-19 လူနှင့် တိရစ္ဆာန် များအကြားတွင် အပြန်အလှန် ကူးစက်မှု ကို ကာကွယ်ရန် One Health (တစ်ခုတည်း သော ကျန်းမာရေး) ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကာကွယ်သွားကြရန် လိုအပ်ကြောင်း ပြည်သူသို့ တင်ပြလိုက်ပါသည် ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)
-------------------------------------
(Zawgyi Version)
လူႏွင့္ တိရစာၦန္အၾကား COVID-19 အျပန္အလွန္ ကူးစက္မႈမျဖစ္ေစရန္အတြက္ အထူးသတိျပဳရန္လိုအပ္ေၾကာင္းထုတ္ျပန္
ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
လူႏွင့္ တိရစာၦန္အၾကား COVID-19 အျပန္အလွန္ ကူးစက္မႈမျဖစ္ေစရန္အတြက္ အထူးသတိျပဳရန္လိုအပ္ေၾကာင္း၊ အိမ္ေမြးတိရစာၦန္ပိုင္ရွင္မ်ားအေနျဖင့္ မည္သို႔ ႀကိဳတင္ကာကြယ္သင့္ေၾကာင္း ျပည္သူသို႔ တင္ျပခ်က္ကို ေမြးျမဴေရး ႏွင့္ ကုသေရးဦးစီးဌာနက ယေန႔ မတ္ ၂၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
COVID - 19 ဗိုင္းရပ္စ္ေရာဂါျဖင့္ အိမ္ေမြးႏွင့္ အျခားတိရစာၦန္မ်ားတြင္ နာမက်န္းျဖစ္ျခင္းအတြက္ မည္သည့္ သတင္းေပးပို႔မႈမ်ိဳးမွ မရွိေၾကာင္း၊ လက္ရွိ အခ်ိန္အထိ COVID - 19 ဗိုင္းရပ္စ္ေရာဂါသည္ လူအခ်င္းခ်င္းကူးစက္ၿပီး ေရာဂါျဖစ္ သည္ကို ေတြ႕ရွိရေၾကာင္း၊ သို႔ေသာ္လည္း တစ္ခါတစ္ရံ တိရစာၦန္ႏွင့္ လူသားမ်ား အၾကား အျပန္အလွန္ေရာဂါကူးစက္ ျဖစ္ပြားတတ္ေသာေၾကာင့္ COVID-19 ဗိုင္းရပ္စ္ေရာဂါျဖင့္ နာမက်န္း လူမ်ားကို တိရစာၦန္၊ လူထုႏွင့္ ထိေတြ႕ျခင္း မျပဳလုပ္ရန္ သတိျပဳသင့္ေၾကာင္း ထုတ္ျပန္ခ်က္ထဲ တြင္ ပါရွိသည္။
တိရစာၦန္ႏွင့္ ထိေတြ႕ကိုင္တြယ္စဥ္ႏွင့္ ေမြးျမဴသူမ်ားတြင္ အေျခခံအားျဖင့္ တိရစာၦန္ ႏွင့္ မထိေတြ႕ခင္ႏွင့္ ထိေတြ႕ၿပီးခ်ိန္၊ တိရစာၦန္ အစာမ်ားႏွင့္ထိေတြ႕ၿပီးခ်ိန္၊ အစာေကြၽးေမြးခ်ိန္မတိုင္ႏွင့္ အစာေကြၽးၿပီးခ်ိန္တြင္ လက္ေဆးျခင္း၊ တိရစာၦန္မ်ားကို အနမ္းေပး ျခင္း မျပဳလုပ္ရန္၊ တိရစာၦန္မွ လွ်ာျဖင့္လ်က္ ျခင္းကို မခံရန္ႏွင့္ အစာကို မွ်ေဝစားျခင္းတို႔ကို ေရွာင္ၾကဥ္ရန္လည္း အေရးႀကီး ေၾကာင္း သိရသည္။
ျဖစ္ႏိုင္ပါက ဖ်ားနာသူ သို႔မဟုတ္ COVID-19 ဗိုင္းရပ္စ္ေရာဂါ သံသယရွိသူမ်ား အေနျဖင့္ ၎တို႔၏ အိမ္ေမြးတိရစာၦန္မ်ားကို ထိေတြ႕ျခင္း၊ မိသားစုဝင္မ်ား၊ အျခားေသာ လူမ်ား၊ တိရစာၦန္မ်ားႏွင့္ ထိေတြ႕ျခင္း မျပဳ လုပ္ရန္ ဂ႐ုျပဳရမည္ေၾကာင္း ႏွင့္ ဖ်ားနာသူ သို႔မဟုတ္ COVID-19 ဗိုင္းရပ္စ္ေရာဂါ သံသယရွိသူမ်ား အေနျဖင့္ ျဖစ္ႏိုင္ပါက face mask တပ္ၿပီးမွ သာ ၎တို႔၏ တိရစာၦန္ကို ၾကည့္ရႈေစာင့္ ေရွာက္ျခင္းကို ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။
ကမာၻ႔တိရစာၦန္က်န္းမာေရး အဖြဲ႕အေန ျဖင့္ အာရွေဒသတြင္းႏွင့္ ပစိဖိတ္ေဒသမွ ကိုယ္စားလွယ္မ်ား၊ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံမွ OIE ကိုယ္စားလွယ္တာဝန္ရွိသူမ်ား၊ အမ်ိဳးသားအဆင့္ တိရစာၦန္ေဆးကုဌာနမွ တာဝန္ရွိသူ ကိုယ္စားလွယ္မ်ား၊ ကမာၻ႔ တိရစာၦန္ က်န္းမာေရးအဖြဲ႕၏ ေတာ႐ိုင္း တိရစာၦန္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕၊ ကမာၻ႔စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရး အဖြဲ႕၊ ကမာၻ႔ က်န္းမာေရးအဖြဲ႕တို႔ႏွင့္ ပူးေပါင္း၍ ေနာက္ဆုံးရသတင္းမ်ားကို အျပန္အလွန္ မွ်ေဝျခင္းတို႔ကို ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။
COVID-19 လူႏွင့္ တိရစာၦန္ မ်ားအၾကားတြင္ အျပန္အလွန္ ကူးစက္မႈ ကို ကာကြယ္ရန္ One Health (တစ္ခုတည္း ေသာ က်န္းမာေရး) ျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ဝိုင္းဝန္းကာကြယ္သြားၾကရန္ လိုအပ္ေၾကာင္း ျပည္သူသို႔ တင္ျပလိုက္ပါသည္ ဟု ထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။ (Xinhua)

No comments:

Post a Comment