ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၃၁ ရက်(ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၁ ရက္(ဆင္ဟြာ)

COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲတွင် ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ICBC ရန်ကုန် ဘဏ်ခွဲတို့မှ ဖိတ်ခေါ်လျက်ရှိ
ရန်ကုန်၊ မတ် ၃၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ICBC ရန်ကုန်ဘဏ်ခွဲမှ မတ် ၃၁ရက် မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပမည့် ICBCYANGON ဝီချက် အွန်လိုင်းမှတစ်ဆင့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲတွင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ဝန်ထမ်းများ၊ တရုတ်ပညာတော်သင်များနှင့် လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးမှ တရုတ်အမျိုးသားများ ပါဝင်တက်ရောက်ရန်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ICBC ရန်ကုန်ဘဏ်ခွဲတို့ မှ ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။
ယခုရက်ပိုင်းများအတွင်း မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြုလူနာများတွေ့ရှိခဲ့ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများမှာ နေ့စဉ်နှင့်အမျှအရေးတကြီးလိုအပ်လာသဖြင့် ရောဂါဘေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် ဗိုင်းရပ်စ်ပိုးမွှား၏သဘောသဘာဝ၊ကူးစက်ပြန့်ပွါးပုံကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများသည် ရောဂါကာကွယ်ထိန်းချုပ်ရေး၏ အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ICBCရန်ကုန် ဘဏ်ခွဲ တို့မှ ပူးပေါင်း၍ ကူမင်းဆေးတက္ကသိုလ် အမှတ် ၁ ဆေးရုံးအုပ်ကြီး ပါမောက္ခ ဝမ်ခွန်းဟွာအား ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါမောက္ခ ဝမ်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့၏ ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ဖူးရာ ရောဂါကာကွယ်ကုသရေးဆိုင်ရာ အတွေ့အကြုံပြည့်စုံသည့် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)
-------------------------------------------------
(Zawgyi Version)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ အသိပညာေပး အြန္လိုင္း ေဟာေျပာပြဲတြင္ ပါဝင္ရန္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးႏွင့္ ICBC ရန္ကုန္ ဘဏ္ခြဲတို႔မွ ဖိတ္ေခၚလ်က္ရွိ
ရန္ကုန္၊ မတ္ ၃၁ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ၏ ICBC ရန္ကုန္ဘဏ္ခြဲမွ မတ္ ၃၁ရက္ မြန္းလြဲ ၁၃:၃၀ နာရီတြင္ က်င္းပမည့္ ICBCYANGON ဝီခ်က္ အြန္လိုင္းမွတစ္ဆင့္ COVID-19ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ အသိပညာေပး အြန္လိုင္း ေဟာေျပာပြဲတြင္ ျမန္မာႏိုင္ငံရွိ တ႐ုတ္ကုမၸဏီလုပ္ငန္းမ်ား၏ဝန္ထမ္းမ်ား၊ တ႐ုတ္ပညာေတာ္သင္မ်ားႏွင့္ လူမႈအသိုက္အဝန္းနယ္ပယ္အသီးသီးမွ တ႐ုတ္အမ်ိဳးသားမ်ား ပါဝင္တက္ေရာက္ရန္ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးႏွင့္ ICBC ရန္ကုန္ဘဏ္ခြဲတို႔ မွ ဖိတ္ေခၚလ်က္ရွိေၾကာင္းသိရသည္။
ယခုရက္ပိုင္းမ်ားအတြင္း ျမန္မာႏိုင္ငံ၌ COVID-19ေရာဂါအတည္ျပဳလူနာမ်ားေတြ႕ရွိခဲ့ရာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားမွာ ေန႔စဥ္ႏွင့္အမွ်အေရးတႀကီးလိုအပ္လာသျဖင့္ ေရာဂါေဘးအႏၲရာယ္ကို ရင္ဆိုင္ရာတြင္ ဗိုင္းရပ္စ္ပိုးမႊား၏သေဘာသဘာဝ၊ကူးစက္ျပန္႔ပြါးပုံကို သိရွိေစရန္ႏွင့္ ႀကိဳတင္ကာကြယ္ရန္ နည္းလမ္းမ်ားသည္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး၏ အေရးႀကီးကိစၥရပ္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးႏွင့္ တ႐ုတ္ႏိုင္ငံ ICBCရန္ကုန္ ဘဏ္ခြဲ တို႔မွ ပူးေပါင္း၍ ကူမင္းေဆးတကၠသိုလ္ အမွတ္ ၁ ေဆး႐ုံးအုပ္ႀကီး ပါေမာကၡ ဝမ္ခြန္းဟြာအား ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ အသိပညာေပး အြန္လိုင္း ေဟာေျပာပြဲ ျပဳလုပ္ရန္ ဖိတ္ေခၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပါေမာကၡ ဝမ္သည္ တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္ ဝူဟန္႔ၿမိဳ႕၏ ေရာဂါတိုက္ဖ်က္ေရးတြင္ ပါဝင္ေဆာင္႐ြက္ဖူးရာ ေရာဂါကာကြယ္ကုသေရးဆိုင္ရာ အေတြ႕အႀကဳံျပည့္စုံသည့္ ေဆးဘက္ဆိုင္ရာပညာရွင္တစ္ဦးျဖစ္ေၾကာင္း သိရသည္။(Xinhua)
Image may contain: 1 person, eyeglasses and closeup

No comments:

Post a Comment