ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 23, 2013

Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်

ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် SamsungGalaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။

Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။

Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။
 
Ref : http://www.myanmarinternetjournal.com

No comments:

Post a Comment