ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 30, 2013

ဝက်ခြေထောက်စွတ်ပြုတ်




ဒီ ၀က်ခြေထောက်စွတ်ပြုတ် ဟင်းချိုကို တင်မယ်တင်မယ်နဲ့ ခုမှပဲ
တင်ဖြစ်တော့တယ်… ၀တ်ရည်ကတော့ Slow Cooker နဲ့ချက်လိုက်တာ တော်တော်လည်း
နူးအိစားလို့ အရမ်းကောင်းတာမို့ အိမ်မှာ ချက်စားချင်သူတွေ အတွက်
ချက်နည်းလေးပါ မျှဝေပေးလိုက်တယ်နော်..

ပါဝင်သောပစ္စည်းများ
၁။ ၀က်ခြေထောက် – ၄၀ကျပ်သား (၁လက်မခန့် အတုံးများ တုံးပေးပါ)
၂။ ဂျင်း – စားပွဲတင်ဇွန်း တ၀က်ခန့် (မညက်တညက် ထောင်းပေးပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (မညက်တညက် ထောင်းပေးပါ)
၎။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၆။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ ရေ – ၁လီတာ
၉။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၁၁။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ရိုးရိုးချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်ခြေထောက်တုံးများကို ရေဖြင့် သန့်စင်လိုက်ပါ။
၂။ ပြီမှ ၀က်ခြေထောက်ကို ဂျင်း၊ ကြက်သွန်ဖြူ တို့ဖြင့် ရောနုယ်လိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ရေ ၁လီတာထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပေးပါ။
၎။ ပြီးလျှင် ရောနယ်ထားသော ၀က်ခြေထောက်များကို ထည့်ပါ။
၅။ အရသာအပေါ့အငံ့အတွက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို
ထည့်ပြီ မွှေပေးပါ။
၆။ အဖုံးအုပ်ပြီ ၀က်ခြေထောက်နူးအိသည်အထိ တည်ထားပေးပါ။
ရ။ ၁၀မိနစ်ခြားတစ်ခါ အဖုံးဖွင့်ပြီ ရေခန်းသွားလျှင် ရေလိုအပ်သလောက် ထပ်ဖြည့်ပေးပါ။



၈။ ၀က်ခြေထောက်များ နူးအိပြီ ဆိုလျှင် ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊
ကြက်သွန်မြိတ်တို့ကို ဖြူးပေးပြီ အရသာကောင်းမွန်သော
ဝက်ခြေထောက်စွတ်ပြုတ်ဟင်းချိုကိ
ု သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ SlowCooker နဲ့ချက်ချင်ပါက ကြက်သွန်မြိတ်မှအပါ
ကျန်ပါဝင်ပစ္စည်းများကို SlowCooker ထဲထည့်ပြီ ၂နာရီကြာတည်ထားပေးပါ။ ပြီမှ
အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူး၍ အလွန်နူးအိပြီ စားလို့ကောင်းသော
ဝက်ခြေထောက်ဟင်းချိုကို ရရှိပါလိမ့်မည်။

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment