ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 30, 2013

အိမ်လုပ် ပဲပြုတ်




ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။
ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ
လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို
ဝတ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို
ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ စားတော်ပဲ (Gargen Pea) – ၂၀၀ ဂရမ် (Martket၊ အိန္ဒိယ ကုန်စုံဆိုင်
များမှာ ၀ယ်ယူနိုင်ပါသည်။)
မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow bea ကို အစားထိုးဝယ်ယူနိုင်ပါသည်။
၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ
ချက်ပြုတ်နည်း



၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်
၂၄နာရီ ရေစိမ်ထားပေးပါ။
၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကို
အပေါက်ပါသော ဇကာဗန်းထဲ ထည့်ပြီ ရေစစ်လိုက်ပါ။
၃။ ပြီနောက် အညောင့်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတခါ
ရေအနည်းငယ် တောက်ပေးပါ။ အပေါ်မှ အ၀တ်သန့်လေးဖြင့် အုပ်ထားလိုက်ပါ။



၎။ အညောင့်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။
၅။ ပြီမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေပြီ မပြုတ်ခင်
နာရီဝက်ခန့် နုပ်ထားပေးပါ။
၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီ မီးအနည်းငယ်ဖြင့်
ရေခမ်းအောင် အထိ (၁နာရီ ၄၅မိနစ် မှ ၂နာရီခန့်) တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။



ရ။ စတည်သည်နှင့် ထန်းညက်ခဲလေးများပါ တခါထဲ ထည့်ပေးပါ။ ထန်းညက်ရည် ကြောင့် ပဲများ
ဝါရာက ညှိပြီ ချိုစိမ့်ပြီ စားလို့ ပိုကောင်းပါသည်။ (ဆားလုံးဝ
မထည့်ပါနှင့်၊ ပြုတ်ပြီမှ ထည့်ချင်ထည့်ပါ)



၈။ ပြုတ်ပြီ ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီ အပေါ်သို့ တက်လာပါ လိမ့်မည်။ ထိုအခွံလေးများ ဇွန်းဖြင့် အသာလေး ဖယ်ပေးလိုက်ပါ။
၉။ ရေခမ်းသွားလျှင် ပဲပြုတ်အိအိလေး ရရှိပါပြီ။ ထမင်းပူပူလေးနှင့် ကြိုက်နှစ်သက်သလို
သုံးဆောင်နိုင်ပါပြီ….



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment