ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

ပုဇွန်ကင်သုတ်




ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ကျား – ၂၀ကျပ်သား (အမြီးချန်ပြီး အခွံခွာပါ)
၂။ ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းလေးများ လှီးပါ)
၃။ ငရုတ်စိမ်း – ၄တောင့် (ပါးပါးလှီးပါ)
၎။ ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
၅။ ဆလက်ရွက် – ၁ရွက် (ပါးပါးလှီးပါ)
ဆော့ရည်တွင် ပါဝင်သောပစ္စည်းများ
၁။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၂။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ သံပရာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၎။ ရေ – လက်ဖက်ရည်ပန်းကန်လုံး တ၀က်
ချက်ပြုတ်နည်း
၁။ ပုဇွန်ကျားကို ကျောခွဲပြီး ချေးများထုတ်ပေးပါ။
၂။ ပြီးလျှင် ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်နုယ်ပေးပါ။
၃။ ထို့နောက် ကင်ပြားပေါ်တင်၍ ပုဇွန်များကို ကျက်သည်အထိ အသုတ်ခွဲပြီး ကင်ပေးပါ။
၎။ ဆော့ရည်အတွက် (ပဲငံပြာရည်၊ သကြား၊ သံပရာရည်၊ ရေ) အားလုံးကို ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် ပုဇွန်ကင်သုတ်ရန်အတွက် (ပုဇွန်ကင်၊ ဆော့ရည်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆလတ်ရွက်) တို့ကို အားလုံးရောမွှေလိုက်ပါ။



၆။ စားလို့ကောင်းပြီး ထမင်းမြိန်စေမည့် အသုတ်တစ်မျိုးပါ…

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment