ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 24, 2013

သီးစုံ ဂျယ်လီ ပူတင်း




အချိုပွဲတည်ခင်းဖို့ သီးစုံ ဂျယ်လီ ပူတင်းလေးပါ။ နေ့လည်စာ၊ ညနေစာ စားပြီ အချိုပွဲ တည်းဖို့အတွက်ပါ။ အရင်ဆုံး ပူတင်းကို ကြက်ဥ၊ နွားနို့၊ သကြားတို့နှင့် ပြုလုပ်ပါတယ်။ ၀တ်ရည်ကတော့ ဗီနီကာ အနံ့၊ အရသာ ရအောင် ပူတင်းမလုပ်ခင် vanilla essence လေးပါ ထည့်ထားတယ်။ ဂျယ်လီ ပူတင်းမှာ သီးစုံလည်း ပါတာမို့ အရမ်းချိုအီမနေပဲ၊ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်..
ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ဥ အနှစ် – ၄လုံး
  • နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ)
  • သကြား – ခွက် ၀က် (၁၀၀ ဂရမ်)

  • ဗီနီကာ အရည်(Vanilla Essence) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)


သီးစုံ ဂျယ်လီတွင် ပါဝင်ပစ္စည်းများ
  • Agar ဂျယ်လီ အချောင်း – ထုပ်ဝက် (တထုပ်တွင် ၃၅ ဂရမ် ပါသည် တ၀က်ကိုသာ အသုံးပြုမည်)
  • ရေနွေး – ၁လီတာ
  • သကြား – ၁၅၀ ဂရမ်
  • သီးစုံ စည်သွပ်ဗူး – ၁ဗူး
  • Apple green အရည်ဗူး – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဂျယ်လီ အစိမ်းရောင် ဖြစ်ရန် ပန်းသီးအရသာ၊ အနံ့ပါတဲ့ အရည်လေးကို ထည့်ထားသည်)


မှတ်ချက် ။ ။ Vanilla essence နှင့် Apple green ဗူးတွေကို City Mart တွင် ၀ယ်ယူနိုင်ပါသည်..
ပူတင်းပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ ကြက်ဥ အနှစ် ၄လုံးကို ဖောက်ထည့်လိုက်ပါ။



၂။ ပြီမှ သကြားကို ထည့်ပြီ wire-whisk နှင့် သကြားပျော်အောင် နာနာလေး ခလောက်ပေးပါ။



၃။ ထို့နောက် နွားနို့ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။ နွားနို့ ထည့်ပြီ ပူတင်းပူလုပ်ရန် ဖန်(သို့)ကြွေ ပုံစံခွက် တ၀က်ခန့် နွားနို့ ကြက်ဥ ရောခလောက်ထားသော အရည်များကို လောင်းထည့်ပေးပါ။




၎။ ပြီနောက် ဒယ်တစ်ခုထဲ ခွက်တ၀က်ခန့် ရေမြုပ်အောင် ထည့်ပြီ အဖုံးအုပ်ကာ ပူတင်းကျက်သည်အထိ မိနစ် ၁၅~၂၀ ခန့် တည်ထားပါ။ ပူတင်းကျက်မကျက် သိရန် ဓား(သို့) ခရင်းဖြင့် ပူတင်းထိုးကြည့်ကာ ဓားတွင် ဘာမှကပ်မပါလာလျှင် ပူတင်းကျက်ပြီဖြစ်သည်။




၅။ ပူတင်းရဆိုလျှင် ဂျယ်လီ လုပ်နေစဉ်အတွင်း အအေးခံထားပါ။
သီးစုံ ဂျယ်လီ ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်ထဲတစ်ခုထဲ ရေနွေး (၁လီတာ)၊ ဂျယ်လီချောင်း၊ Apple အနှစ်ရည်၊ သကြား တို့ကို ရောမွှေထည့်ပြီ သကြား၊ ဂျယ်လီချောင်း ပျော်သည်အထိ ၂မိနစ်ခန့် တည်ပြီ မီးပိတ်လိုက်ပါ။



၂။ သီးစုံ ဂျယ်လီ ပူတင်းလုပ်ရန် အတွက် ပူတင်းထည့်ထားသော ခွက်ထဲသို့ မိမိကြိုက်နှစ်သက်ရာ သစ်သီးများကို ထည့်လိုက်ပါ။



၃။ ပြီမှ အပေါ်မှ ဂျယ်လီ အရည်များကို သစ်သီးမြုပ်အောင် လောင်းထည့်ပေးပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၁နာရီခန့် အအေးခံထားပေးပါ။
၎။ အေးခံပြီလျှင် ချိုစိမ့်ပြီ အရသာကောင်းမွန်သော သီးစုံ ဂျယ်လီ ပူတင်းကို သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment