ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

ဆိတ်သားခပတ်ဟင်း





ပါဝင်သောပစ္စည်းများ
၁။ ဆိတ်သား – ၄၀ကျပ်သား (နုပ်နုပ်ဆင်းပါ)
၂။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
၃။ ကြက်သွန်ဖြူ – ၇မွှာ (ညက်နေအောင်း ထောင်းပါ)
၎။ ကြက်သွန်နီ – ၄လုံး (အ၀ိုင်းလေးများ လှီးပါ)
၅။ ငရုတ်သီးခြောက် အနီထောင့် – ၄ထောင့် (ရေနွေးဖြင့် ပြုတ်ပြီး ညက်နေအောင် ထောင်းပါ)
၆။ ဗင်နီဂါရည် – စားပွဲတင်ဇွန်း ၂ဇွန်း
၇။ ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ မာဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ကလဝေရွက် – ၂ရွက်
၁၁။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၁၂။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၃။ ထောပတ်
၁၄။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ ဆိတ်သား စဉ်းကောကို (ဆား၊ သကြား၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်)၊ ဗနီဂါ) ဖြင့် သမအောင် ရောနုယ်ထားပါ။
၂။ ပြီးလျှင် ဒယ်ပြားထဲ ထောပတ် (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ြုပီး ကြက်သွန်နီဝိုင်းများကို အညှိရောင်သန်းသည်အထိ ကြော်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူများထည့်ဆီသပ်ပါ။
၎။ ပြီးနောက် ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်ရောမွှေပေးပါ။
၅။ ပြီးလျှင် နုယ်ထားသော ဆိတ်သား၊ ဇီယာ၊ ကရဝေးရွက်၊ နံနံစေ့မှုန့် တို့ကို ထည့်ပြီး မွှေပေးပါ။
၆။ ထို့နောက် ရေ(အနည်းငယ်) ထည့်ပြီး ဆိတ်သား နူးသည်အထိ အဖုံးအုပ်ထားပေးပါ။
၇။ ဆိတ်သားကျက်ပြီး အရသာ အနေတော်လျှင် ခရမ်းချဉ်သီး နှင့်  ကြက်သွန်နီများကို အပေါ်မှထည့်ပြီး ရောမွှေလိုက်ပါ။
၈။ အပေါ်မှ ပင်စိမ်းရွက်အုပ်လျှင်လည်း ရပါသည်။
၉။ အရသာရှိသော ဆိတ်သားခပတ်ဟင်းကို စားသုံးနိုင်ပါပြီး။

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment