ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 30, 2013

ပြည်ကြီးငါးကြော် ရွရွလေး




ဒီပြည်ကြီးငါးကြော်လေးရဲ့ ထူးခြားမူက အညီနံ့ကင်းပြီ စားလို့လည်း အင်မတန် ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကြိုက်လွန်းလို့ နှစ်ခါတောင် လုပ်စားဖြစ်တယ်။ သူက ငရုတ်ကောင်းမှုန့်များများ ထည့်ထားတာမို့ အညီနံ့ကင်းပြီ အရသာကလည်း ဂွတ်ရှယ်ပါပဲ။ ချက်ရတာလည်း အရမ်းလွယ်ပြီ သူနှင့်လိုက်ဖက်မယ့် ဆော့လုပ်နည်းလေးပါ တွဲရေးပေးထားတာမို့ အိမ်မှာ လုပ်စားကြည့်ရအောင်….

ပါဝင်သောပစ္စည်းများ
၁။ ပြည်ကြီးငါး – ၃၀ကျပ်သား
၂။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ရဇွန်း
၃။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဟင်းရွက်ဆီ
ဆော့တွင် ပါဝင်သောပစ္စည်းများ
၁။ ငရုတ်သီးအချိုဆော့ (sweet chilli sauce) – စားပွဲတင်ဇွန်း ၄ဇွန်း
၂။ ငါးငံပြာရည် (fish sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
၃။ သံပရာသီး – တ၀က်
၎။ ကြက်သွန်ဖြူ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
ချက်ပြုတ်နည်း
၁။ ပြည်ကြီးငါးများကို အညီအချွဲများဖြဲပြီ သေချာ သန့်စင်ထားပါ။
၂။ ပြီးမှ ပြည်ကြီးငါးကို ကြက်ခြေခတ်ပုံ ဓားဖြင့်မွှန်းပေးပါ။



၃။ ထို့နောက် (ဂျုံ၊ဆား၊ ငရုတ်ကောင်းမှုန့်)တို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေလိုက်ပါ။
၎။ ပြီမှ ထိုဇလုံထဲသို့ ပြည်ကြီးငါးများ ထည့်ပြီ ဂျုံကပ်လိုက်ပါ။
မှတ်ချက်။ ။ (ဂျုံ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြည်ကြီးငါးများကို ပလပ်စတစ် အိတ်တစ်ခုထဲထည့်ပြီ အိတ်ကိုပတ်ကာ လှုပ်ခါပေးက ပိုကောင်းပါသည်)



၅။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ပြည်ကြီးငါးများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၆။ ထို့နည်းအတိုင်း ကျန်ပြည်ကြီးငါးများကို ဆက်လက်ကြော်ပေးပါ။
ရ။ ပြည်ကြီးငါးနှင့် တွဲစားရန် ဆော့အတွက် ပါဝင်သောပစ္စည်းများ (ငရုတ်သီးချိုဆော့၊ ငါးငံပြာရည်၊ သံပရာရည်၊ ကြက်သွန်ဖြူ) တို့ကို အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေလိုက်ပါ။



၈။ ပြည်ကြီးငါး ကြွ့ပ်ရွရွကြော်လေးကို ဆော့ဖြင့်တွဲဖက်ကာ စားသုံးနိုင်ပါပြီ….



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment