ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Tuesday, October 22, 2013

ခရမ်းသီးချက်




ရှမ်းစတိုင် ခရမ်းသီးချက် ဟင်းလေးပါ။ ခရမ်းသီး နဲ့ ငါးခြောက်သေးကို ရောချက်ထားတာမို့ ခရမ်းသီးဟင်းထဲမှာ ငါးခြောက်အရသာစိမ့်ဝင်နေပါတယ်။ ထမင်းနဲ့တွဲစားဖို့ လွယ်ကူစွာ ချက်ပြုတ်နိုင်တဲ့ ဟင်းရံ တစ်မျိုးဖြစ်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ခရမ်းသီး – ၂ခု (၄၀၀ ဂ၇မ်)
  • ငါးခြောက်သေး – ၁၅ ဂရမ် (လက်တဆုပ်စာ) (ခေါင်းမပါ)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)

  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီး အရောင်မှုန့်ကို ဆီသပ်ပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • နံနံပင် – အနည်းငယ် (အလှဆင်ရန်)


ချက်ပြုတ်နည်းများ
၁။ ငါးခြောက်သေးများကို ရေနွေးဖြင့် စိမ်ထားပါ။
၂။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီကို ဆီသပ်ပေးပါ။
၃။ ကြက်သွန်နီနွမ်းသွားမှ ခရမ်းချဉ်သီး ၃မိနစ်ခန့် ဆီပူထိုးပေးပါ။



၎။ ပြီနောက် ခရမ်းသီးထည့်ကာ ၁မိန်စ်ခန့် ရောမွှေပေးပါ။
၅။ ပြီမှ ငါးခြောက်သေး(ရေစစ်ပြီသား)၊ ရေ(၁ခွက်)၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်သီးဆီချက် တို့ကို ထည့်ပြီ ၅မိနစ်ခန့် အဖုံးအုပ်ပြီ ခရမ်းသီး နွမ်းသည်အထိ တည်ထားပါ။



၆။ နွမ်းပြီဆိုလျှင် အရသာအပေါ့အငံ့ မြည်းကြည့်ပါ။ မီးပိတ်ပြီ နံနံပင် အနည်းငယ် အုပ်ပေးပြီ အရသာရှိစွာ ခရမ်းသီးချက်ဟင်းကို သုံးဆောင်နိုင်ပါပြီ…




PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment