ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Tuesday, October 22, 2013

အာပုံမုန့်




အစာပြေလုပ်စားနိုင်ဖို့ အာပုံမုန့် လုပ်နည်းလေးပါ။ အုန်းနို့ကြောင့် ချိုစိမ့်ပြီ အရမ်းလည်း စားကောင်းတယ်။ လုပ်နည်းလေး ကြည့်ရအောင်…
အာပုံမုန့် လုပ်ရန် ပါဝင်ပစ္စည်းများ
  • ဆန်မှုန့် – ၁ခွက် (၁၂၀ ဂရမ်)
  • ကြက်ဥ – ၁လုံး
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ဆိုဒါ(baking soda) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ရေ – ၁ခွက်
အုန်းနို့နှစ်တွင် ပါဝင်ပစ္စည်းများ
  • အုန်းနို့ခရင်း – ၁၆၀ ဂရမ်
  • သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇောက်ခွက်ထဲ (ဆန်မှုန့်၊ သကြား၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။



၂။ ပြီလျှင် ကြက်ဥ၊ ရေ(၁ခွက်) ထည့်ပြီ hand mixer (သို့) မွှေတံ(wirewhisk) ဖြင့် ခပ်နာနာလေး အာပုံမှုန့် အရည်ချောမွေ့သွားသည်အထိ မွှေပေးပါ။




၃။ ပြီလျှင် အုန်းနို့အနှစ်ချက်ပါမည်။ ဒယ်ထဲ အုန်းနို့ခရင်းထည့်ပြီ ပျစ်အောင် ၁မိနစ်ခန့် တည်ထားပါ။
၎။ ပြီမှ (သကြား၊ ဆန်မှုန့်) တို့ကို ရောမွှေလိုက်ပြီ ပျစ်လာလျှင် မီးပိတ်ပြီ  ခွက်တစ်ခုထဲထည့်ထားပါ။



မုန့်ပြုလုပ်နည်း
၁။ ခု အာပုံမှုန့် စလုပ်ပါတော့မည်။ ဇောက်ဒယ်ထဲ ဆီထည့်ကာ စက္ကူဖြင့် ဒယ်ပတ်ပတ်လည် ဆီသုတ်ပေးပါ။
၂။ ပြီလျှင် မီးများများဖြင့် တည်ပါ။ ဒယ်ပူလာလျှင် အာပုံမှုန့် အနှစ်ရည်(ခွက်တ၀က်)ကို လောင်းထည့်ပေးပြီ ဒယ်ကို စောင်းကာ အနှစ်ရည်များ အ၀ိုင်းပုံ ပြန့်သွားအောင် ပြုလုပ်ပါ။



၎။ အာပုံ ဘေးသားများကြွပ်ရွ လာပြီ အညှိရောင်သန်းလာလျှင် ပန်းကန်ပြားတစ်ခုပေါ် တင်ထားပါ။ ထိုနည်းအတိုင်း အာပုံအနှစ်ရည်များကုန်သည်အထိ အာပုံမုန့်များကို ပြုလုပ်ပေးပါ။



၅။ ပြီမှ အာပုံမုန့်ပေါ်သို့ အုန်းနို့ရည်(စားပွဲတင်ဇွန်း ၂ဇွန်း)ကို ဆမ်းပြီ အပေါ်မှ သကြားအနည်းငယ်ဖြူး ပေးပါ။



၆။ အရသာရှိပြီ ချိုစိမ့်သော အာပုံမုန့်ကို ၄ခေါက်ခေါက်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment