ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

ဖြဲသိပ်မုန့် လုပ်စားကြရအောင်




ဘိတ်လိုကတော့ ဖြဲသိပ်မုန့်လို့ခေါ်ကြတယ်… ရန်ကုန်မှာတော့ ဖြဲသိပ်မုန့်ကို ဘယ်လိုခေါ်လဲတော့ ၀တ်ရည်လည်း မသိလို့ ဘိတ်လိုပဲ ရေးလိုက်တာ.. ဖြဲသိပ်မုန့်ကို ၀တ်ရည်အရမ်းကြိုက်လို့ ငယ်ငယ်တုန်းက ခဏခဏ လုပ်စားဖြစ်တယ်။ အပြင်မှာ ရောင်းတာတော့ သိပ်မတွေ့လို့ ကိုယ်တိုင် လုပ်စားနိုင်အောင် တင်လိုက်ရခြင်းဖြစ်ပါတယ်.. အစာပြေအနေနဲ့ နေ့လည်မှာ အချိန်တိုတိုအတွင်း လုပ်စားကြည့်ကြရအောင်…



ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် – ၁၆၀ ဂရမ်
၂။ ဆန်မှုန့် – ၂၀ဂရမ်
၃။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (အခွံမပါ)
၎။ နှမ်း – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ
ရ။ ဆီ
ချက်ပြုတ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
၂။ ပြီးမှ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။
၃။ ပြီးလျှင် ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်၍ သမအောင် ထပ်နုယ်ပေးပါ။
၎။ ထို့နောက် နုယ်ထားသော ကောက်ညှင်းမှုန့်များကို ပုံတွင် ပါသည့် အရွယ်အတိုင်း လုပ်လိုက်ပါ။



၅။ ပေါင်းအိုး တစ်ခုထဲ ငပျောရွက်များ ပေါ်တင်ပြီး ၁၀မိနစ်ခန့်ပေါင်းပေးပါ။
၆။ ပေါင်းနေစဉ်အတွင်း အစာသိပ်ရန် (မြေပဲ၊ နှမ်း၊ သကြား၊ ဆား)များကို မညက်တညက် ငရုတ်ဆုံထဲ ရောထောင်းပေးပါ။ ပြီးလျှင် ခွက်တစ်ခုထဲ ပြောင်းထည့်ထားပေးပါ။



၇။ ပေါင်းအိုးထဲမှ ပေါင်းထားသော ကောက်ညှင်းများကို မထုတ်မီ လက်တွင် ဆီအနည်းငယ်သုတ်ပြီးမှ ထုတ်ယူပါ။
၈။ ပြီးလျှင် လုံးထားသော ကောက်ညှင်းလုံး အလယ်ကို ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။
၉။ ထို့နောက် အစာသိပ်ရန် (မြေပဲ၊ နှမ်း၊ သကြား) ရောထောင်းထားသော ခွက်ထဲသို့ ထည့်၍ ကောက်ညှင်းလုံးများကို ထည့်၍ (မြေပဲ၊နှမ်း၊ သကြား) ကပ်သွားအောင လက်ဖြင့်လိမ့်ပေးပါ။



၁၀။ ပြီးလျှင် ကောက်ညှင်းလုံးခွဲထားသော ထဲသို့ အစာများကို သိပ်ထည့်ပေးပါ။
၁၁။ အချိန်ခဏအတွင်းမှာပဲ အစာပြေအဖြစ် စားနိုင်သော ဖြဲသိပ်မုန့်ကို စားသုံးနိုင်ပါပြီး။…

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment