ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

ငါးဖယ်သုတ်




ငါးဖယ်ကြော်ရန် ပါဝင်သောပစ္စည်းများ
၁။ ငါးဖယ် – ၃၀ကျပ်သား (ထောင်းပြီးသား)
၂။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၃။ ဂျုံ – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
၅။ ကြက်ဥ(အကာ) – ၁လုံး
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငါးဖယ်သုတ်ရန် ပါဝင်သောပစ္စည်းများ
၁။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၂။ သံပရာသီး – ၂လုံး (အစေ့ထုတ် အရည်ညစ်ပါ)
၃။ ငရုတ်သီးဆီသပ် – စားပွဲတင်ဇွန်း ၄ဇွန်း (ဒယ်ထဲ ဆီထည့်၊ ဆီပူလျှင် ငရုတ်သီးမှုန့် ၃ဇွန်းထည့်)
၎။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
၆။ နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ ငါးဖယ်ကြော်ရန် ပါဝင်သောပစ္စည်များ ဖြစ်သော (ငါးဖယ်၊ ဆား၊ ကြက်သားမှုန့်၊ ဂျုံ၊ ဂျင်း၊ ကြက်ဥအကာ၊ ကြက်သွန်မြိတ် ) အားလုံးကို ဇောက်ပန်းကန်တစ်ခုထဲ သို့ ထည့်နုယ်လိုက်ပါ။
၂။ ပြီးလျှင် ငါးဖယ်များ မကပ်စေရန် လက်တွင် ဆီသုတ်၍ နုယ်ထားသော ငါးဖယ်များကို အလုံးပြားလေးများ လုပ်လိုက်ပါ။ (အရွယ်မကြီးပါစေနှင့်)
၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး ငါးဖယ်လုံများကို ထည့်ကြော်ပေးပြီး ဇကာဖြင့် ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။



၎။ ပြီးလျှင် ကြော်ထားသော ငါးဖယ်များကို ပါးပါးအစောင်းလှီးလိုက်ပါ။



၅။ ထို့နောက် ပန်းကန်လုံး တစ်ခုထဲသို့ ငါးဖယ်သုတ်ရန် ပါဝင်သောပစ္စည်းများ ( ငါးဖယ်၊ ခရမ်းခဉ်သီး၊ ကြက်သွန်နီ၊ ပဲငံပြာရည်၊ ငရုတ်သီးဆီသပ်၊ နံနံပင်၊ သံပရာရည်) အားလုံးကို ရောနယ်လိုက်ပါ။
၆။ အရသာအပေါ့အငံ အနေတော်လျှင် ငါးဖယ်သုတ်ကို ထမင်းနှင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီး။

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment