ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

ထိုင်းစတိုင် ကြက်အူချောင်းနှင့် သခွာသီးသုပ်




ဒီဟင်းက အရသာထူးခြားပြီ စားလို့ကောင်းတာမို့ ဟင်းသစ်တစ်မျိုးအနေနဲ့ တင်လိုက်တာပါ။ ကြက်အူချောင်းသုပ် ဆိုလို့ မအီပဲ ချဉ်ချိုလေးမို့ ထမင်းနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ အသုပ်သစ် တစ်မျိုးမို့ ကြိုက်နှစ်သက်ကြမှာပါ…

ပါဝင်သောပစ္စည်းများ
၁။ ကြက်အူချောင်း – ၆ချောင်း (ဆီပူဖြင့်ကြော်ပြီမှ အစောင်းပါးပါးလှီးပါ)
၂။ သခွာသီး – ၁ချောင်း (အ၀ိုင်း ပါးပါးလှီးပါ (သို့) အရှည်လေးများ လှီးပါ)
၃။ ကြက်သွန်နီ – ၃လုံး ( ပါးပါးလှီးပါ)
၎။ ငရုတ်သီးစိမ်း – ၅ခု (ပါးပါးလှီးပါ)
ဆော့တွင် ပါဝင်သောပစ္စည်းများ
၁။ ပဲငံပြာရည်(အကြည်) (သို့) ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၂။ သံပရာသီး -၁လုံးခွဲ (အရည်ညစ်ပါ )
၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ နှမ်းဆီ – ၄စက်



ချက်ပြုတ်နည်း
၁။ ဇလုံတစ်ခုထဲ ပါးပါးလှီးထားသော (ကြက်အူချောင်းကြော်၊ သခွာသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း) တို့ကို အားလုံး ရောမွှေလိုက်ပါ။



၂။ ပြီးမှ နောက်ပန်းကန်လုံး တစ်ခုထဲ ဆော့အတွက် ပါဝင်သောပစ္စည်များ ဖြစ်သော (ပဲငံပြာရည်၊ သံပရာရည်၊ သကြား၊ ဟင်းရွက်ဆီ၊ နှမ်းဆီ) အားလုံးကို သမအောင် ရောမွှေလိုက်ပါ။
၃။ ဆော့ရည်ရလျှင် ဇလုံထဲသို့ လောင်းချပြီ ရောနယ်လိုက်ပါ။
၎။ အရသာအပေါ့အငံ့မြည်းလို့ အဆင်ပြေပြီဆိုလျှင် ထမင်းလေးနဲ့ မြိန်ရှပ်စွာ အသုတ်လေးကို စားသုံးနိုင်ပါပြီ….



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment