ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 31, 2013

စားချင်စဖွယ် ငါးခူကြော်




မြန်မာ ဟင်းလျာဖြစ်သည့် ကြွပ်ကြွပ်ရွရွ ငါးခူးကြော်ကိုလည်း မြည်းသွားကြနော်..

ပါဝင်သော ပစ္စည်းများ
၁။ ငါးခူ – ၄ကောင်
၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၃။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်သွန်နီ – ၃လုံး (အ၀ိုင်း ပါးပါးလှီးပါ)
၇။ ကြက်သွန်ဖြူ – ၃မွှာ (အ၀ိုင်း ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ ကြက်သွန်ဖြူ၊ နီကို ဆီများများဖြင့် အညှိရောင်သန်းသည် အထိကြော်ပေးပါ။
၂။ ငါးခူကို ဓားဖြင့် အစောင်းမွန်းပြီး ၃ပိုင်းတုံးလိုက်ပါ။
၃။ ပြီးမှ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့် ထည့်ရောနုယ်လိုက်ပါ။
၎။ ထို့နောက် ဒယ်ထဲ ဆီများများ ထည့်၍ နုယ်ထားသော ငါးခူကို တ၀က်ခွဲပြီး မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။
၅။ ငါးခူများရပြီးဆိုလျှင် ပန်းကန်ပြားထဲထည့် ကြော်ထားသော ကြက်သွန်ဖြူ၊ နီများကို အပေါ်မှ ဖြူးပေးပါ။



၆။ စားချင်စဖွယ် ကျွတ်ရွသော ငါးခူကြော်ကို ထမင်းနှင့် စားသုံးနိုင်ပါပြီး။

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment