ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Tuesday, October 22, 2013

နန်းကြီးသုပ်




မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။
ပါဝင်ပစ္စည်းများ
  • နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား
  • ကြက်သား – ၂၀ကျပ်သား
  • ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ) တွဲစားရန်
  • ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း၂ဇွန်း
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား၊ ခနော ကြက်သားမှုန့်
  • ပဲမှုန့် (အကျက်မှုန့်) – စားပွဲတင်ဇွန်း ၆ဇွန်း
  • သံပရာသီး – ၂လုံး (စိပ်ထားပေးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • ငါးငံပြာရည်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သားကို (ဆား(လက်ဖက်ရည်ဇွန်း တ၀က်)) ဖြင့် နုယ်ပြီ အသားနွှင်းရန် ဒယ်အိုးထဲ ရေထည့်ပြီ ပြုတ်ပေးပါ။
၂။ ပြီနောက် ပြုတ်ပြီသား ကြက်သားကို အရှည်လိုက်အသားနွှင်းပေးပါ။
၃။ ဒယ်ဆီ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသပ်ပေးပါ။
၎။ ထို့နောက် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် ထည့်ပြီ ဆီသပ်ပါ။
၅။ ပြီမှ ကြက်သား၊ ကြက်ပြုတ်ရည်(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်တို့ထည့်ပြီ ၂မိနစ်ခန့် တည်ထားပေးပြီ မီးပိတ်လိုက်ပါ။



၆။ နန်းကြီးသုပ်လို့ရပါပြီ။



ရ။ နန်းကြီး တပွဲစားပြင်ရန် ဇောက်ပန်းကန်တစ်ခုထဲ နန်းကြီးခေါက်ဆွဲ (လက်တဆုတ်စာ)၊ ကြက်သွန်နီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားဟင်း၊ ငါးငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ဥ၊ သံပရာသီး ၂စိပ်၊ နံနံပင် တို့ကိုထည့်ပြီ သမအောင် ရောမွှေပေးပါ။
၈။ အရသာရှိသော နန်းကြီးသုပ်ကို ကြက်ရိုးပြုတ်ဟင်းချို ပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ..



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment