ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 24, 2013

မုန်လာဥနီသုပ်




မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တို အတွင်းမှာပဲ လုပ်စားနိုင်ပါတယ်..
ပါဝင်ပစ္စည်းများ
  • မုန်လာဥနီ – ၃၀၀ ဂရမ် (မုန်လာဥနီကြီးကို အသုံးပြုပါ)
  • သံပရာသီး – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နှမ်း – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)

သုပ်နည်း
၁။ အရင်ဆုံး မုန်လာဥနီများကို အခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။



၂။ ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့် )တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။




၃။ ပြီလျှင် အပေါ်မှ နှမ်း၊ ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment