ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 30, 2013

မုန့်လုံးရေပေါ် အုန်းနို့ဆမ်း




သင်္ကြန်အကြိုနေ့အတွက် အမှတ်တရ မုန့်လုံးရေပေါ် အုန်းနို့ဆမ်းလေးပါ။ ဒါကို ဘိတ်မှာတော့ မုန့်လုံးကြီး အုန်းနို့ဆမ်းလို့ခေါ်တယ်။ ဒါပေမယ့် ဘိတ်က မုန့်လုံးကြီး အုန်းနို့ဆမ်းက အစားသွပ်ရာမှ အုန်းယိုနဲ့ သွပ်ပြီ မုန့်လုံးရေပေါ်ထက် နည်းနည်း အရွယ်ပိုကြီးတယ်။ သို့သော် ၀တ်ရည်က ထန်းညှက်အစားသွပ်တာပဲ ကြိုက်တာမို့ မုန့်လုံးရေပေါ် အုန်းနို့ဆမ်းလေးပဲ လုပ်စားဖြစ်လိုက်တာပါ။ လုပ်နည်းက မုန့်လုံးရေပေါ်နဲ့ တူတူပါပဲ။ အုန်းနို့ဆော့ချက်ပြီ ဆမ်းတာနဲ့ မဆမ်းတာပဲ ကွာပါတယ်။ အုန်းနို့လေးနဲ့မို့ ပိုပြီ စားလို့ကောင်းတယ်၊ မအီဘူး။ သင်္ကြန်မှာ လုပ်စားကြည့်ရအောင်…
မုန့်လုံးရေပေါ် ပါဝင်သောပစ္စည်း
၁။ ကောက်ညှင်းမှုန့် – နို့ဆီဘူး ၈လုံး
၂။ ဆန်မှုန့် – နို့ဆီဘူး ၂လုံး
၎။ ထန်းညက် – ၂၀ခု
၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ)
အုန်းနို့ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ အုန်းနို့အနှစ်ရည် – ၁၅၀ ဂ၇မ်
၂။ သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
၎။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
မုန့်လုပ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
၂။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။
၃။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။



၎။ ပြီးမှ ပုံတွင် ပါသည့်အတိုင်း ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။



၅။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။
၆။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။



၇။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။
၈။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။
၉။ ရေစစ်ပြီးလျှင် ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။



အုန်းနို့ဆော့ ချက်နည်း
၁။ ဒယ်ထဲသို့ ရေအနည်းငယ်နဲ့ သကြားများကို ပျော်သည်အထိ တည်ထားပေးပါ။
၂။ ပြီးလျှင် အုန်းနို့နှစ်များနှင့် ဆားအနည်းငယ် ထည့်ကာ မီးအတင့်သင့်ဖြင့် စက္ကန့် ၂၀မျှ တည်ပေးပြီ မီးပိတ်လိုက်ပါ။
၃။ ဆယ်ထားသော မုန့်လုံးရေပေါ်လေးများပေါ်သို့ ချက်ထားသော အုန်းနို့ဆော့များကို ဆမ်းပေးပြီ အုန်းသီးလေးများ အနည်းငယ် ဖြူးပေးလိုက်ပါ။
၎။ အရသာကောင်းမွန်သော မုန့်လုံးရေပေါ် အုန်းနို့ဆမ်းကို စားသုံးနိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment