ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 16, 2013

Android ဖုန်းမှာ Google Account များ Sign In လုပ်မရသော ပြဿနာအား ဖြေရှင်းနည်း


 
သက်ပိုင်: ကျွန်တော်ဖုံးက galaxy ace 2 ပါ ဖုန်းလေးလို့  Format Reset ချပြီး add a google account လုပ်တော့ can't establish a reliable data connection to the server ဆိုပြီးပြနေပါတယ် မြန်မြန်ကူညီပေးပါနာ်!
 
Android ဖုန်းမှာ Google account (Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း “Can’t establish a reliable data connection to the server.” ဖြစ်နေလျှင် Google Account များ ဝင်မရတော့ပါ။ ဒီပြဿနာအား ဖြေရှင်းရန်အတွက် ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။

လိုအပ်ချက်မချက်များကတော့ သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Root Explorer File Manager ရှိရပါမယ်။ 
 
(Root မထားဘူးဆိုရင်တော့ ‘Factory Data Reset’ ချပေးရမှာပါ)

(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ။

(၂) Root Explorer File Manager ထဲမှ system ကို နှိပ်ပါ။

(၃) system ကို နှိပ်ပြီးရင် etc ကို နှိပ်ပါ။

(၄) Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ။

(၅) ပြီးရင် hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ။

(၆) ဖုန်းကို Restart လုပ်ပါ။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account 
အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ်။

Sign In လုပ်လို့မရဘူးဆိုတဲ့ Gmail/ Gtalk/ Google Play Store စသော Google Application တွေမှာ Sign In လုပ်ကြည့်လျှင် အားလုံးအိုကေနေပါလိမ့်မယ်။

သိပြီး၊ တတ်ပြီးသောသူများကို မရည်ရွယ်ပါ…. အဆင်ပြေပါစေ…
Credit : http://kothihazaw.blogspot.com

No comments:

Post a Comment