ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, October 30, 2013

တို့ဟူးသုပ်လေး လုပ်စားကြအောင်




တို့ဟူးသုပ်လေးကို ချဉ်ငံ့စပ်လေး သုပ်ထားပါတယ်။ တို့ဟူး အိမ်မှာပါ ကျိုလို့ ရအောင်ပါ တို့ဟူးကျိုနည်းပါ တင်ပြလိုက်ပါတယ်။ ဒီတို့ဟူးကျိုနည်းလေးကိုတော့ ၀တ်ရည်အမွှာညီမ ၀တ်မှုံဆီက သိတာပါ။ အိမ်မှာ လုပ်စားသဖြင့် ၂၀၀ကျပ်ဖြင့် တစ်အိမ်လုံး သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ပါတယ်။ တို့ဟူးကျိုချိန်ကလည်း ၂မိနစ်လောက်သာ ကြာ၍ အချိန်တိုအတွင်း လုပ်စားပါတယ်။ အိမ်မှာ လုပ်စားကြည့်မှ အရမ်းလွယ်ကူတာ တွေ့ရ၍ ပြန်မျှဝေပေးလိုက်ပါတယ်..
တို့ဟူးကျိုရန် ပါဝင်သောပစ္စည်းများ
၁။ ကုလားပဲ အစိမ်းမှုန့် – ၁ထုပ် (၁၅၀ ဂရမ်)
၂။ ရေအေး – ၆၀၀ မီလီလီတာ (ml) (သို့) လက်ဖက်ရည်ပန်းကန်လုံး ရခွက်
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၎။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
တို့ဟူးကျိုနည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲ ကုလားပဲ အစိမ်းမှုန့်များကို ထည့်ပြီ ရေအေး လက်ဖက်ရည်ပန်းကန်လုံး ခွက်ဝက်ခန့် ထည့်ကာ ပဲမှုန့်များကို လက်ဖြင့် ကျေသည်အထိ မွှေပေးပါ။
၂။ ပဲမှုန့်များ ကျေသွားမှ ကျန် ရေအေး(လက်ဖက်ရည် ပန်းကန်လုံး ၆ခွက်)စာကို နည်းနည်းချင်း လောင်းထည့်သွားပါ။
၃။ ရေထည့်ပြီရင် ဆား၊ ဆနွင်းမှုန့်များကို ထည့်ကာ ရောမွှေလိုက်ပါ။ မှတ်ချက် (တို့ဟူး အဖြူလိုချင်ရင် ဆနွင်းမှုန့် မထည့်ပါနှင့်)
၎။ ရောမွှေထားသော ပဲမှုန့်ရေများကို ဒယ်အိုးတစ်ခုထဲထည့်၍ မီးအသင့်တင့်ဖြင့် အဆက်မပြတ် ၂မိနစ်ခန့် မွှေပေးထားပါ။
၅။ ညောင်းစေးလာသည် အထိ ရောမွှေပေးပါ။ ညောင်းစေးလာလျှင် မီးပိတ်၍ ကြိုက်နှစ်သက်ရာ ပုံစံခွက်တစ်ခုထဲ ထည့်၍ ၃နာရီလောက် ကြာအောင် အအေးခံထားပေးပါ။



၆။ အအေးခံပြီရင် တို့ဟူးကို ကိုယ်ကြိုက်နှစ်သက်သလို လှီးပြီ သုတ်စား၊ ကြော်စားနိုင်ပါပြိ….



တို့ဟူးသုပ်ရန် ပြင်ဆင်နည်း
၁။ တို့ဟူး – တ၀က်
၂။ ပဲမှုန့် (အကြက်မှုန့်)- စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ ဆား- လက်ဖက်ရည်ဇွန်း တ၀က်
၅။ အချိုမှန့် – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ငရုတ်သီး ဆီချက် – လက်ဖက်ရည်ဇွန်း တ၀က်
၇။ ဂေါ်ဗီထုတ် – တစ်စိတ် (ပါးပါးလှီးပါ)
၈။ ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
၉။ မန်ကျဉ်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ငရုတ်သီးမှုန့် (အကျက်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်



တို့ဟူးသုပ်နည်း
၁။ တို့ဟူးသုပ်ရန် ပါဝင်သောသော ပစ္စည်းများ ဖြစ်သော (တို့ဟူး၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ဂေါ်ဗီ၊ မန်ကျဉ်းရည်၊ ငရုတ်သီးဆီချက်၊ ငရုတ်သီးမှုန့်၊ ရှောက်ရွက်) အားလုံးကို ရောနယ်လိုက်ပါ။
၂။ ပြီမှ ကြက်သွန်နီကြော်လေးများကို ဖြူးပေးလိုက်ပါ။
၃။ ချဉ်ငံ့စပ် တို့ဟူးသုပ်လေးကို အိမ်မှာ အချိန်တိုအတွင်း လုပ်စားကြပါ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment