ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, October 24, 2013

ရခိုင်မုန့်တီ




နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်…
မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ
  • ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်)
  • ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)

  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ကြက်သွန်နီ – ၄ဥ (၄စိပ်စိပ်ပါ)
  • ရေ – ၁၀ခွက် (Measurement ခွက်)
  • ဆား – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ပတဲကော – ၂ပင် (မညက်တညက် ထောင်းပြီ ချည်ထားပါ)


(ငါးရွှေ နှင့် ပတဲကောပုံပါ။ ဟင်းချက်ညီအစ်မ အကူအညီနဲ့ ဒီပုံလေးကို ရရှိလို့ ကျေးဇူးပါနော်.. )
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • မုန့်ဟင်းခါးဖတ် – ၈၀ကျပ်သား (၁၂၈၀ ဂရမ်)
  • ပဲကြော် – ၁၅ခု
  • ငရုတ်သီးစိမ်း – ၃၀ ဂရမ် (ရေနွေးဖြင့် ပြုတ်ပြီ ထောင်းပေးကာ ငရုတ်သီးပြုတ်ရည် ၁ဇွန်းခန့်ထည့်ပါ)
  • မန်ကျည်းရည် – ခွက်ဝက်
  • ကြက်သွန်နီ – ၅ခု (ပါးပါးလှီးပါ)
  • နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • ငါးဖယ် – ၂၀ကျပ်သား (၃၂၀ ဂရမ်)
  • ငါးငံပြာရည်


ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ငရုတ်သီးစိမ်းအညှာခွေထည့်ပြီ ၂မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီမှ ပြုတ်ထားသော ငရုတ်သီးစိမ်းများကို မညက်တညက် ထောင်းပေးပြီ ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးပါ။



၎။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ငါးဖယ် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။



၅။ ထို့နောက် ကြော်ထားသော ငါးဖယ်ကို ပါးပါးလှီးပေးကာ ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။
မုန့်တီဟင်းရည် ချက်နည်း
၁။ အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီ ၃-၄မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီလျှင် ငါးကို အရိုးများမပါအောင် အသားနွှင်းပေးပြီ သက်သက်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၃။ မုန့်တီ ဟင်းရည် စချက်လို့ရပါပြီ။



၃။ ဒယ်အိုးကြီးထဲ မုန့်တီဟင်းရည်အတွက် ပါဝင်သည့် (ဒယ်အိုးထဲ ရေ(၁၀ခွက်)၊ ငါးပြုတ်ရည်၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ပတဲကော၊ ဆား) တို့ကို တည်ထားပါ။



၎။ မုန့်တီဟင်းရည် ပွက်ပွက်ဆူလာလျှင် အသားနွှင်းထားသော ငါး၊ ငရုတ်ကောင်းမှုန့်များကို ဖြူးပေးပါ။
၅။ နောက်ဆုံးမှ ကြက်သွန်နီ လေးစိပ်စိပ်ထားသည်များကို ထည့်ပြီ ၁မိနစ်ခန့်တည်ကာ မီးပိတ်လိုက်ပါ။



၆။ မုန့်တီဟင်းရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ မုန့်ဖတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်(ယောက်ချို ၁ဇွန်း)ကို လောင်းထည့်လိုက်ပါ။



ရ။ အပေါ်မှ နံနံပင်ဖြူးပြီ အရသာအတွက် ငါးငံပြာရည်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရည်တို့ကို ထည့်ကာ ရခိုင်မုန့်တီကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment