Laptop
တစ်လုံး ၀ယ်ဖို့ ရွေးချယ် ရတာဟာ အင်မတန် ခေါင်းရှုပ် စရာ ကောင်းတဲ့ အလုပ်
တစ်ခုပါ။ အများ စုဟာ Laptop နဲ့ ပတ်သက်ပြီး ယေဘုယျ အချက် အလက် တွေကို သိကြ
ပေမယ့် ရွေးချယ်မှု မှားမှာကို စိုးရိမ် တတ်ကြ ပါတယ်။
ပထမဆုံး သိဖို့ ကတော့
သင်ဟာ Laptop ကို ဘာအတွက် လိုအပ်တယ် ဆိုတာ ကိုပါ။ ဂိမ်းကစား ဖို့အတွက်
လိုအပ်တာ ဆိုရင်တော့ Graphic ကောင်းပြီး မျက်နှာပြင် ကျယ်တာ မျိုးကို
ရွေးချယ် သင့်ပါတယ်။ တန်ဖိုးနည်း Laptop ကို လိုချင်တယ် ဆိုရင်တော့ Core i3
CPU, 4GB Memory လောက် ရှိတာကို ဒေါ်လာ (၅၀၀) ၀န်းကျင်နဲ့ ရနိုင် ပါတယ်။
လုပ်ငန်းသုံး အတွက် ဆိုရင်တော့ လုံခြုံမှု ကောင်းဖို့ အတွက် Fingerprint
Reader, TPM Module ပါတာ မျိုးကို ရွေးချယ်သင့် ပါတယ်။ လမ်းပေါ်မှာ အချိန်
ကုန်တာ များသူတွေ ဆိုရင်တော့ Ultrabook, Ultraportable လိုမျိုး သယ်ရ
လွယ်ကူတာ တွေကို ရွေးချယ်သင့် ပါတယ်။ ရုပ်ရှင်နဲ့ Media ပိုင်း သုံးချင်
သူတွေ အတွက် ဆိုရင်တော့ Blu-ray Player ပါဖို့က မရှိ မဖြစ် လိုအပ် မှာပါ။
အခုလည်း ရွေးချယ်ရ လွယ်ကူ စေဖို့ လက်ရှိ ဈေးကွက် ထဲက အကောင်းဆုံး Laptop
(၁၀) ခုကို ရွေးပေးထား ပါတယ်။
10 Best Laptops
1.
Apple MacBook Air 13-inch - Fourth-generation Intel Core i5 Processor
တပ်ဆင် ထားတဲ့ MacBook Air ဟာ မျက်နှာပြင် (၁၃) လက်မ ရှိပြီး Performance
လည်း ကောင်းမွန် ပါတယ်။ Ultraportable အမျိုး အစား ဖြစ်တဲ့ အတွက် ဘက်ထရီဟာ
(၁၅) နာရီကြာ အသုံးခံ ပါတယ်။ တန်ဖိုး ကတော့ (၁၀၉၉) ဒေါ်လာပါ။
2.
Apple MacBook Pro 13-inch - Apple MacBook Pro ရဲ့ မျက်နှာ ပြင်ဟာ (၁၃)
လက်မ ရှိပြီး Retina Display ဖြစ်ပါတယ်။ လမ်းသွားရင်း မျက်နှာပြင် အကျယ်မှာ
ရုပ်ရှင် ကြည့်လို သူတွေ အတွက်တော့ အဆင်ပြေ ပါတယ်။ ဈေးက (၁၅၃၉.၃၃) ဒေါ်လာ
ရှိပါတယ်။
3.
Acer C7 Chromebook (C710-2055) - အသစ် ထွက်ရှိ ထားတဲ့ Acer C7 Chromebook
ဟာ မြန်ဆန်ပြီး ဘက်ထရီ ကြာရှည် ခံပါတယ်။ သူ့ရဲ့ တန်ဖိုးက (၂၇၉.၉၉)
ရှိပြီးတော့ တန်ဖိုးနည်း Laptop တွေ ထဲမှာ အကောင်းဆုံး ဖြစ်တဲ့ အတွက်
ငွေကြေး ချွေတာ ချင်သူတွေ သဘော ကျကြ မှာပါ။
4.
Asus VivoBook S400CA-UH51 - Windows 8 Ultrabook တွေထဲ မှာတော့ Asus
VivoBook S400CA-UH51 ဟာ ဈေးအသက်သာ ဆုံးလို့ ဆိုနိုင် ပါတယ်။ မျက်နှာပြင်က
Touch Screen ဖြစ်ပြီးတော့ ပေးရတဲ့ ဈေးနဲ့ ရတဲ့ Feature က တကယ် တန်ပါတယ်။
တန်ဖိုး ကတော့ (၆၉၉) ဒေါ်လာ ဖြစ်ပါတယ်။
5.
Dell Latitude 643ou - မျက်စိကျ လောက်တဲ့ ဒီဇိုင်း၊ ပြည့်စုံ သာလွန်တဲ့
Keyboard၊ ကြာရှည် ခံတဲ့ ဘက်ထရီ သက်တမ်း တို့ကြောင့် လှလှ ပပ ကြိက်တဲ့
သူတွေ ရွေးချယ် ကြမှာ အမှန် ပါပဲ။ ဒါ့အပြင် Business Ultrabook အဖြစ်
အသုံးပြု ဖို့လည်း အဆင်ပြေ ပါတယ်။ ဈေးကတော့ (၁၃၂၈) ဒေါ်လာပါ။
6.
Dell Inspiron 17-3721 - ကြီးမားတဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့
လုပ်ဆောင်မှု၊ သင့်တော်တဲ့ ဈေးနှုန်းနဲ့ သုံးစွဲ သူတွေ အတွက် User-friendly
Feature တွေ ဖြစ်တဲ့ အတွက် တန်ဖိုးနည်း Laptop တွေထဲမှာ ထိပ်ဆုံးက
ရှိနေပါတယ်။ တန်ဖိုး ကတော့ ဒေါ်လာ (၄၅၀) ပါ။
7.
Lenovo G580 - အကောင်းဆုံး Performance တွေနဲ့ စိတ်ကျေနပ် စရာ Feature တွေ
ရှိပြီး ဈေးကလည်း သင့်တော် ပါတယ်။ တန်ဖိုး ကတော့ (၄၇၉) ဒေါ်လာ ဖြစ်ပါတယ်။
8.
Lenovo IdeaPad Z400 Touch - Desktop အစားထိုး Laptop အမျိုး အစား
ဖြစ်ပြီး Great Features တွေ အများကြီး ပါတယ်လို့ ထင်ရှား နေပါတယ်။
ကောင်းမွန်တဲ့ Feature တွေနဲ့ Performance တွေ ပါဝင်တဲ့ အတွက် အိမ်မှာ
ရှိတဲ့ Laptop အဟောင်း တွေကို လဲလိုက်သင့် ပါပြီ။ ဈေးကတော့ ဒေါ်လာ (၇၀၀)
ရှိပါတယ်။
9.
Lenovo ThinkPad X230t - လုပ်ငန်းသုံး Ultraportable အမျိုး အစား
ဖြစ်ပါတယ်။ Multitouch ပါဝင်ပြီး ကောင်းမွန်တဲ့ အရည် အသွေးတွေ ရှိပါတယ်။
ဒီဇိုင်း ကိုတော့ Tablet ပုံစံ ဖန်တီးထား ပါတယ်။ တန်ဖိုး ကတော့ (၁၃၄၉)
ဒေါ်လာပါ။
10.
Microsoft Surface Windows 8 Pro - Windows 8 Slate Tablet ဖြစ်ပါတယ်။ PC
အစားထိုး သုံးလို့ အဆင် ပြေပြီး ဈေးနှုန်း ကလည်း သင့်တင့် ပါတယ်။
ဈေးကတော့ (၉၉၉) ဒေါ်လာ ဖြစ်ပါတယ်။
No comments:
Post a Comment