ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Monday, August 12, 2013

Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ Dropbox စနစ်ကို အသုံးပြုကြည့်ကြရအောင်


ဒီတစ်ပတ်မှာတော့ နောက်ပိုင်းထွက် နည်းပညာမြင့် Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ Dropbox စနစ်ကို အသုံးပြုတဲ့နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ Dropbox  ဆိုတာကတော့  အွန်လိုင်းအသုံးပြုစနစ်တစ်ခုလို့ အတိုကောက်ဆိုရမှာပဲဖြစ်ပါတယ်။ Dropbox စနစ်ဟာ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို သိမ်းဆည်းထားနိုင်အောင် ပြုလုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပြီး  ဒီဝန်ဆောင်မှုကို မိုဘိုင်းဖုန်းတွေပေါ်မှာ ထည့်သွင်းပေးလာခဲ့တာလည်းဖြစ်ပါတယ်။ Dropbox စနစ်အတွက်  သတ်မှတ်ပေးထားတဲ့ အချက်အလက်သိမ်းဆည်းနိုင်မှု ကန့်သတ်ချက်ကလည်း ရှိနေပါတယ်။ အချို့ဖုန်းတွေမှာဆိုရင်တော့ 50GB လောက်ထိ ၀န်ဆောင်မှုပါဝင်နေပြီး အချို့ဖုန်းတွေမှာတော့ 8GB လောက်ထိပဲ ပါဝင်တာလည်း တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ်ကို  ဘယ်လိုအသုံးပြုကြမလဲဆိုတာကို စတင်ပြီး လေ့လာကြည့်ကြရအောင်။ ပထမဆုံး ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ်ထဲကို ၀င်လိုက်ပါ။ ဒါဆိုရင်တော့ ဒီလိုပုံစံမျိုးကို စတင်ပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ခုမြင်တွေ့နေရတဲ့ စာမျက်နှာကတော့ Dropbox ရဲ့ စာမျက်နှာတစ်ခုဖြစ်ပြီး ဒီစာမျက်နှာပေါ်မှာ အသုံးပြုရမယ့် စာနှစ်ကြောင်းကို အောက်ဘက်မှာ ဖော်ပြထားတွေ့ရမှာဖြစ်ပါတယ်။


အောက်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုထဲက I'm already a Drop-box user ဆိုတဲ့စနစ်ထဲကို စတင်ပြီး ၀င်ကြည့်ကြရအောင်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။


ဒီစနစ်ကတော့ Dropbox စနစ်အတွက် အကောင့်လုပ်ထားပြီးသားဆိုရင် တစ်ခါတည်းဝင်ပြီး အသုံးပြုနိုင်မယ့်စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ ကိုယ့်ရဲ့ User-name နဲ့  Password တွေကို ပေးရမှာဖြစ်ပါတယ်။ အကောင့်မရသေးဘူးဆိုရင်တော့ ဒီနေရာကို အရင်လာလို့မရပါဘူး။ ဒါကြောင့် နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ I'm new to Dropbox ဆိုတဲ့နေရာကို ပြန်သွားကြပါမယ်။ ဒီနေရာကိုဝင် လိုက်မယ်ဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ကြရမှာပါ။


ဒါကတော့ Dropbox စနစ်အတွက် အကောင့်ပြုလုပ်ရမယ့်နေရာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ အကောင့်ပြုလုပ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို သေချာဖြည့်စွက်ခဲ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာရှိနေတဲ့ registor for dropbox ကို နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ ခုလိုမျိုးထပ်မံ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုမျိုးမြင်တွေ့ရပြီဆိုရင်တော့ I Agree ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Next ကို နှိပ်လိုက်ပါ။


ပြီးရင်တော့ အွန်လိုင်းစနစ်ကို WiFi နဲ့သုံးမှာလား မိုဘိုင်းဖုန်း Data စနစ်နဲ့ သုံးမှာလားဆိုတာကို ရွေးချယ်လိုက်ပါ။


ဒါဆိုရင်တော့ Dropbox အတွက် အကောင့်တစ်ခုရရှိပြီဖြစ်ပါတယ်။ အကောင့်ရရှိပြီဆိုရင်တော့  Dropbox ထဲကို ရောက်ရှိပြီဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။


ဒီထဲမှာ မြင်နေရတဲ့ Photo ဆိုတဲ့နေရာထဲမှာ ကိုယ်သိမ်းဆည်းထားချင်တဲ့ဓါတ်ပုံတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် သိမ်းဆည်းနိုင်မယ့် စနစ်တွေလည်း အများအပြားရှိပါသေးတယ်။ Camera Uploads ဆိုတဲ့ စနစ်တွေကိုလည်း ထပ်မံမြင်တွေ့လာရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့  Favorite ဖိုင်တွေကိုလည်း သက်သက်ခွဲခြားပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာတော့ အချို့ ဖုန်းတွေမှာဆိုရင် Dropbox စနစ်ပဲပါဝင်ပြီး အသုံးပြုဖို့ သိမ်းဆည်းဖို့ Memory နေရာကို ပိုက်ဆံပေးပြီး ၀ယ်ရတာမျိုးလည်းရှိတတ်ပါတယ်။

ရေးသားသူ - ကိုသက်

No comments:

Post a Comment