ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

Resistor ( ရီစစ္စတာ) - အပိုင်း ( ၃ )

ယခုနောက်ပိုင်း ခေတ်မီအီလက်ထရောနစ် ပစ္စည်းများတွင် ရီစစ္စတာများကို သေးငယ်သော
အရွယ်အစားဖြင့် ပုံနှိပ်သော နည်းပညာကို အသုံးပြုလာကြပါတယ်။ ၄င်း ရီစစ္စတာများရဲ့
ခုခံမူ တန်ဖိုးကိုလဲ အရောင်များဖြင့် မဟုတ်တော့ပဲ ဂဏန်းများ၊ အက္ခရာများဖြင့် ပြောင်းလဲ
ရေးသားလာကြပါတယ်။ အရောင်လိုင်း ရီစစ္စတာများကဲ့သို့ပင် ဂဏန်းများကို သုံးလုံးဖြင့်
လည်းကောင်း။ ဂဏန်း လေးလုံးဖြင့်သော်လည်းကောင်း ရေးသားဖော်ပြထားပါတယ်။





ဂဏန်း သုံးလုံးဖြင့် ဖော်ပြသော ရီစစ္စတာ တန်ဖိုးတွက်နည်း


ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 101 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမ ဂဏန်းရဲ့ နောက်မှာဆိုတော့ 10 ပေါ့ဗျာ )
တတိယ ဂဏန်း = 1 ( သုည အရေတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 100 ပေါ့ )
ဒါဆို (101) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးက 100 Ohm လို့ အဖြေထွက်တာပေါ့ဗျာ။
အရောင်လိုင်းတွေနဲ့ထက်တောင် ပိုလွယ်သေးတယ်။

ဂဏန်း လေးလုံးဖြင့် ဖော်ပြထားသော ရီစစ္စတာ တန်ဖိုးတွက်နည်း


ပထမဆုံး(ရှေ့ဆုံး)ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို ခုခံမူတန်ဖိုး တတိယဂဏန်းအဖြစ် ယူပါ။
စတုထ္တဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 1001 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 10 )
တတိယ ဂဏန်း = 0 ( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ 100 )
စတုထ္တ ဂဏန်း = 1 ( သုည အရေအတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 1000 ပေါ့။)
ဒါဆို ( 1001 ) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူတန်ဖိုးက 1000 Ohm လို့ အဖြေထွက်ပါတယ်။
    1000 Ohm ဆိုတော့ 1 K Ohm ပေါ့။
(ခုခံမူတန်ဖိုးများ 1000 မှ 1000 ကျော်လျင် ကီလိုအုမ်း ဖွဲ့ရပါမယ်။)

ဒီလောက်ဆိုရင် ဂဏန်းတွေနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို ခုခံမူတန်ဖိုး တွက်နိုင်လိမ့်မယ် ထင်ပါတယ်။

No comments:

Post a Comment