ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

Resistor ( ရီစစ္စတာ )

Resistor ဆိုသည်မှာ AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ ခုခံပေးသော ပစ္စည်းဖြစ်ပါတယ်။ လျော့ချခုခံနိုင်မူ တန်ဖိုးကို Ohm ဖြင့် သတ်မှတ်ပီး အပူဒဏ်ခံနိုင်မူကို Watt ဖြင့် သတ်မှတ်ပါတယ်။

Resistor တစ်လုံးရဲ့ ခုခံနိုင်မူကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ အရောင်လိုင်းများဖြင့်လည်းကောင်း၊
Code ဂဏန်းများဖြင့်လည်းကောင်း ဖော်ပြထားပါတယ်။ အဆိုပါ အရောင်လိုင်းများ၊ Code ဂဏန်းများ
ရဲ့ တန်ဖိုးများကို သိထားမယ်ဆိုရင်တော့ အဆိုပါ Resistor ရဲ့ ခုခံမူတန်ဖိုးကို သိနိုင်မှာ ဖြစ်ပါတယ်။

အရောင်လိုင်းများဖြင့် ဖော်ပြထားသော ရီစစ္စတာများ

ရီစစ္စတာများရဲ့ တန်ဖိုးကို ကိုယ်ထည်ပေါ်မှာ အရောင်လိုင်း ၄ လိုင်း၊ ၅ လိုင်းဖြင့် ဖော်ပြထားတတ်ပါတယ်။
ဖော်ပြထားတဲ့ အရောင်တွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အနက်ရောင်    = ဝ
အညိုရောင်     = ၁
အနီရောင်       = ၂
လိမ္မော်ရောင်   = ၃
အ၀ါရောင်      = ၎
အစိမ်းရောင်    = ၅
အပြာရောင်     = ၆
ခရမ်းရောင်     = ၇
မီးခိုးရောင်      = ၈
အဖြူရောင်     = ၉
ရွှေရောင်       = ဒသမ တစ်နေရာ ဖြတ်ရန် ( အမှား ၅ % )
ငွေရောင်       = ဒသမ နှစ်နေရာ ဖြတ်ရန်(အမှား၁၀%)
ဟု အရောင်တစ်ရောင်ချင်းစီမှာ တန်ဖိုးသတ်မှတ်ချက် တစ်ခု သတ်မှတ်ထားပါတယ်။

ရီစစ္စတာရဲ့ ကိုယ်ထည်ပေါ်မှာ ဖော်ပြထားတဲ့ အရောင်လိုင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို သိရှိပီးပီဆိုတော့ ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို တွက်ကြည့်ကြရအောင်ဗျာ။ အရောင်လိုင်း လေးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာကို အရင်တွက်ပြပါ့မယ်။
ပထမဆုံး ရီစစ္စတာရဲ့ အရောင်လိုင်းတွေကို အောက်မှာပြထားတဲ့အတိုင်း သတ်မှတ်လိုက်ပါ.......
အဲဒီလို သတ်မှတ်ပီးသွားပီဆိုရင် အောက်က တွက်နည်းလေးအတိုင်း အစားထိုးတွက်ကြည့်ရအောင်........
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရေအတွက်ဖြည့်ပါ။
စတုထ္တလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

အခုပုံမှာပြထားတဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်....(ညို) (နက်) (ညို) ပေါ့ဗျာ...
ပထမလိုင်းအရောင် (အညိုရောင်) = ၁
ပထမ ဂဏန်းအဖြစ် ယူပါဆိုတော့ (၁) ပေါ့ဗျာ...စပီနော်..
ဒုတိယလိုင်း အရောင် ( အနက်ရောင်) = ဝ
ဒုတိယ ဂဏန်းအဖြစ်ယူပါဆိုတော့ ပထမဂဏန်းရဲ့ နောက်ပေါ့ဗျာ..( ၁၀ ) ပေါ့
တတိယလိုင်း အရောင် ( အညိုရောင် ) = ၁
တန်ဖိုးအတိုင်း သုည အရောအတွက်ဖြည့်ပါဆိုတော့.. တန်ဖိုးက (၁) ဆိုတော့ သုညတစ်လုံးပေါ့။
(၁၀) ကို သုည တစ်လုံး ထပ်ဖြည့်လိုက်တော့ ( ၁၀၀ ) ပေါ့ဗျာ..။

အရောင်လိုင်းသုံးလိုင်းကို တွက်လိုက်လို့ ရလာတဲ့ အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးပါ။ခုခံမူတန်ဖိုးကို
Ohm နဲ့ သတ်မှတ်တယ်ဆိုတော့ အပေါ်မှာ တွက်ပြလိုက်တဲ့ ရီစစ္စတာရဲရ ခုခံမူ တန်ဖိုးက 100 Ohm
လို့ အဖြေထွက်ပါတယ်ဗျာ။

ညို နက် ညို = 100 Ohm ပေါ့။
စတုထ္တလိုင်းက အမှားရာခိုင်နှုန်းပါ။ အပေါ်မှာက ရွှေရောင်ဆိုတော့ အမှား ၅% ပေါ့။

ညို နက် ညို ရွှေ = 100 Ohm 5% လို့ အဖြေထွက်လာပါတယ်။ လွယ်တယ်မို့လားဗျ ။

No comments:

Post a Comment