ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

MO MO Tablet ရဲ့ အလုပ်လုပ်ပုံ အခြေခံသဘောတရားလေးတွေပါ Phone ဘဲဖြစ်ဖြစ် Tablet ဘဲဖြစ်ဖြစ် ပါဝင်တဲ့ IC အလုပ်လုပ်ပုံ တွေက သိပ်မကွာပါဘူး




1.Speaker audio amplifier IC လေးပါ(speaker အသံမထွက်တာတို့ ဖုန်း စကားပြော နားထောင်တာတွေ အသံ မရှင်း အသံမလာတာ ဆိုရင် အဲဒီ IC လေးလဲရင် ရတတ်ပါတယ်)ပထမဦးဆုံးအနေနဲ့တော့ Speaker Jack & Speaker &Software တို့အရင် စစ်သင့်ပါတယ်)
2.usb switch ic (1.8v) (Usb data & Charge တို့အလုပ်မလုပ်ရင် အဲဒီ IC လေး လဲရင်ရတတ်ပါတယ်)ပထမဦးဆုံး အနေနဲ့တော့ USB Jack နဲ့ Software & Driver တို့အရင် စစ်သင့်ပွါတယ်)
3.Setup conventer backlight aprox 10 v(နောက်ခံအလင်းအတွက် ဗို့မြှင့် ပေးတဲ့ IC လေးပါ )သူကတော့ Power supply ကလာတဲ့ volt ကို ကိုက်ညီတဲ့ volt ရောက်အောင် မြှင့်ပေးပြီး diode &resistor တို့ဆီကတဆင့် socket ကတဆင့် display ဆီ ပို့ပေးတာပါ)ပထမဆုံးအနေနဲ့ကတော့ LCD နဲ့ သွယ်ထားတဲ့ကြိုးတွေ lose ဖြစ်မဖြစ် အရင်စစ်သင့်ပါတယ် (အနီးစပ်ဆုံး 10 V)
4.Setup conventer LCS aprox 11v(ဗို့မြှင့် ပေးတဲ့ IC လေးပါ )သူကတော့ Power supply ကလာတဲ့ volt ကို ကိုက်ညီတဲ့ volt ရောက်အောင် မြှင့်ပေးတာပါ)ပထမဆုံးအနေနဲ့ကတော့ LCD နဲ့ သွယ်ထားတဲ့ကြိုးတွေ lose ဖြစ်မဖြစ် အရင်စစ်သင့်ပါတယ် (အနီးစပ်ဆုံး 11 V)
5. ACELEROMETRO ( motion sensor IC ပါ ယေဘူယ အားဖြင့် Sensor ပိုင်း ကြောင်တာတွေ အလုပ်မလုပ်ရင် ဒီ IC လေးကြောင့်လည်းဖြစ်တတ်ပါတယ် )
6.LDO camera 2.8 v(Camera အတွက် voltage regulator လေးပါ တည်ငြိမ် ဗို့အားဖြစ်အောင် ထိန်းညျိ့ပေးတာပါ
 ) AC/DC and Isolated DC/DC Power Supply
Camera ရိုက်မရတာတို့ ဖြစ်ရင် အဲဒီ IC  လေးလဲရင် ကောင်းတတ်ပါတယ်)
7.Touch IC(touch ပိုင်း မကောင်းရင် ကြောင်ရင် အဲဒီ IC လေးကြောင့်ပါ)Touch screen ကောင်းရက်နဲ့ဆိုရင်ပေါ့ (သို့)software ပိုင်းကြောင့်လည်းဖြစ်တတ်ပါတယ်
8.Setup conventer 5v vcc(volt မြှင့်ပေးတဲ့ IC လေးပါ)
9.Step down conventer 3.3v vcc(volt နှိမ့်ပေးတဲ့ IC လေးပါ)
10.crystal (ဒီပုံဆောင်ခဲလေးကတော့တိုင်းဖို  မလွယ်ပါဘူး)
11.Step down conventer 1.5 v ram(volt နှိမ့်ပေးတဲ့ ram IC ပါ)
12.Wifi IC( wifi မရ မကောင်းရင် ဒီ ic လေးလဲပေးရင် ရတတ်ပါတယ် software ကြောင့်မှမဟုတ်ရင်ပေါ့)
13.Central processing unit(အဓိက ထိန်းချုပ်မောင်းနှင်ပေးတဲ့ IC ဖြစ်ပါတယ်)့
14.Real time clock Ram IC RTC(Reset ကျပြီး ပြန်မတက်တဲ့ error ဟာ အဲဒီ IC ကြောင့် အဖြစ်များပါတယ်) ဒါကြောင့်လည်း CMOS RAM လို့လည်း ခေါ်တာပါ
16.Random access memory(working memory Total system performance)
Credit to All….

No comments:

Post a Comment