ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

Resistor ( ရီစစ္စတာ) - အပိုင်း ၂


အရောင်လိုင်း ငါးလိုင်းဖော်ပြထားသော ရီစစ္စတာများ

အရောင်လိုင်း ငါးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာတွေရဲ့ တန်ဖိုးကို တွက်ဖို့ အောက်ပါအတိုင်း အရောင်လိုင်းတွေကို သတ်မှတ်လိုက်ပါ။
တွက်နည်းကတော့ အရောင်လိုင်း လေးလိုင်း ရီစစ္စတာ တွက်နည်းနဲ့ အနည်းငယ်သာ ကွာခြားပါတယ်။
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း တတိယ ဂဏန်းအဖြစ်ယူပါ။
စတုထ္တလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရောအတွက် ယူပါ။
ပဉ္စမလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

(ညို) (နက်) (နက်) (ညို) (ရွှေ) ဆိုတဲ့ အရောင်လိုင်း ငါးလိုင်းနဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်
ပထမ အရောင် (ညို) = ၁
ဒုတိယ အရောင် (နက်) = ၀ <ဒုတိယဂဏန်း ဆိုတော့ ၁၀ >
တတိယအရောင် (နက်) = ၀ <တတိယဂဏန်း ဆိုတော့ ၁၀၀ >
စတုထ္တအရောင် (ညို) = ၁ <သုညအရေအတွက် ဖြည့်ဆိုတော့ ၁၀၀၀ >
အရောင်လိုင်း လေးလိုင်းကို တွက်လို့ ရလာတဲ့အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူတန်ဖိုးပါ။ ပဉ္စမအရောင်လိုင်းက အမှားရာခိုင်နှုန်းပါ။

(ညို) (နက်)(နက်)(ညို) = 1000 Ohm ပါ။ လွယ်တယ်မို့လားဗျ။

ရီစစ္စတာများရဲ့ ခုခံမူတန်ဖိုးများကို အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်ကြပါတယ်။
ခုခံမူတန်ဖိုး ၁၀၀၀ မှ ၁၀၀၀ ကျော်လျှင် ကီလိုအုမ်း (K) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ဖြင့် စားလျှင် ကီလိုအုမ်းရပါတယ်။
ဥပမာ။ ။ 1000 Ohm = 1 K Ohm ပေါ့ဗျာ။

ခုခံမူတန်ဖိုး ၁၀၀၀ ၀၀၀ မှ ၁၀၀၀ ၀၀၀ ကျော်လျှင် မဂ္ဂါအုမ်း (M) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ၀၀၀ ဖြင့် စားလျှင် မဂ္ဂါအုမ်းရပါတယ်။
ဥပမာ။ ။ 1000 000 Ohm = 1 M Ohm ပေါ့။

အလားတူပဲ ခုခံမူတန်ဖိုး ကီလိုအုမ်း (K) တစ်ထောင်မှ တစ်ထောင်ကျော်လျှင် မဂ္ဂါအုမ်း(M) ပြောင်းရပါတယ်။
ဥပမာ။ ။ 1000 K Ohm= 1 M Ohm ပေါ့ဗျာ။

ဒီလောက်ဆိုရင် အရောင်လိုင်းများနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို အောင်မြင်စွာ တွက်ချက်ပီး တန်ဖိုးတွေကို သိရှိနိုင်ကြပါတယ်ခင်ဗျာ.....။

No comments:

Post a Comment