ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

Resistor ( ရီစစ္စတာ ) - အပိုင်း (၅)


ရီစစ္စတာအပိုင်း(၁)မှအပိုင်း(၄)အထိ ရေးသားထားသောရီစစ္စတာများမှာတန်ဖိုးမပြောင်းလဲနိုင်သောပုံသေရီစစ္စတာများဖြစ်ပါတယ်။အခုဆက်လက်လေ့လာရမှာကတန်ဖိုးပြောင်းနိုင်သောရီစစ္စတာများအကြောင်း
ဖြစ်ပါတယ်။


Variable Resistor (V/R) - တန်ဖိုးပြောင်းနိုင်သော ရီစစ္စတာ


တန်ဖိုးပြောင်းနိုင်သော ရီစစ္စတာများကို ရေဒီယိုများနဲ့ အသံချဲ့စက်များမှာ အသံလှိုင်းများကို ဖမ်းယူခြင်း၊
အသံကို အတိုးအကျယ်ပြုလုပ်ခြင်း၊ မိမိလိုအပ်သော လှိုင်းအကျယ်ကို ရရှိအောင် ချိန်ညှိခြင်း အစရှိသဖြင့်
တွင်ကျယ်စွာ အသုံးပြုပါတယ်။
တန်ဖိုးပြောင်းနိုင်သော ရီစစ္စတာမှာ ပုံသေရီစစ္စတာနှစ်လုံးကို တန်းဆက် ဆက်သွယ်ပြီး အလယ်(ဘုံ)စ တစ်ခု
ထုတ်ထားခြင်းကဲသို့ အသွင်တူပါတယ်။

တန်ဖိုးပြောင်းလဲနိုင်သော ရီစစ္စတာများကို
- A type ( A အမျိုးစား)
- B type ( B အမျိုးစား)
- C type ( C အမျိုးစား )
လို့ သုံးမျိုးခွဲခြားထားပါတယ်။

A type
အစငုတ်နှင့် အလယ်ငုတ်ကြား ခုခံမူတန်ဖိုးမှာ သိသာစွာ မပြောင်းလဲပဲ အလယ်ငုတ်နှင့် အဆုံးငုတ်ကြား ခုခံမူတန်ဖိုး
သိသာစွာ ပြောင်းလဲစေပါတယ်။

B type
အစငုတ်နှင့် အလယ်ငုတ်ကြား ခုခံမူ၊ အလယ်ငုတ်နှင့် အဆုံးငုတ်ကြား ခုခံမူတန်ဖိုးများ တူညီစွာ ပြောင်းလဲပါတယ်။

C type
အစငုတ်နှင့် အလယ်ငုတ်ကြား ခုခံမူတန်ဖိုးမှာ သိသာစွာပြောင်းလဲပြီး အလယ်ငုတ်နှင့် အဆုံးငုတ်ကြား ခုခံမူတန်ဖိုး
သိသာစွာ မပြောင်းလဲစေပါ။

Variable Resistor ရဲ့ ခုခံမူ တန်ဖိုးနဲ့ အမျိုးအစားကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ တိုက်ရိုက် ရေးသားဖော်ပြပေး
ထားပါတယ်။
Variable Resistor ရီစစ္စတာများကို ငုတ်သုံးငုတ်ဖြင့် ( Mono ) ဖြင့်သော်လည်းကောင်း၊ ငုတ်ခြောက်ငုတ်ဖြင့် ( Stereo ) ဖြင့်သော်လည်းကောင်း
အသံချဲ့စက်များတွင် တွင်ကျယ်စွာ အသုံးပြုကြပါတယ်။

ဒီလောက်ဆို ရီစစ္စတာအကြောင်းကို တော်တော်လေး သိရှိနားလည်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ..........

No comments:

Post a Comment