ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, November 24, 2013

Android Application ကို မြန်မာမှုပြုရအောင်

ဒီနည်းပညာလေးကတော့ ကျန်တော်တို့လို မသိသေးတဲ့ ဆရာမရှိပဲလေ့လာနေတဲ့ သူငယ်ချင်းများအတွက် တကယ်တန်ဖိုးရှိတဲ့ ပညာရပ်လေးပါ သိပြီးသူများရှိသလို စတင်လေ့လာသူများ မသိသေးရင် သိရှိရန် ရည်ရွယ်ပြီး ဝေမျှတင်ပေးလိုက်တာပါ Mr.Phyo ဆိုဒ်လေးမှEnglish ဘာသာနဲ့ရေးထားတဲ့ Application ကို ဗမာစာပြောင်းချင်သူများအတွက် ဗမာစာပြောင်းလဲနည်းကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့…..


APK Multi-Tool (Official APK MULTI-TOOL နဲ့ Frameworks ကို download ပြုလုပ်ရပါမယ်)
Notepad++ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)
Java (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ)

လိုအပ်တာတွေကို Download ပြုလုပ်ပြီးပြီဆိုရင်တော့ APK MULTI-TOOL နဲ့ Frameworks ဖိုင်နှစ်ဖိုင်ပေါ်မှာ right click နှိပ်ပြီး  Extract here ပေါ်မှာ Click ပါ ။ APK-Multi-Tool Folder နဲ့ framework files အများကြီးကိုတွေ့ရပါလိမ့်မယ်။




framework files တွေထဲကမှ framework-res_api16.apk ဖိုင်ကိုရှာပါ။  framework-res_api16.apk ကို copy ကူးပြီး APK-Multi-Tool Folder ထဲမှ other Folder ကိုထပ်သွားပါ။ other Folder ထဲမှာ Paste လုပ်ပါ။  framework-res.apk ဆိုပြီး rename ပြောင်းပေးပါ ။





APK-Multi-Tool Folder ကိုပြန်သွားပါ။ APK-Multi-Tool Folder ထဲမှ Setup.bat ကို run ပါ။ cmd ထဲမှာ 2 ဆိုတာကိုရိုက်ပြီး Enter ခေါက်ပါ။





framework-res.apk ကို install ပြုလုပ်ဖို့အတွက် Type 1 ကိုရွေးပေးရပါမယ်။ 1 ကိုရိုက်ပြီး enter ခေါက်ပါ။ box တစ်ခုထပ်ပေါ်လာပြီး framework ကို intall ပြုလုပ်နေပါလိမ့်မယ်။ ပြီးသွားရင် auto ပိတ်သွားပါလိမ့်မယ်။ Setup.bat ကို ခဏပိတ်လိုက်ပါ။





 ပြီးရင် Setup.bat ဖိုင်ကို ပြန် run ပါ။ 3 ကိုရိုက်ပြီး enter ခေါက်ပါ။ ပြီးပြီဆိုရင်တော့  APK-Multi-Tool Folder ထဲမှာ Folder အသစ်တွေ ထပ်တွေ့ရမှာပါ ။
တစ်ဝက်နီးပါတော့ ပြီးသွားပါပြီ။ မြန်မာမှုပြုချင်တဲ့ apk ကို place-apk-here-for-modding Folder ထဲကို copy ကူးထည့်ပါ ။ Script.bat ကို run ပါ။ ( ဒီနေရာမှာ စာဖတ်သူစက်ထဲကို Java မသွင်းထားဘူးဆိုရင်တော့ အလုပ်ဆက်လုပ်မှာမဟုတ်ပါဘူး )
Script.bat ဖိုင်ပေါ်လာပြီး options တွေမြင်တွေ့ရပါလိမ့်မယ်။ မြန်မာမှုပြုလုပ်မယ့် apk ဖိုင်ရဲ့ လမ်းကြောင်းကိုသွားဖို့အတွက် 24 ကိုရိုက်လိုက်ပါ။ ခုနက place-apk-here-for-modding Folder ထဲမှာထည့်ထားတဲ့ apk ကိုမြင်တွေ့ရမှာပါ။ ကျွန်တော်က  place-apk-here-for-modding Folder ထဲမှာ apk တစ်ခုပဲထည့်ထားတဲ့အတွက်ကြောင့် apk list မှာ 1 ပဲရှိပါတယ်။ (apk တွေသုံး၊လေးခုထည့်ထားမယ်ဆိုရင် 1,2,3,4 ဆိုပြီးရှိနေမှာပါ) 1 ကိုရိုက်ပြီး enter ခေါက်ပါ။
Apk ကို Decompile လုပ်ဖို့အတွက် 9 ကိုရိုက်ပြီး enter ခေါက်ပါ။ apk ရဲ့ဖိုင်ဆိုဒ်ကြီးရင်ကြီးသလို နည်းနည်းကြာပါမယ်။ Decompile လုပ်လို့ ပြီးသွားပြီဆိုရင် APK-Multi-Tool Folder ထဲမှ projects Folder ထဲကိုဝင်ပါ။ projects Folder ထဲမှာ မြန်မာမှုပြုလုပ်မယ့် Folder ရှိနေပါပြီ။
6:18pm
Moe Lone Pyae Shan
ဥပမာ – Apk-Multi-Tool\project\com.facebook.katana\
com.facebook.katana ထဲကိုသွားပြီး  \res\values\ ထဲကိုထပ်သွားပါ။  string.xml ကိုရှာပါ။ right click နှိပ်ပြီး Edit with Notepad++ ပေါ်မှာ click ပါ။ Notepad++ ထဲမှာ text တွေကို အနက်ရောင်ကာလာနဲ့  highlighted လုပ်ထားတာတွေကို မြန်မာမှုပြုလုပ်ရမှာပါ။  ( စိတ်ရှည်လက်ရှည် မြန်မာမှုပြုလုပ်ဖို့တော့ လိုပါမယ် )
အားလုံးကို မြန်မာမှုပြုပြီးသွားပြီဆိုရင်တော့ Script.bat ကိုပြန် run ပါ။ စာဖတ်သူ မြန်မာမှုပြုထားတဲ့ apk ဟာ System apk ဆိုရင် 11 ကိုရိုက်ပြီး enter ခေါက်ပါ။ System apk မဟုတ်ရင်တော့ 12 ကိုရိုက်ပြီး enter ခေါက်ပါ။ Type 1-4 ရွေးခိုင်းသေးတယ်ဆိုရင် 2 ကိုရိုက်ပြီး enter ခေါက်ပါ ။ မြန်မာမှုပြုထားတာကို သေချာအောင် sign လုပ်ဖို့အတွက် 13 ကိုရိုက်ပြီး enter ထပ်ခေါက်ပါ။ (Non-System apk အတွက်သာ)
ဒါဆိုရင်တော့ မြန်မာမှုပြုလုပ်တဲ့ လုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပါပြီ။ စာဖတ်သူမြန်မာမှုပြုလုပ်ထားတဲ့ apk ကို  put-apk-here-for-modding Folder မှာ singedexample.apk ဆိုပြီးမြင်တွေ့ရပါလိမ့်မယ်။
ref; HOW TO TRANSLATE ANDROID APPS INTO YOUR LANGUAGE V2


credit: ..myanmarmobileappstore
                                                                                                        ဗိုလ်လှိုင်း(ဆိပ်ဖြူ)

No comments:

Post a Comment