ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, November 20, 2016

Relay Control Circuit ( with LDR )




ဒီဆားကစ်လေးကတော့ LDR လို့ ခေါ်တဲ့ Light-Dependent-Resistor (အလင်းရရှိမူပေါ် မူတည်သော ရီစစ္စတာ)နဲ့ 555 IC အကို အသုံးပြုထားတဲ့ Relay ကို အလင်းရောင်နဲ့ လိုအပ်သလို ထိန်းချုပ်နိုင်မယ့် ပါတ်လမ်းလေးဖြစ်ပါတယ်။

LDR ပေါ်ကို အလင်းကျရောက်မူကြောင့် ဖြစ်ပေါ်လာမယ့် ခုခံမူဟာ
VR1ရဲ့ခုခံမူထက်များနေမယ်ဆိုရင် 555 IC ရဲ့ ငုတ်နံပါတ် ၂ နဲ့ ၆ မှာပေးသွင်းဗို့ရဲ့ ၃ပုံ ၂ပုံ (၈ ဗို့) ခန့်သက်ရောက်နေမှာမို့ ငုတ်နံပါတ် ၃ မှအထွက်ဗို့ ရရှိပြီး Relay ကပ်သွားမှာ ဖြစ်ပါတယ်။

LDR ပေါ်ကို အလင်းကျရောက်မူများလာတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် ခုခံမူဟာ
VR1 ရဲ့ ခုခံမူအောက်နည်းနေမယ်ဆိုရင် 555 IC ရဲ့ ငုတ်နံပါတ် ၂ နဲ့ ၆ မှာပေးသွင်းဗို့ရဲ့၃ပုံ၁ပုံ(၄ဗို့)      ခန့်သက်ရောက်နေမှာမို့ ငုန်နံပါတ် ၃ မှအထွက်ဗို့ မရရှိတော့ပဲ Relay ပြုတ်သွားမှာ ဖြစ်ပါတယ်။

မိမိလိုအပ်သလို Relay ကို အလုပ်လုပ်စေရန် VR1 ကို လှည့်လှည်ပြီး ချိန်ညှိနိုင်ပါတယ်။

ရီလေးပြုတ်သွားတဲ့အခါမှာ အပြန်လှန်လျပ်စီး စီးဆင်းမူကြောင့် အိုင်စီပျက်စီးခြင်းမှကာကွယ်နိုင်ရန်အတွက်1N4001 ဒိုင်အုပ်ကို အသုံးပြုရပါမယ်။

(( LDR ကို ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ဦးရွှေလင်း၊ဒေါ်ကြင်ကြင် အီလက်ထရောနစ်၊ မောင်ခိုင်လမ်းရှိ ဥသြ အီလက်ထရောနစ်၊Mandalay မြို့တွင် မျိုးသိန်းအီလက်ထရောနစ်၊ မုံရွာမြို့တွင်လွင်အီလက်ထရောနစ်တို့တွင် ၀ယ်ယူနိုင်သကဲ့သို့ နီးစပ်ရာ
 အီလက်ထရောနစ်အပိုပစ္စည်းဆိုင်များမှာလဲ လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ပါတယ်))

>>ကျတော်စတင်တွေ့ကြုံစဉ်က LDR ကို ထူးထူးဆန်းဆန်းနှင့် ဘယ်မှာဝယ်ရမယ်ဆိုတာကို မသိ ဖြစ်ခဲ့ဖူးလို့ ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ....

တည်ဆောက်အောင်မြင် ပြုံးပျော်ရွှင်နိုင်ကြပါစေခင်ဗျာ................

မင်းညို

No comments:

Post a Comment