ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, November 20, 2016

ကိုထွဋ်ရဲ့ မီတာတိုင်းခြင်းနှင့် အစိတ်အပိုင်းများစမ်းသပ်ခြင်း & CPU, Digital Signal Processing, Embedded Systems & Digital Electronics

Analog Multi Meter မိတ်ဆက်

 
မီတာတစ်လုံး၏ ပြင်ကာအခေါ်အဝေါ်များ
(1) Pointer
မီတာတိုင်းရာတွင် တိုင်းတာရရှိသည့် တန်ဖိုးများအား ညွှန်ပြသည့် ညွှန်တံ။
(2) Series capacitor terminal (Output)
အသံအချက်ပြလှိုင်း ( Audio Single )များ တိုင်းတာရာတွင် မီတာလက်တံအနီ တပ်ဆင်အသုံးပြုသည့်အပေါက် ဖြစ်ပါသည်။
မီတာလက်တံအနီ ပုံမှန်ထပ်ဆင်သည့် Positive အပေါက်နှင့် Capacitor တစ်လုံးအားတန်းဆက် ဆက်သွယ်ထားပါသည်။
(3) Range Scale
တိုင်းတာမှုစနစ် ဇယားများ -DCV -ဒီစီဗို့အားများ တိုင်းတာခြင်း၊
-ACV -အေစီဗို့အားများ တိုင်းတာခြင်း၊
-OHM -ခုခံမှု တိုင်းတာခြင်း၊
-DCma -DC လျှပ်စီးစကြောင်းတိုင်းတာခြင်း
-BATT -ဘက်ထရီ (ဓာတ်ခဲ) တိုင်းတာခြင်း တို့ပြုလုပ်ရန်အတွက်
(4) Range Slector Switch
တိုင်းတာမှုစနစ် ရွေးချယ်သော ခလုတ်။
(5) 2.5A
Ampere တိုင်းတာရာတွင် 2.5A Scale မှာထားရ်ျ တိုင်းတာမည်ဆိုလျှင် မီတာလက်တံအနီ တပ်ဆင်မည့်အပေါက်။
(6) Measuring Terminal – (COM)
တိုင်းတာမှု မီတာလက်တံအနက် (ဘုံလက်တံ) တပ်ဆင်ရန် အပေါက်။
(7) Scale Reading
တိုင်းတာရရှိသည့် တန်ဖိုးများအား ဖတ်ယူရမည့် ဇယား။
(8) Zero Corrector
မီတာညွန်တံသည် အသုံးမပြုသည့်အချိန်မှာ လက်ဝဲဘက် အစွန်ရှိ (သုည) ၏ အပေါ်တည့်တည့်မှာတည်ရှိနေရပါမည်။အကယ်လို့ ထိုနေရာသို့မရောက်ပါက Zero Corrector ဖြင့်ချိန်ပေးရပါမည်။ (အရေးကြီးပါသည် ထိုသို့ မှန်အောင်ထားမှသာ အစိတ်အပိုင်းများ၏တန်ဖိုးကို မှန်ကန်စွာ ဖတ် နိုင်ပါမည်။)
(9) 0_ဂ_ Adjust
Ohm ခုခံမှု တိုင်းတာရာတွင် စကေးတစ်ခုပြောင်းတိုင်း ချိန်ညှိပေးရပါမည်။
ချိန်ပုံချိန်နည်း။ ။မီတာတိုင်းတံ နှစ်ချောင်းအား ပူးထိပါ။ မီတာညွန်တံသည် လက်ယာဘက်သို့ညွန်နေပါမည်။ထိုအချိန်တွင် ၄င်းညွန်တံအား 0 _ဂ_ ၏ အပေါ်တည့်တည့်သို့ရောက်အောင်ချိန်ညှိပေးရပါမည်။
(အရေးကြီးပါသည် ထိုသို့ မှန်အောင်ထားမှသာ အစိတ်အပိုင်းများ၏တန်ဖိုးကို မှန်ကန်စွာ ဖတ် နိုင်ပါမည်။)
(10) hfe test terminal
Transistor များအား အချဲ့စွမ်းအား တိုင်းတာရာတွင် အသုံးပြုရမည့် အပေါက်ငယ်လေးများ။
(11) Measuring terminal (+)
တိုင်းတာမှု အနီလက်တံ (Positive) တပ်ဆင်ရန် အပေါက်။
(12) Test Probe
တိုင်းတာမှု လက်တံများ။
အထက်ဖော်ပြပါ အခေါ်အဝေါ်များအတွက် Anaolg Multi Meter (sunwa YX-960TR )
Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ ယေဘူယျ စနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။

(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာအမျိုးအစား၊ မော်ဒယ်လ်ကိုလိုက်ကာ အနည်းငယ်ကွဲလွဲနိုင်ပါသည်။)
အချို့ Digital Multimeter များတွင် AC V,DC V,A အစရှိသည်တို့ တိုင်းတာသော အခါတွင် Auto Range စနစ်ပါရှိသည် (ထိုစနစ်ပါရှိသော Digital Multimeter မျိုးသည် ပိုမိုကောင်းမွန်သလို ဈေးလည်း အလွန်ကြီးပါသည်။ထိုစနစ်ရဲ့အားသာချက်ကတော့ မီတာမှ V,A,Ohm တို့ကို အလိုအလျောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။)

DC Voltage Range
200mV (100 μV မှ 200mV ထိ )
2000mV (1mV မှ 2000mV ထိ)
20V (10mV မှ 20V ထိ)
200V (100mV မှ 200V ထိ)
500V (1V မှ 500V ထိ) တိုင်းတာနိုင်ပါသည်။
AC Voltage Range

200V (100mV မှ 200V ထိ)

DC Current Range
200 μ A (0.1 μA မှ 200 μA ထိ)
2000 μA (1 μA မှ 2000 μA ထိ)
20mA (10 μA မှ 20mA ထိ)
200mA (100 μA မှ 200mA ထိ)
10A (10mA မှ 10A ထိ) တိုင်းတာနိုင်ပါသည်။
ၽResistance Ohm (Ω) Range
200 Ω (0.1 Ω မွ 200 Ω ထိ)
2000 Ω (1 Ω မွ 2000 Ω ထိ)
20K Ω (10 Ω မွ 20K Ω ထိ)
200K Ω (100 Ω မွ 200K Ω ထိ)
20M Ω (10K Ω မွ 20M Ω ထိ)
200M Ω (100K Ω မှ 200M Ω ထိ) တိုင်းတာနိုင်ပါသည်။
(eg။ ။360 Ω ရှိသော resistor တစ်လုံးအား 200 Ω Range တွင် တိုင်းတာသောအခါ မီတာ စကေးတွင် 358,359 Ωခန့်ပြသပါမည်။20k Ω Range တွင်တိုင်းပါက 0.36 Ω ပြသပါမည်။)

Diode တိုင်းခြင်း
Digital Multimeter တွေမှာ Diode တိုင်းရန်အတွက် သီးသန့် Diode Range (scale) ပါရှိပါသည်။ကောင်းမွန်သော Diode တစ်ခုအား Diode Range မှာထားပြီးတိုင်းပါက 518,519,714,713 အစရှိသဖြင့် ဖော်ပြပါမည်။

Diode Range တွင်ထားပါက မီတာတွင် 1 (သို့) 0L ပေါ်ပါမည်။
မီတာတစ်လုံးနှင့်တစ်လုံးကြား အနည်းငယ်ကွဲလွဲနိုင်ပါသည်။
(သတိပြုရန်။ ။Digital Multimeter တွင် Diode Scale တွင်တိုင်းတာပါက မီတာ Probe တံ အနီတွင် (+V) မီတာ Probe တံ အနက်တွင် (-V) ရောက်ရှိနေပါမည်။
ယခုအချက်သည် Analog Multimeter နှင့် ပြောင်းပြန် အချက်ဖြစ်ပါသည်။
ထို့ကြောင့် Digital Multimeter ဖြင့် Diode တိုင်းတာလျှင် Diode ၏ Cathode (-)တွင် မီတာ Probe တံ အနက်ကိုထား ပြီး Anode (+) တွင် မီတာ Probe တံ အနီကိုထားပြီးတိုင်းရပါမည်။မှားတိုင်းမိပါက မီတာတွင်ဘာမှ မပြပါ 1 (သို့) 0L သာပြပါမည်။
Batter တိုင်းခြင်း
Battery တိုင်းသော အခါ မီတာလက်တံ အနီ အနက် တို့ကိုမှန်ကန်စွာ ထားပြီး တိုင်းတာရပါမည်။မှားယွင်းပါက ကိန်းဂဏန်းများ၏ ရှေ့တွင် - ပြနေပါမည်။

Analog Multi Meter (ပထမ-ပိုင်း)


Analog Multi Meter တစ်ခုတွင် တိုင်းတာနိုင်တဲ့ စနစ်တွေကတော့-
(1) Resistance ( Ohm ) ခုခံမှုတိုင်းတာခြင်း၊
(2) ( DCV ) DC Volt အား တိုင်းတာခြင်း၊
(3) ( ACV ) AC Volt အား တိုင်းတာခြင်း၊
(4) DC Current (DCmA) DC လျှပ်စီးကြောင်းတိုင်းတာခြင်း၊
(5) Battery test ဘက်ထရီ (ဓာတ်ခဲ) တိုင်းတာခြင်း၊
(6) db test အသံပြင်းအား တိုင်းတာခြင်း၊
(7) (I ceo) Leakge current test ထရန်စစ္စတာ ယိုစီးမှု တိုင်းတာခြင်း၊
(8) hfe (DC Amplification) အချဲ့စွမ်းအား တိုင်းတာခြင်း
(9) Diode test ဒိုင်အုတ် တိုင်းတာခြင်း စသည်တို့ဖြစ်ပါတယ်။

ျResistance (Ohm) ခုခံမှု တိုင်းတာခြင်း
၎င်းစနစ်သည် စက်ပြုပြင်ရာတွင် အလွန်အသုံးဝင်သော စနစ်တစ်ခုဖြစ်သည်။တိုင်းတာလို့ရနိုင်တဲ့ ပစ္စည်းတွေကတော့-
(1)Resistor
(2)Condenser
(3)Diode
(4)Transistor
(5)IC အစရှိသော အခြေခံ ပစ္စည်းများနှင့်
(6)ကြိုးအဆက်အသွယ် (Circuit လမ်းကြောင်း) တိုင်းတာခြင်းတို့ ဖြစ်ပါသည်။

Resistance တိုင်းတာလိုပါက တိုင်းတာမှုစနစ် Range Position ရွေးချယ်ရပါမည်။ထို့နောက် ၄င်း Range Position နှင့် ဆက်စပ်နေသည့် Ohm တန်ဖိုးကိုလည်း ဖတ်ယူနိုင်ရပါမည်။Range Position (5) မျိုးပါဝင်ပါသည်။အဲဒါတွေကတော့
- x1
- x10
- x100
- x1k
- x10k တို့ပဲဖြစ်ပါတယ်။

Reaistance တိုင်းတာရာတွင် တိုင်းတာသည့်ပစ္စည်းတို့၏ ပကတိ Resistance တန်ဖိုးရရှိရန်အတွက် မီတာညွှန်ပြ တန်ဖိုးနှင့် Range Scale ကိုမြှောက်ရပါမည်။

ပုံသေနည်းအားဖြင့်
ပကတိတန်ဖိုး=မီတာပြတန်ဖိုး x Range Position

m milli 0.001 10 to the power -3

k kilo 1000 10 to the power 3

M mega 1000000 10 to the power 6

1000 milli units = 1 unit
1000 units = 1 kilo unit
1000 kilo units = 1 mega unit



Ohm Scale ဖြင့်တိုင်းတာ စစ်ဆေးခြင်း

Resistor (လျှပ်ခံ) Defination
တစ်စုံတစ်ရာသော ခုခံမှုပမာဏရှိအောင် ဒီဇိုင်းပြုလုပ်ထားသည့် အစိတ်အပိုင်းတစ်ခုကို လျှပ်ခံဟုခေါ်သည်။

Resistor (လျှပ်ခံ)
ပထမဦးစွာ မည်သည့် Ohm Scale ကိုမဆို တိုင်းတာသည့် အခါတိုင်း Range Scale များတွင် 0_ဂ_ adjust ပြုလုပ်ရန်လိုအပ်ပါသည်။
Resistor တိုင်းတာစစ်ဆေးရာတွင် မီတာတိုင်းတံ ( Prope တံ ) ကိုရွေးချယ်စရာ မလိုပဲ တိုင်းတာစစ်ဆေးနိုင်ပြီး မီတာတိုင်းတံကို မည်သို့ပင်တိုင်းတိုင်း တန်ဖိုးမှာ အတူတူပင် ပြရပါမည်။
Resistor အကောင်းတစ်လုံးကို တိုင်းတာသောအခါ ၄င်း၏ Ohm တန်ဖိုးကို မှန်ကန်စွာဖြင့် မီတာမှာပြရပါမည်။အနည်းငယ် မှားယွင်းပြီးပြသနေသော်လည်း ၄င်း Resistor ကို ကောင်းသည်ဟုယူဆရပါမည်။အဘယ်ကြောင့်ဆိုသော် Resistor ၏ အမှားရာခိုင်နှုန်းကြောင့်ဖြစ်ပါသည်။

( ကျွန်တော်တို့ ဆယ်တန်း ရူပဗေဒ ဘာသာရပ်သင်တုန်းက ဆရာမ သင်ပေးသော ဆောင်ပုဒ်လေးကိုသတိရမိပါသည်။ " ရွှေငါးတစ်ကောင် ငွေတစ်ဆယ် " လို့စာသင်ချိန်မှာ ရွတ်ဆိုခဲ့တာလေးပါ)
ရွှေရောင်ဖြင့်ဆုံးလျှင် + or - 5%
ငွေရောင်ဖြင့်ဆုံးလျှင် + of - 10%

Resistor Colour Code များကို ဖတ်ရှုနည်း
(1) Resistor ၏ အနီးဆုံးအစွန်းတစ်ဖက်ရှိ ရောင်စဉ်မျဉ်းမှစပါ။ (ရွှေနှင့်ငွေ ကိုနောက်ဆုံးမှထားဖတ်ပါ။)
ပထမမျဉ်း သည် ခုခံမှုတန်ဖိုး၏ ပထမကိန်း (ခုကိန်း) ဖြစ်သည်။
(2) ဒုတိယရောင်စဉ်မျဉ်းသည် ဒုတိယကိန်း (ဆယ်ကိန်း) ဖြစ်သည်။
(3) တတိယရောင်စဉ်မျဉ်းသည် ဒုတိယကိန်းနောက်တွင် ရှိမည့် သုညအရေအတွက် (သို့) ထပ်ညွှန်း (မြှောက်ဖော်ကိန်း) ကိုညွှန်ပြသည်။
(4) စတုတ္ထရောင်စဉ်မျဉ်း (ရွှေငွေ) ကွဲလွဲမှုပမာဏ ကိုဖော်ပြသည်။

0 Black
1 Brown
2 Red
3 Orange
4 Yellow
5 Green
6 Blue
7 Violet
8 Grey
9 White
လင်္ကာ
ညို၁ နီ၂ လိမ်၃ ၀ါလေး စိမ်းငါး ပြာ၆ ရမ်း၇ ခို၈ ဖြူ၉ နက်0 ရွှေငါးတစ်ကောင် ငွေတစ်ဆယ်။
ယခုဖော်ပြထားသော Resistor Colour Code ဖတ်နည်းဖြင့် ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဖားပါးစပ် (ခေါ်) ညှပ်ချာဂျင် အတွင်း ဆားကစ်မှာပါတဲ့ ရီစစ္စတာလေးများ၏ တန်ဖိုးကိုဖတ်ရှုနိုင်ပါသည်။
Mobile Phone ဆားကစ်များမှာ ပါရှိတဲ့ Resistor များမှာတော့ Colour Code များမပါပါ။ကိန်းဂဏန်း စာသားများဖြင့်သာ ဖော်ပြထားပါသည်
အစိတ်အပိုင်းများ စမ်းသပ်ခြင်း (Part 1)


နည်းပညာရပ်ဆိုင်ရာအခေါ်ဝေါ်အဓိပ္ဗါယ်များ

GND : Ground ဖြစ်သည် (Capacitors အများစု၏ အစွန်းတစ်ဘက်သည် GND ဖြစ်၏)

BATT_VCC : Battery ၏ အပေါင်းပင်မှ တိုက်ရိုက်လိုင်းဖြစ်သည် (Schematics များတွင် အများအားဖြင့် အနီရောင်လိုင်းဖြင့်ပြပြီး ယင်းလိုင်းကိုတိုင်းလျှင် 3.8V (တစ်ခါတစ်ရံ 4.0V) ပြ၏)

VCC_MAIN : BATT_VCC မှ converted လိုင်းဖြစ်သည်… (ယင်းလိုင်းကိုတိုင်းလျှင် 3.8V (တစ်ခါတစ်ရံ 4.0V) ပြ၏)

PMIC : Power Management Integrated Circuit (စက်တစ်ခုလုံးအတွက် Working V+ များစွာထုတ်ပေးသည့် ဓါတ်အားပေးစက်ရုံဟုတင်စားနိုင်ပါသည်... Power လိုင်းအမျိုးမျိုးထုတ်ပေးနိုင်ပြီး Schematics များတွင် PMIC အထွက်လိုင်းများကိုကြည့်လျှင် PWR_800, PWR_1000, PWR_2500 အစရှိသည်ဖြင့်တွေ့နိုင်ပါသည်… လိုချင်သော V+ တစ်ခုကို Jump လုပ်ပြီး ရယူချင်ပါက PWR_2500 ကဲ့သို့ Power များသောလိုင်းကို ဦးစားပေးသင့်ပါသည်)

PA : Network Signal Antenna အတွက် Power Amplifier ဖြစ်ပါသည်

NAND Flash IC : Firmware(OS) နှင့် User Data များရှိသော IC ဖြစ်သည်

*** Schematics များတွင် XW ဟုဖေါ်ပြသော Points များမှာ Factory Jumpers များဖြစ်ကြပြီး အများစုသည် ဘုတ်ပေါ်တွင် ရွှေရောင်ပွိုင့်နှစ်ခုအဖြစ်တွေ့မြင်နိုင်ပြီး အချို့မှာ "Brown Mask" ဟုခေါ်သော ကာဘာအုပ်ထားသဖြင့် ဖေါ်ယူမှသာတွေ့နိုင်ပါသည် ***

*** Water Damaged များတွင် Shorted ကြောင့် ပါးလွှာသောယင်း Jumpers များသည် Fuse ကဲ့သို့ပင်ပြတ်ထွက်နိုင်ပြီး ဂရုစိုက်တိုင်းသင့်ပါသည်... လိုင်းပြတ်တောက်နေပါက ဆက်ပေးရန်ဖြစ်ပါသည် ***
 
Resistor :


ခုခံနိုင်မှု တန်ဘိုးအမှန်ကိုသိနိုင်ရန် ဖြုတ်တိုင်းရပါမည်… Schematics ပေါ်ရှိဖေါ်ပြထားသော ohm နှင့် သင်အသုံးပြုသည့် သင့်တင့်သောအဆင့်ရှိမီတာ ကောင်းပါက တစ်ထပ်တည်းရှိရပါမည်… Polarity ခေါ်အပေါင်း အနှုတ် မရှိပါ… လဲလှယ်ရန်လိုအပ်ပါက "always replace with same ohmage" ဟု ပညာရှင်များမှပြောလေ့ရှိကြသော်လည်း *** ကျနော်တို့ တန်ဘိုးနိမ့် K အောက် အားလုံး ကျော်ခွကြပါသည်… တန်ဘိုးမြင့် K များကို အနီးစပ်ဆုံးဖြင့်အစားထိုးတပ်ဆင်ပါသည် **** (အရေးကြီးသည်မှာ စေတနာစကားသာဖြစ်ပြီး ယင်းစကားကြောင့်နစ်နာမှုလည်းပေါ်လာနိုင်သဖြင့် တန်ဘိုးတူနှင့်သာ အစားထိုးလဲလှယ်ရန်ဖြစ်ပါသည်)

Resistors ပျက်စီးမှုပုံနှစ်မျိုး
1 - Multimeter နှင့် 0 ohm - 20 megaohm အမျိုးမျိုးပြောင်းတိုင်းသော်လည်း ဘာမှမပြခြင်း (*** တန်ဘိုးမြင့် K များသည် Beep မပေးပါ... ထို့ကြောင့် R များကို Multimeter ၏ Beeper တစ်ခုတည်းဖြင့် တိုင်းတာခြင်းမပြုရန် အကြံပြုအပ်ပါသည်)

2 - ဖြုတ်တိုင်းသောအခါ Schematics ပေါ်ရှိတန်ဘိုးနှင့် လွဲမှားစွာဖေါ်ပြနေခြင်း
(ကျနော့်အတွေ့ကြုံအရ 33 ohm resistors တစ်လုံး လောင်ကျွမ်းသောကြောင့် 200K အထိဖြစ်နေသည်ကိုတွေ့ရှိရပါသည်)



Capacitor :



အများအားဖြင့် Capacitor ၏ အစွန်းတစ်ဘက်သည် GND နှင့်တစ်ဆက်တည်းဖြစ်ပြီး အခြားတစ်ဘက်သည် V+ လိုင်းတစ်ခုခုနှင့် ဆက်သွယ်ထားပါသည်… (V+ နှင့် GND ခွထားပါသည်ဆိုလျှင် လိုတိုရှင်းပါ)

*** C က SMD Repairing မှာ မှတ်ရမှာအနည်းငယ်များပါတယ် … တိုင်းလိုက်ရင် Beep နေတဲ့ Frequency Filter ခေါ် AC - C များလည်းရှိပါတယ်… အရောင်မတူပါ… Schematics မှာ C လို့တွေ့ပြီး တိုင်းကြည့်တော့ Beep နေတာတွေ့တာနဲ့ ကော်မထုတ်ပါနဲ့ဦး… အနက်၊ နီညို၊ အနီရောင်နှင့် လိမ္မော်ရောင် C တွေအတွက်လို့ပဲ လောလောဆယ်မှတ်ထားပြီးမှ ဆက်ဖတ်ပါ… ***

ဒီနှစ်မျိုးကို စမှတ်ရန်လိုအပ်ပါတယ်…

- Polarized ခေါ် အပေါင်း အနှုတ်ရှိသော Package(အများအားဖြင့် အနက်ရောင်အတုံးပေါ်မှာ "+" အမှတ်အသားပါပါတယ်)၊ လဲလှယ်ရန်လိုအပ်ပါက အပေါင်းအနှုတ် မှန်အောင်ပြန်တတ်ရန်လိုပြီး မှားတတ်မိရင် အဲဒီ C လောင်ကျွမ်းသွားပါလိမ့်မယ်… Polarity မှားတတ်မိလို့တော့ အခြားဆိုးဝါးတဲ့အကျိုးဆက်မရှိပါ...)

- Unpolarized ခေါ် အပေါင်း အနှုတ်မရှိသော Package(အများအားဖြင့် အနီ၊ နီညို၊ လိမ္မော်အရောင်များဖြစ်ပြီး ဘာအမှတ်အသားမှမပါပါ) အပေါင်းအနှုတ်မှတ်ရန်မလိုပဲ အဆင်ပြေသလိုပြန်လည်တတ်ဆင်နိုင်ပါတယ်…

*** အစွန်းနှစ်ဖက်ပါ SMD Packages တွေရဲ့ ခဲဆော်ရမယ့် နေရာနှစ်ခုကို ခဲစွဲနိုင်ဖို့အတွက် သတ္တုအပြားလေးနဲ့ဖုံးအုပ်ပေးထားပါတယ်… ဖြုတ်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် Heating အပူချိန်က Melting Point(ခဲပျော်မှတ်) မရောက်မီ Package ကိုဆွဲဖြုတ်မိရင် ခဲစွဲအောင်လုပ်ပေးထားတဲ့ သတ္တုပြားလေးတွေ ဘုတ်ပေါ်ပြတ်ထွက်ကျန်ခဲ့တတ်ပါတယ်… အဲဒီအတိုင်းပြန်တတ်ရင် Package ကိုခဲစွဲနိုင်မှာမဟုတ်တော့တဲ့အတွက် အဲဒီ Package ကို လေးဘက်လေးတန် လိုသလိုလှည့်ပြီး သတ္တုပြားကျန်တဲ့ဘက်နဲ့ တတ်ဆင်နိုင်ပါတယ်… ***

*** Microelectronics SMD Components တွေကို Package လို့ခေါ်ဝေါ်သုံးနှုန်းပါတယ်… R, FL, C, D, ZD, U… အစရှိတာတွေအားလုံးအတွက် စံသတ်မှတ်ထားတဲ့ အရွယ်၊ Pins အရေအတွက်၊ Grid Balls အရေအတွက် စတာတွေပေါ်မူတည်ပြီး အခေါ်အဝေါ်တွေရှိပါတယ်… အခုတော့ "အစိတ်အပိုင်းများ စမ်းသပ်ခြင်း" ကို အပိုင်းအားလုံး တတ်နိုင်သလောက်လေးကုန်အောင်ရေးပေးခြင်လို့ ဒါကုန်မှ SMD Packging ကိုဆက်ပြီးတင်ပေးပါမယ်… ***

C တစ်ခုခု လဲဖို့လိုပြီဆိုလျှင် Schematics ပေါ်ရှိ တူညီသော Farad နှင့် V တန်ဘိုးရှိတာ သို့မဟုတ် Farad နှင့် V တန်ဘိုးပိုမြင့်တာနဲ့ အစားထိုးတပ်ဆင်ရမှာဖြစ်ပါတယ်… နိမ့်တာနဲ့တော့ လုံးဝအစားထိုးလဲလှယ်တပ်ဆင်လို့မရပါဘူး…

*** အခုဆက်ပြောမှာကတော့ ပညာရပ်ဆိုင်ရာအကိုးအကားမရှိပါဘူး… ကို Ye Yint Aung ပြောခဲ့သလို သီအိုရီဘေးထုတ်ထားရတာတွေအများကြီးပါဗျာ ဆိုတဲ့ အယူအဆပါ… ကျနော်တို့ Bad C တစ်ခုတွေ့ပြီဆို Replace ကိုလုံးဝမစဉ်းစားပါဘူး… Remove သာလုပ်ပါတယ်… C ဆိုတာမလိုအပ်ဘဲတပ်ထားတယ်လို့တော့မယူဆစေချင်ပါဘူး… သူ့တာဝန်သူထမ်းတဲ့ပစ္စည်းမို့လိုပါတယ်… ဒါပေမယ့် အဆင့်မြင့်မားစွာ Hardware ဒီဇိုင်းထုတ်ထားတဲ့ စက်တွေမှာ လိုင်းတစ်လိုင်းမှာ C အများကြီးရှိပါတယ်… Apple သမားမို့ iDevice Schematics ထဲကအခြို့ကိုတင်ပြထားပါတယ်… လေ့လာကြည့်ပါ… အဲဒီထဲက တစ်ခု နှစ်ခု မရှိတော့ယုံနဲ့ ဘာမှအကျိုးဆက်မရှိပါဘူး… ဒါဟာ Unpolarized C ကိုသာဆိုလိုတာပါ… အရောင်ကတော့ မမှတ်မိခဲ့ရင် မှတ်မိစေချင်လို့ အစကပြန်ဖတ်ပါ… *** Polarized C တွေကတော့ A တောင့်တဲ့အတွက် ဖယ်ထုတ်လိုက်ပြီးပြန်မတပ်ရင် အဲဒီလိုင်းက ပါဝါငတ်ပါလိမ့်မယ်… *** အဆင်မပြေပါဘူး… Polarized ဆိုရင် Replace လုပ်ကိုလုပ်ရပါမယ်… ဒါကြောင့်မို့ ရှော့ဖြစ်ပြီး ပါဝါလိုင်းမှာ V+ ပျောက်နေတဲ့ပြဿနာအများအပြားကို မီတာတစ်လုံး ဇာဂနာတစ်ချောင်းရှိရင်တောင် အလွယ်တကူလုပ်လို့ရပါတယ်လို့ Beginners များကို အားပေးစကားပြောချင်ပါတယ်… ***

Capacitors များ ပျက်စီးမှုပုံနှစ်မျိုး
1 - Beep Mode တွင်မီတာ၏ အနက်ရောင်ကြိုးကို GND တွင်ထောက်ပြီး C ၏အစွန်းနှစ်ဘက်လုံးကို မီတာ၏အနီရောင်ကြိုးဖြင့်ထောက်တိုင်းပါက နှစ်ဘက်လုံးတွင် Beep သံမြည်ခြင်း…
*** Shorted C လို့ခေါ်ပါတယ်… အဲဒီကောင် shorted ဖြစ်နေလို့ အဲဒီလိုင်းမှာရှိရမယ့် V+ ပျောက်နေတာပါ… ဖယ်ထုတ်ရပါမယ်… အဲဒီလိုင်းပေါ်မှာရှိနေတဲ့ IC Shorted ကြောင့်လည်း C မှာ shorted ဖြစ်တဲ့ပုံလာပြနေတာလည်းဖြစ်နိုင်ပါတယ်… ဒါပေမယ့် C ကိုသာအရင်ဦးစားပေးဖြုတ်စစ်သင့်ပါတယ်… လိုင်းတစ်လိုင်းပေါ်မှာ C တစ်လုံး shorted ဖြစ်ရင် အားလုံးမှာ shorted ဖြစ်တဲ့ပုံတွေ့ရပါမယ်… ဒါပေမယ့် တစ်လုံး နှစ်လုံးသာ အမှန် shorted ဖြစ်နေတာပါ… မှန်တဲ့အလုံးကိုသာဖယ်ထုတ်ပြီး ကျန်တာကိုတော့ပြန်တပ်သင့်ပါတယ်… Schematics ပေါ်မှာ A အများဆုံးထမ်းဆောင်တဲ့ C က Shorted ဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်… ဘယ်ဟာကစဖြုတ်သင့်တယ်ဆိုတာ ပုံသေနည်းမရှိလို့ ကံကောင်းပါစေလို့ပဲပြောနိုင်ပါတယ်… နောက်တာပါ… ဒီစာကိုဖတ်နေသူအများစုက Soldering Skill လို့ခေါ်တဲ့ ခဲဆော်နိုင်စွမ်းအသင့်တင့်ရှိပြီးသားသူတွေဖြစ်သလို Beginner တွေကလည်း Soldering Skill ရအောင်အရင်လုပ်သင့်ပါတယ်… ဒါဟာအရေးကြီးဆုံးပညာရပ်တစ်ခုဖြစ်ပြီး ဘုတ်အပျက်တစ်ခုပေါ်က Packages တွေကို ဖြုတ်လိုက် တတ်လိုက်လုပ်ပြီး အလွယ်တကူလေ့ကျင့်နိုင်ကြောင်းအကြံပြုအပ်ပါတယ်…

2 - မီတာ၏ အနီ အနက်ကြိုးဖြင့် C ၏အစွန်းနှစ်ဖက်ကို အပြန်အလှန်တိုင်းကြည့်လျှင် နှစ်ဘက်စလုံး ohm တန်ဘိုးပြနေတဲ့ C ကလည်း Bad C လို့သတ်မှတ်နိုင်ပါတယ်…

ကောင်းတဲ့ C ကတိုင်းကြည့်ရင် infinity *1--- ပြရပါမယ်
 Diode :

အရေးကြီးတဲ့ကောင်အလှည့်ရောက်လာပါပြီ… ဒီကောင်နဲ့ပါတ်သတ်လို့ကတော့ သီအိုရီဘေးထုတ်လို့မရနိုင်ပါ… ဒါကြောင့်မို့ သူ့အကြောင်းမပြောခင် First thing first လုပ်ရအောင်ပါ…

R နဲ့ C အကြောင်းပြောခဲ့စဉ် အရေးမကြီးလို့သတိမရခဲ့ပေမယ့် Diodes တွေအကြောင်းပြောတော့မယ်ဆိုရင် အရေးကြီးတာက Polarity ပါ… ဒါကြောင့်မို့ တိုင်းတာစစ်ဆေးတဲ့နေရာမှာ သုံးမယ့် သင့်မီတာမှာ တပ်ထားတဲ့ အနီ အနက်ကြိုး နေရာမှန်ရဲ့လားအရင်ပြန်စစ်ရန်ဖြစ်ပါတယ်… မီတာအများစုမှာ COM သို့ GND သင်္ကေတပုံပါတဲ့အပေါက်က အနက်ရောင်ကြိုးတပ်ရမှာပါ… ohm သင်္ကေတပါတဲ့အပေါက်က အနီရောင်ကြိုးတပ်ရမှာပါ… သင့်မီတာမှာ အခြားနောက်ထပ် ဘယ်နှစ်ပေါက်ရှိနေနေ အခုပြောသမျှ "အစိတ်ပိုင်းများ စမ်းသပ်ခြင်း" အားလုံးအတွက် မီတာတိုင်းရန် COM နှင့် ohm နှစ်ပေါက်သာအသုံးပြုပါမယ်… *** COM က အနက်ပါ *** /----------/ *** ohm က အနီပါ ***

Diode လို့ပြောတာနဲ့ ပညာရှင်အားလုံး Tricky Component ဆိုပြီး မျက်စိကိုဖြဲရသမျှဖြဲကာ ဘာအတွက်သုံးထားတာလဲဆိုတာဂရုတစိုက်ကြည့်ရတဲ့အထိ D ရဲ့အလုပ်လုပ်နိုင်တာတွေ ရှုပ်ထွေးများပြားပါတယ်… High Voltage Surges ကာကွယ်ရန်သုံးတဲ့ avalanche diodes တွေ၊ Radio, TV recievers တွေအတွက် electrically tune လုပ်ပေးတဲ့ varctor diodes တွေ၊ Radio Frequency Oscillations တွေထုတ်ပေးနိုင်တဲ့ tunnel diodes, Gunn diodes, IMPATT(IMPact ionization Avalanche Transit-Time) diodes များအပြင် ကျနော်တို့ အခုမြင်တွေ့နေရတဲ့ ရောင်စုံ LED မီးလုံးလေးတွေကလည်း Diodes တွေပါပဲ…

Beginners ညီ…အစ်ကိုများ Diodes အကြောင်းနဲနဲပြူးပြဲလိုက်တာ ကြောက်သွားလား? မကြောက်ပါနဲ့… ကျနော်လည်းအကုန်မသိပါဘူး…

SMD Repairing မှာ D နဲ့ပါတ်သတ်ပြီး အဓိကမှတ်ရန်လိုတာက နှစ်မျိုးပဲရှိပါတယ်… အပေါ်ကပြောခဲ့တဲ့ဟာတွေက စာမေးပွဲဖြေမယ့်သူတွေအတွက်ပါ… သူတို့စာကျက်နေတဲ့အချိန် ကျနော်တို့ အောက်မှာဆက်ပြောမယ့် Rectifier နဲ့ Zener နှစ်မျိုးအကြောင်းသိအောင်လုပ်ပြီး ပိုက်ဆံရှာကြပါမယ်…

*** ဒီစကားက အခြေနေအရပ်ရပ်ကြောင့် ပညာရေးနဲ့ပါတ်သတ်ပြီး ကိုယ့်ကိုယ်ကို အားငယ်တတ်သူ ညီကိုများအတွက် အားပေးစကားဖြစ်ပါတယ် … လေ့လာချင်သူတွေကို တားမြစ်တာမဟုတ်ပါဘူး… ဘယ်အရာမဆို လေ့လာမှတ်သားတာမှားတယ်လို့ ကျနော်ဆိုလိုချင်တာမဟုတ်ပါဘူး ***

*** Diode ဆိုတာနဲ့ ကျနော်တို့ ရေပိုက်သွယ်ရာမှာသုံးတဲ့ "ချက်ဘား" အလုပ်လုပ်ပုံကိုအရင်မြင်ယောင်သင့်ပါတယ်… အဲဒီ ချက်ဘားကျနော်တို့ ဆားကစ်ဘုတ်ပေါ်ရောက်နေတာပါ… ***

1 - Rectifier Diode :

ဒိုင်အုပ်တစ်လုံးရဲ့ ယေဘုယျအကျဆုံး လုပ်ဆောင်ချက်က Electric Current ကို လားရာတစ်ဘက်သို့သာ စီးဆင်းစေခြင်းဖြစ်ပါတယ်… ကျနော်တို့ ချက်ဘားကိုပိုက်မှာတပ်ထားပုံကိုကြည့်ပြီး ရေကမည်သည့်ဘက်ကိုပဲဝင်ပြီး မည်သည့်ဘက်ကိုပြန်မထွက်နိုင်ဘူးဆိုတာသိနိုင်သလို D တစ်လုံးဘုတ်ပေါ်ရှိနေပုံကြည့်ပြီး ရေနေရာမှာ Electric Current ကိုအစားထိုးကြည့်ကာ သိနိုင်ပါတယ်… အဲဒါကို diode's forward direction လို့ခေါ်ပါတယ်… ချက်ဘားက ရေ၀င်လာတဲ့ဘက်ကို ပြန်မထွက်အောင်တားပေးနိုင်သလို D ကလည်း Opposite Direction သို့မဟုတ် (Reverse Direction) လို့ခေါ်တဲ့ D ထဲစတင်ဝင်လာတဲ့ဘက်ကို Current ပြောင်းပြန် ပြန်မထွက်နိုင်အောင် တားဆီးပေးပါတယ်… Electric Current မှာ "+" နဲ့ "-" နှစ်မျိုးရှိတာဖြစ်တဲ့အတွက် D တစ်လုံးဟာ Electric Current တစ်မျိုးကိုသာ လမ်းကြောင်းပေါ်တပ်ဆင်ထားတဲ့အပေါ်မူတည်ပြီး စီးဆင်းစေမှာဖြစ်ပါတယ်… ဒီလိုလုပ်နိုင်စွမ်းကြောင့် Diodes တွေကို AC မှ DC သို့ Conversion လုပ်တဲ့နေရာမှာ အသုံးပြုတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်… နောက်ပြီး Rectifier Diodes တွေဟာ Radio Signals လှိုင်းအနိမ့်အမြင့်တွေကိုလည်း စစ်ထုတ်ပေးနိုင်ပါတယ်…
*** Mobile Platform မှာ Radio Wave/Radio Signal လို့ပြောလိုက်ရင် :
- All Cellular Transmission & Receiving (450MHz, 800MHz, 850MHz, 900MHz, 1800MHz, 1900MHz, WCDMA 2100MHz, CDMA-2000) စသည် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ
- WiFi
- Bluetooth အားလုံးနှင့်ပါတ်သတ်တယ် လို့သတိရစေချင်ပါတယ်… ဒါကြောင့် ဘုတ်ပေါ်က Raion Signal Processing လုပ်တဲ့နေရာတွေမှာ Rectifier Diode ကိုတွေ့ရင် လှိုင်းစစ်ထုတ်နိုင်တယ်ဆိုတာလေးပါ ထည့်စဉ်းစားရန်လိုအပ်ပါတယ်…

2 - Zener Diode :

စစ်ထုတ်ခြင်း နဲ့ လားရာတစ်ဘက် ဆိုတဲ့ဒိုင်အုပ်အလုပ်ကို သူလည်းလုပ်ပေးပါတယ်… ဒါပေမယ့် Zener Diode မှာ
- breakdown voltage
- zener knee voltage
- zener voltage
- avalanche point
- peak inverse voltage
စသည်ဖြင့် အမျိုးမျိုးခေါ်တဲ့ အမြင့်ဆုံးခွင့်ပြုတန်ဘိုးရှိပါတယ်… အဲဒီ သတ်မှတ်ထားတဲ့ အမြင့်ဆုံးတန်ဘိုးထက်ကျော်ရင် Forward ကိုမသွားခိုင်းဘဲ Reverse ပြန်ထွက်ခိုင်းတာ သူ့ထူးခြားချက်ပါ… ဥပမာ +17V ဇီနာဒိုင်အုပ်တစ်လုံးဟာ Forward Direction ဘက်ကို +17V အထိသာ အမြင့်ဆုံးစီးဆင်းစေမှာဖြစ်ပြီး ကျော်သမျှပမာဏကို Reverse Direction ဘက်ပြန်လွှတ်မှာဖြစ်ပါတယ်… ဒါကြောင့်သူ့ကို Regulated V+(တစ်သတ်မှတ်တည်း) လိုချင်တဲ့နေရာတွေမှာအသုံးပြုပါတယ်… အမြင့်ဆုံးတန်ဘိုးထက်နည်းလာရင်တော့ အဲဒီအတိုင်းလွှတ်မှာပါ… သူ့ထဲမှာအော်တိုမြှင့်မပေးပါဘူး…

ဒီနှစ်ခုရဲ့ Technical ဆိုင်ရာလုပ်ဆောင်ချက်တွေကို ဒီလောက်သိရင်ပြင်စားလို့ရပါပြီ… Rectifier Diode နဲ့ Zener Diode တို့ရဲ့ Schematics Symbol တွေကိုပုံမှာထည့်သွင်းထားပါတယ်… Package ပုံတွေကတော့ Apple မှာ ခပ်ဆင်ဆင်တွေဘဲမို့ အလုံးပုံကြည့်မခွဲတတ်ပါ… ခွဲနည်းရှိရင် ကျနော်လည်းသိချင်ပါတယ်ခင်ဗျား…

မှတ်ရန်အရေးကြီးတာတွေပါ -

*** Diode တွေဟာ Polarity Sensitive တွေပါ… C လိုမျိုးမှားတပ်ရင် သူ့ဘာသူလောင်သွားမှာမဟုတ်ဘဲ သင်တပ်လိုက်တဲ့ Forward Direction အတိုင်း Current ကိုလွှတ်မှာဖြစ်ပါတယ်… အခြို့နေရာတွေမှာ မှားတပ်မိရင် မီးခိုးလှလှလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ ရနိုင်တွေ့နိုင်ပြီး မျက်ရည်ပါထွက်လာနိုင်တဲ့အတွက် D ကိုကိုင်ရင် Polarity ကို သေချာမှတ်ရန်ဖြစ်ပါတယ်…

*** Diode တွေဟာ မရှိမဖြစ်လိုတာဖြစ်တဲ့အတွက် Bad Diode တွေ့ရင် Replace လုပ်ကို လုပ်ရမှာဖြစ်ပါတယ်… Same Package ကိုသာအစားထိုးရမှာဖြစ်ပါတယ်…

*** ဖြုတ်ချိန် မေ့ပြီး မမှတ်မိရင် မပေါ့ဆဘဲ Schematics ကိုပြန်ကြည့်ပြီး Polarity မှန်အောင်အရင်ကြည့်ရပါမယ်… Schematics မရှိရင် မှန်ဘီလူးကောင်းကောင်းနဲ့ Printed Circuit လမ်းကြောင်းကို သေချာကြည့်ပြီး Polarity မှန်တာသေချာမှ ခဲဆော်တတ်ဆင်ရန်ဖြစ်ပါတယ်...

Diodes များပျက်စီးမှုပုံစံသုံးမျိုး

1 - Beep Mode တွင် Multimeter ၏ အနီ အနက် ဖြင့် အစွန်းနှစ်ဘက်ကို အပြန်အလှန်တိုင်းကြည့်လျှင် တိုင်းတာမှုပုံစံနှစ်မျိုးလုံးတွင် Beep သံထွက်ခြင်း…

2 - Diode တစ်လုံးပြသင့်သည့်အတိုင်း မီတာတွင် တန်ဘိုးပြသမှုမရှိခြင်း (ကောင်းမွန်တဲ့ D တစ်လုံးဟာ မီတာအနီကြိုးကို D ရဲ့ အပေါင်းဘက်၊ မီတာအနက်ကြိုးကို D ရဲ့အနှုတ်ဘက်ထိပြီးတိုင်းမယ်ဆိုရင် high ohm သို့ infinity ပြသင့်ပါတယ်… အဲဒါကို ပြောင်းပြန် ပြန်တိုင်းရင်တော့ 200-400 ohm ကြားပမာဏကိုသာပြသင့်ပါတယ်)

3 - အပြန်အလှန်တိုင်းလျှင် တူညီသော ohm value ကိုသာပြသနေခြင်း

SMD Diodes တွေရဲ့ပုံကို Polarity ပါခွဲပြထားပါတယ်… အရေးကြီးကောင်မို့ သေချာစွာလေ့လာမှတ်သားကြစေလိုပါတယ်
CPU, Digital Signal Processing, Embedded Systems & Digital Electronics

ခေါင်းစဉ်ကြည့်ပြီး ထအော်ကြတော့မည်... နေကြပါဦးဂျာ... ဒီပို့စ်လေးကို ၁ရက်နေ့ကတည်းကတင်မလို့ရေးထားပြီး ကိုယ့်ဘာသာ မျက်စိနောက်အောင်လုပ်ထားမိခဲ့လို့ ချီတုန်ချတုန်ဖစ်နေရတဲ့အထဲ...

ဒီထဲမသိသေးသူတွေအတွက် ဗဟုသုတလေးနည်းနည်းပါးပါးပေးနိုင်အောင် အီလက်ထရောနစ်ပိုးလေးလည်း ဒီထက်ပိုရွလာအောင် နည်းနည်းပိုးသွင်းပေးချင်တာမို့ အမြင်မကပ်အောင် ကြိုးစားရေးပါ့မယ်ဂျာ... အနော်လည်း လုပ်တတ်လို့တင်တာဟုတ်ဝူးဂျာ... ကျေနပ်ပီလား... အဲဒါမှ ကျေနပ်သေးဝူးဆိုလည်း see more နှိပ်နဲ့တော့ Video လေးတစ်ခုပဲကြည့် မီးလေးတွေပြေးတာခံစား အကြောတွေလျော့သွားအောင်လို့ ... ဟီး... ချိတ်ချိုးကြနဲ့... ခင်လို့...

ကျနော့် ညီအစ်ကိုတွေ (မေ့လို့ ... ဦးတွေရော ဟိုတလောကမိတ်ဆက်တာတွေ့လိုက်တဲ့ ညီမအပါ) အားလုံးအတွက် Processor တစ်လုံးကိုအသုံးပြုပြီးတော့ ဗီဒီယိုထဲကထက် ပိုဆန်းကြယ်တဲ့ Dancing with Music LED Cube လေးတစ်ခု ၀ါသနာပါရင် အပျင်းပြေတည်ဆောက်လို့ရတဲ့အကြောင်းလေး တင်ပြချင်လို့ပါ... (မသိသေးသူများအတွက် - အဲဒါကြီးက အမြဲထည့်ရေးနေရတာနဲ့ စာများလာပီ)

ပထမဦးစွာ မိုဘိုင်း Processors များအကြောင်းသိသလောက်လေးတင်ပြပါရစေ...
(မျက်စိကလည် ညောင်နာနာ ခွင့်တောင်းနေတာနော်... အော်ကြနဲ့)

1) ARM by ARM Holdings
===============
အဲဒီ ARM မျိုးဆက် CPU တွေကို ARM Holdings ကမူပိုင်ခွင့်ပိုင်ဆိုင်ပြီးတော့ ကျနော်တို့ Mobile နယ်ပါယ်ပေါ်မှာရှိတဲ့ Consumer Electronics ထုတ်ကုန်တွေ အတော်များများမှာ တော်သင့်ရုံအဆင့်စက်များမှ Apple ထုတ် ဗွက် အိုင် စက်များအထိ အသုံးပြုလျှက်ရှိပါတယ်...

(2) Qualcomm Snapdragrons by Qualcomm Inc.
=============================
Features သွင်ပြင်လက္ခဏာအရ ARM Coretex-A8 Core နှင့်ဆင်တူပြီး ARMv7 ရဲ့ instruction sets တွေအပေါ်အခြေံထားတဲ့... နောက်တစ်ခုက သီဝရီအရ Multimedia အသုံးချ SIMD(Single instruction, multiple data) လုပ်ဆောင်မှုတွေမှာ စွမ်းဆောင်မှုများစွာသာလွန်နိုင်တဲ့ Snapdragon မျိုးဆက် Processors တွေကိုတော့ Qualcomm Inc. မှ ထုတ်လုပ်ပါတယ်... အဲဒီ Snapdragon CPU တွေကို Sony, Google, NOKIA, (အမငီး နဲနဲထင်လို့ အများကြီးပဲ အဲဒီထဲမှာသွားကြည့်)
"http://www.qualcomm.com/snapdragon/smartphones/finder"
အဲဒီဖုန်းတွေမှာ အသုံးပြုတာတွေ့ရပါတယ်... ဟူး... Snapdragron မျိုးဆက် CPU တွေမှာ 720p, 1080p စတဲ့ HD Video ကို native decode လုပ်ပေးနိုင်တဲ့ ဆားကစ်အပိုင်းနဲ့အတူ GPU နည်းပညာတွေတစ်ပါတည်းပေါင်းစပ်ပါဝင်လာတဲ့အတွက်ကြောင့် SoC(System on Chip) လို့လည်းခေါ်ဆိုပါတယ်...

(3) Tegra by Nvidia Corporation
===================
နောက်ထပ် SoC Processor တစ်မျိုးဖြစ်တဲ့ Tegra မျိုးဆက် SoC တွေကို Nvidia Corporation မှ ထုတ်လုပ်ပြီး... ARM architecture central processing unit (CPU), graphics processing unit (GPU), northbridge, southbridge, နှင့် memory controller တွေအားလုံးကို တစ်ပါတည်းပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်... Tegra CPU တွေကို Audio နဲ့ Video playing အတွက် ပါဝါစားသုံးမှုအနည်းဆုံးမှာ အမြင့်ဆုံးစွမ်းရည်ရအောင် Nvidia မှ အထူးပြုအာရုံစိုက်ထုတ်လုပ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်...

Tegra CPU အသုံးပြု Tablets တွေကိုအောက်ပါလင့်မှာတွေ့နိုင်ပြီး-
http://www.nvidia.com/object/tegra-supertablets.html

Tegra CPU အသုံးပြု Phones တွေကိုတော့အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်...
http://www.nvidia.com/object/tegra-superphones.html

(4) Exynos by Samsung Electronics
=====================
ARM-based System-on-Chips (SoCs) နောက်တစ်မျိုးဖြစ်ပြီး Samsung Electronics မှ ARM နည်းပညာကို လိုင်စင်ခံပြီး ကိုယ်ပိုင်နည်းပညာများပေါင်းစပ်ထုတ်လုပ်ပါတယ်... SoC ဆိုတဲ့အတိုင်း ကျနော်တို့သိပြီးဖြစ်သလို CPU လုပ်ဆောင်ချက်နဲ့အတူ ပေါင်းစပ်ပါဝင်တဲ့ natively အထောက်ပံ့ပေးနိုင်တာတွေကတော့ USB 3.0 supporting, SATA 3 တို့အပြင် ထူးခြားတဲ့ စွမ်းဆောင်နိုင်မှုအနေနဲ့ 1080p Full HD Video ကို 60 fps နဲ့ decode လုပ်နေချိန်မှာ တစ်ပြိုင်နက်တည်း QXGA (2560x1600) Mibile Display Screen, HDMI မှတစ်ဆင့် 1080p အရည်အသွေးနဲ့ external display ထံ အရုပ် နှင့် အသံ အရည်သွေးထူးခြားကောင်းမွန်စွာ ထုတ်ပေးနိုင်တယ်လို့သိရပါတယ်... (ညင်ကပ်ထှာ)

SoC Processor - Exynos ကိုအသုံးပြုတဲ့ consumer electronics စက်တွေကို အောက်ကလင့်မှာ တွေ့ကြရမှာဖြစ်ပါတယ်...
http://www.samsung.com/global/business/semiconductor/minisite/Exynos/blog.html#VoicesOpenList

(5) Atom by Intel Corporation
==================
နောက်ဆုံး CPU အဖြစ် Atom ကို တင်ပြချင်ပြီး သု့ကို Intel Corporation မှာတည်ဆောက်ဖြန့်ချိပါတယ် Intel 64 (x86-64) CPUs နည်းပညာတွေဆီကနေ ဒါရိုက်ဆင်းသက်လာတဲ့မျိုးဆက်ဖြစ်ပြီး ပါဝါစားသုံးမှုမှာ ultra-low-voltage ဖြစ်တဲ့အတွက် Atom CPU တွေကို netbooks, nettops, embedded applications ranging from health care to advanced robotics, နဲ့ mobile Internet devices (MIDs) တွေမှာ ထည့်သွင်းတည်ဆောက်အသုံးပြုပါတယ်... မိုဘိုင်းဖုန်း - တက်ဘလက် နယ်ပါယ်မှာတော့ x86-64 နည်းပညာရဲ့ အားသာချက် အားနည်းချက်မှာ အနှုတ်ဘက်ပြဿနာအချို့ကြောင့် တွင်ကျယ်စွာသုံးစွဲမှုမတွေ့ရသေးလို့ (ထင်ပါတယ်) *** ထင်ပါတယ် လို့မထည့်ရင် ဂွမ်းတတ်သည် ***

ရေးချင်တာက ခုမှစတာ...

ကျနော်တို့လုပ်ကြည့်ကြမယ့် Project လေးကိုတော့ ဖေါ်ပြခဲ့ပြီးတဲ့ CPU တွေနဲ့ မတူတဲ့ Embedded System တွေမှာအသုံးပြုတဲ့ Microcontroller ဆိုတဲ့ CPU တစ်မျိုးကိုအသုံးချ လုပ်ဆောင်ရမှာဖြစ်ပါတယ်...

Embedded System ဆိုတာ mechnical သို့ electrical စနစ်တစ်ခုအတွက် သီးသန့်လုပ်ဆောင်ဖို့ တည်ဆောက်ထားတဲ့ ကွန်ပြူတာစနစ်လို့ အဓိပ္ဗါယ်ဖွင့်ဆိုနိုင်ပါတယ်...
- Universal Serial Bus (USB) Chips တွေ...
- Multi Media Cards (SD Cards, Compact Flash အစရှိတာတွေရဲ့ Chips တွေ)
- Networks: Ethernet, LonWorks, အစရှိတာတွေရဲ့ Chipset တွေအပြင်
- ကျနော်တို့အသုံးပြုနေတဲ့ Box တွေမှာတွေ့နိုင်သော Debugging Port တွေဖြစ်သည့် JTAG, ISP, ICSP, BDM Port, BITP, and DP9 ports... အစရှိတာတွေဟာ (သိပြီးဖြစ်တဲ့အတိုင်း ဟီးးး) Embedded System တွေပါ...

Microcontroller တစ်ခါတစ်ရံ µC, uC or MCU လို့ အတိုကောက်ပြဖေါ်ပြတတ်တဲ့ အဲဒီတွက်ချက်ရေး Chip လေးဟာ single integrated circuit အိုင်စီလေးတစ်ခုဖြစ်ပြီး processor core တစ်ခုနှင့်အတူ memory, programmable input/output အပိုင်းတွေပါဝင်တဲ့အတွက် ကွန်ပြူတာငယ်လေးလို့ တင်စားခေါ်ဝေါ်နိုင်ပါတယ်...

ဒီလောက်ဆို အောက်ကဟာတွေဆက်နားလည်လောက်ပြီမို့ အဆုံးသတ်ကို ဆက်ကြရအောင်ပါခင်ညာ...

ကျနော့်လိုပဲ ဒီမှာရှိတဲ့ အီလက်ထရောနစ်ပိုးရှိသူများစွာဟာ LED မီးပြေးဆားကစ်တွေ... Power Transistor Amplifier ဆားကစ်တွေ... ခြင်ပြေးစက်ကလေးတွေ အစရှိသဖြင့် မျိုးစုံတည်ဆောက်ပြီး Sony Combined Audio Player ကြီးဘေးချပြီး ကိုယ်လုပ်ထားတဲ့ ပုံပျက်ပန်းပျက် အသံချဲ့စက်လေးမှ သီချင်းသံကို အရသာခံနားထောင်ခဲ့ဘူးတဲ့ လူတွေချည်းလို့ထင်မိလို့ ဒါလေးကို New Year အမှတ်တယအဖြစ် (eMMC အပန်းပြေ) တင်ဆက်တာဖြစ်ပါတယ်...

ဒီနေရာမှာ Digital Electronics နဲ့ Computer Programming စပ်ဆက်အသုံးချမှုလေးလည်း ပါတဲ့အတွက် စိတ်ဝင်စားစရာလေးပါ...

မူရင်းအသိပညာဖြန့်ဝေသူက နာမည်ကြီး Open Source Programmer ဖြစ်တဲ့ Asher Glick ဖြစ်ပါတယ်...

သူ့ရဲ့ အခြေခံ Cube LED Project လေးကိုလုပ်မှာပါ...
http://aglick.com/charliecube.html အဲဒီလင့်မှာလေ့လာပါခင်ဗျာ...

လုပ်လို့လွယ်ကူအောင် ရှယ်ရှင်းပြထားပါတယ်...

သုံးမယ့် Embedded System က Microcontroller လောကမှာ နာမည်ကြီး Amtel ရဲ့ ATmega328 မျိုးဆက် Chip ကိုပါ...

တကယ်တည်ဆောက်တော့...
အာရုံနောက်သက်သာတဲ့ Atmega32u4 Breakout Board ကိုသုံးသွားပါတယ်...

ဒီအောက်ကနေရာတွေမှာ Atmega32u4 Breakout Board ကိုဝယ်လို့ရပါတယ်...
၁ = http://www.robotshop.com/en/adafruit-atmega32u4-breakout-board.html

၂ = http://www.adafruit.com/products/296

၃ = http://www.ebay.com/itm/EWS-ATmega32U4-Breakout-Board-/251192714781?pt=LH_DefaultDomain_0&var&hash=item3a7c40a61d

အဲဒီ Microtroller Processing Chip လေးကို ကွန်ပြူတာမှ ပရိုဂရမ်ထည့်ဖို့အတွက် အသုံးပြုရမှာကတော့ Arduino Leonardo ATmega32u4 ဆိုတဲ့ Development Board လေးနဲ့လုပ်ရမှာပါ...

Programmer Board လေးကို အောက်ကလင့်တွေမှာ ၀ယ်လို့ရပါတယ်...

၁ = http://www.adafruit.com/products/849

၂ = http://www.ebay.com/itm/Mega-2560-ATmega2560-16AU-Board-Arduino-compatible-Free-USB-Cable-Funduino-/110956290155

၃ = http://www.mouser.com/ProductDetail/Arduino/A000067/?qs=sGAEpiMZZMt0re6d%252b2Rx9v%252bc%252bQEIaOW9
*** မောက်ဆာကတော့ အနော် အိုင်ဖုန်းရောင်းသလို အမြဲဈေးကြီးပါတယ် (ကြေငြာ) ***

အောက်ကလင့်လေးကတော့ အရှာဂလစ် ဆီမှာမပါလို့ အနော်ရှာထည့်ပေးထားတာပါ...
http://arduino.cc/en/Tutorial/ArduinoToBreadboard
ကွန်ပြူတာနဲ့ ချိတ်ပြီး ပရိုဂရမ်သွင်းပုံသွင်းနည်းတွေပါ...

http://forum.arduino.cc/ ကတော့ သူ့ဖိုရမ်ပါ... အဲဒါကို Arduino လို့ခေါ်ပြီး တစ်ကမ္ဘာလုံး အီလက်ထရောက်နစ် ခရေဇီ(ရူးလို့ မရေးချင်လို့) များ အစွမ်းပြလျှက်ရှိပ်တယ်...

အဲဒါ အိုကေရင် 7x7x7 လေးဆက်လို့ရပါတယ်...

ဝယ်ရမယ့်ဟာတွေဝယ်ပေးနိုင်ပါတယ်... ပြထားတဲ့ဈေးကို သယ်ခ 5$ ပေးရပါတယ်...

Steven Winchester တို့ဆီမှာလည်း မေးကြည့်နိုင်ပါတယ်...

၂၀၁၄ မှာ အားလုံး အာရုံနောက်သက်သာပြီး(ဟိ) လုပ်ငန်းကိုင်ငန်းများ အဆင်ပြေအောင်မြင်တိုးတက်ကြပါစေ...

ထူးချွန်ထက်မြတ်သည့် မြန်မာနိုင်ငံသား အီလက်ထရောနစ်ပညာရှင် မျိုးဆက်သစ်များစွာပေါ်ထွက်လာပါစေ...



Ko Htut
AiKON GROUP
CPU, Digital Signal Processing, Embedded Systems & Digital Electronics ခေါင်းစဉ်ကြည့်ပြီး ထအော်ကြတော့မည်... နေကြပါဦးဂျာ... ဒီပို့စ်လေးကို ၁ရက်နေ့ကတည်းကတင်မလို့ရေးထားပြီး ကိုယ့်ဘာသာ မျက်စိနောက်အောင်လုပ်ထားမိခဲ့လို့ ချီတုန်ချတုန်ဖစ်နေရတဲ့အထဲ... ဒီထဲမသိသေးသူတွေအတွက် ဗဟုသုတလေးနည်းနည်းပါးပါးပေးနိုင်အောင် အီလက်ထရောနစ်ပိုးလေးလည်း ဒီထက်ပိုရွလာအောင် နည်းနည်းပိုးသွင်းပေးချင်တာမို့ အမြင်မကပ်အောင် ကြိုးစားရေးပါ့မယ်ဂျာ... အနော်လည်း လုပ်တတ်လို့တင်တာဟုတ်ဝူးဂျာ... ကျေနပ်ပီလား... အဲဒါမှ ကျေနပ်သေးဝူးဆိုလည်း see more နှိပ်နဲ့တော့ Video လေးတစ်ခုပဲကြည့် မီးလေးတွေပြေးတာခံစား အကြောတွေလျော့သွားအောင်လို့ ... ဟီး... ချိတ်ချိုးကြနဲ့... ခင်လို့... ကျနော့် ညီအစ်ကိုတွေ (မေ့လို့ ... ဦးတွေရော ဟိုတလောကမိတ်ဆက်တာတွေ့လိုက်တဲ့ ညီမအပါ) အားလုံးအတွက် Processor တစ်လုံးကိုအသုံးပြုပြီးတော့ ဗီဒီယိုထဲကထက် ပိုဆန်းကြယ်တဲ့ Dancing with Music LED Cube လေးတစ်ခု ၀ါသနာပါရင် အပျင်းပြေတည်ဆောက်လို့ရတဲ့အကြောင်းလေး တင်ပြချင်လို့ပါ... (မသိသေးသူများအတွက် - အဲဒါကြီးက အမြဲထည့်ရေးနေရတာနဲ့ စာများလာပီ) ပထမဦးစွာ မိုဘိုင်း Processors များအကြောင်းသိသလောက်လေးတင်ပြပါရစေ... (မျက်စိကလည် ညောင်နာနာ ခွင့်တောင်းနေတာနော်... အော်ကြနဲ့) 1) ARM by ARM Holdings =============== အဲဒီ ARM မျိုးဆက် CPU တွေကို ARM Holdings ကမူပိုင်ခွင့်ပိုင်ဆိုင်ပြီးတော့ ကျနော်တို့ Mobile နယ်ပါယ်ပေါ်မှာရှိတဲ့ Consumer Electronics ထုတ်ကုန်တွေ အတော်များများမှာ တော်သင့်ရုံအဆင့်စက်များမှ Apple ထုတ် ဗွက် အိုင် စက်များအထိ အသုံးပြုလျှက်ရှိပါတယ်... 2) Qualcomm Snapdragrons by Qualcomm Inc. ============================= Features သွင်ပြင်လက္ခဏာအရ ARM Coretex-A8 Core နှင့်ဆင်တူပြီး ARMv7 ရဲ့ instruction sets တွေအပေါ်အခြေံထားတဲ့... နောက်တစ်ခုက သီဝရီအရ Multimedia အသုံးချ SIMD(Single instruction, multiple data) လုပ်ဆောင်မှုတွေမှာ စွမ်းဆောင်မှုများစွာသာလွန်နိုင်တဲ့ Snapdragon မျိုးဆက် Processors တွေကိုတော့ Qualcomm Inc. မှ ထုတ်လုပ်ပါတယ်... အဲဒီ Snapdragon CPU တွေကို Sony, Google, NOKIA, (အမငီး နဲနဲထင်လို့ အများကြီးပဲ အဲဒီထဲမှာသွားကြည့်) "http://www.qualcomm.com/snapdragon/smartphones/finder" အဲဒီဖုန်းတွေမှာ အသုံးပြုတာတွေ့ရပါတယ်... ဟူး... Snapdragron မျိုးဆက် CPU တွေမှာ 720p, 1080p စတဲ့ HD Video ကို native decode လုပ်ပေးနိုင်တဲ့ ဆားကစ်အပိုင်းနဲ့အတူ GPU နည်းပညာတွေတစ်ပါတည်းပေါင်းစပ်ပါဝင်လာတဲ့အတွက်ကြောင့် SoC(System on Chip) လို့လည်းခေါ်ဆိုပါတယ်... 3) Tegra by Nvidia Corporation =================== နောက်ထပ် SoC Processor တစ်မျိုးဖြစ်တဲ့ Tegra မျိုးဆက် SoC တွေကို Nvidia Corporation မှ ထုတ်လုပ်ပြီး... ARM architecture central processing unit (CPU), graphics processing unit (GPU), northbridge, southbridge, နှင့် memory controller တွေအားလုံးကို တစ်ပါတည်းပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်... Tegra CPU တွေကို Audio နဲ့ Video playing အတွက် ပါဝါစားသုံးမှုအနည်းဆုံးမှာ အမြင့်ဆုံးစွမ်းရည်ရအောင် Nvidia မှ အထူးပြုအာရုံစိုက်ထုတ်လုပ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်... Tegra CPU အသုံးပြု Tablets တွေကိုအောက်ပါလင့်မှာတွေ့နိုင်ပြီး- http://www.nvidia.com/object/tegra-supertablets.html Tegra CPU အသုံးပြု Phones တွေကိုတော့အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်... http://www.nvidia.com/object/tegra-superphones.html 4) Exynos by Samsung Electronics ===================== ARM-based System-on-Chips (SoCs) နောက်တစ်မျိုးဖြစ်ပြီး Samsung Electronics မှ ARM နည်းပညာကို လိုင်စင်ခံပြီး ကိုယ်ပိုင်နည်းပညာများပေါင်းစပ်ထုတ်လုပ်ပါတယ်... SoC ဆိုတဲ့အတိုင်း ကျနော်တို့သိပြီးဖြစ်သလို CPU လုပ်ဆောင်ချက်နဲ့အတူ ပေါင်းစပ်ပါဝင်တဲ့ natively အထောက်ပံ့ပေးနိုင်တာတွေကတော့ USB 3.0 supporting, SATA 3 တို့အပြင် ထူးခြားတဲ့ စွမ်းဆောင်နိုင်မှုအနေနဲ့ 1080p Full HD Video ကို 60 fps နဲ့ decode လုပ်နေချိန်မှာ တစ်ပြိုင်နက်တည်း QXGA (2560x1600) Mibile Display Screen, HDMI မှတစ်ဆင့် 1080p အရည်အသွေးနဲ့ external display ထံ အရုပ် နှင့် အသံ အရည်သွေးထူးခြားကောင်းမွန်စွာ ထုတ်ပေးနိုင်တယ်လို့သိရပါတယ်... (ညင်ကပ်ထှာ) SoC Processor - Exynos ကိုအသုံးပြုတဲ့ consumer electronics စက်တွေကို အောက်ကလင့်မှာ တွေ့ကြရမှာဖြစ်ပါတယ်... http://www.samsung.com/global/business/semiconductor/minisite/Exynos/blog.html#VoicesOpenList 5) Atom by Intel Corporation ================== နောက်ဆုံး CPU အဖြစ် Atom ကို တင်ပြချင်ပြီး သု့ကို Intel Corporation မှာတည်ဆောက်ဖြန့်ချိပါတယ် Intel 64 (x86-64) CPUs နည်းပညာတွေဆီကနေ ဒါရိုက်ဆင်းသက်လာတဲ့မျိုးဆက်ဖြစ်ပြီး ပါဝါစားသုံးမှုမှာ ultra-low-voltage ဖြစ်တဲ့အတွက် Atom CPU တွေကို netbooks, nettops, embedded applications ranging from health care to advanced robotics, နဲ့ mobile Internet devices (MIDs) တွေမှာ ထည့်သွင်းတည်ဆောက်အသုံးပြုပါတယ်... မိုဘိုင်းဖုန်း - တက်ဘလက် နယ်ပါယ်မှာတော့ x86-64 နည်းပညာရဲ့ အားသာချက် အားနည်းချက်မှာ အနှုတ်ဘက်ပြဿနာအချို့ကြောင့် တွင်ကျယ်စွာသုံးစွဲမှုမတွေ့ရသေးလို့ (ထင်ပါတယ်) *** ထင်ပါတယ် လို့မထည့်ရင် ဂွမ်းတတ်သည် *** ရေးချင်တာက ခုမှစတာ... ကျနော်တို့လုပ်ကြည့်ကြမယ့် Project လေးကိုတော့ ဖေါ်ပြခဲ့ပြီးတဲ့ CPU တွေနဲ့ မတူတဲ့ Embedded System တွေမှာအသုံးပြုတဲ့ Microcontroller ဆိုတဲ့ CPU တစ်မျိုးကိုအသုံးချ လုပ်ဆောင်ရမှာဖြစ်ပါတယ်... Embedded System ဆိုတာ mechnical သို့ electrical စနစ်တစ်ခုအတွက် သီးသန့်လုပ်ဆောင်ဖို့ တည်ဆောက်ထားတဲ့ ကွန်ပြူတာစနစ်လို့ အဓိပ္ဗါယ်ဖွင့်ဆိုနိုင်ပါတယ်... - Universal Serial Bus (USB) Chips တွေ... - Multi Media Cards (SD Cards, Compact Flash အစရှိတာတွေရဲ့ Chips တွေ) - Networks: Ethernet, LonWorks, အစရှိတာတွေရဲ့ Chipset တွေအပြင် - ကျနော်တို့အသုံးပြုနေတဲ့ Box တွေမှာတွေ့နိုင်သော Debugging Port တွေဖြစ်သည့် JTAG, ISP, ICSP, BDM Port, BITP, and DP9 ports... အစရှိတာတွေဟာ (သိပြီးဖြစ်တဲ့အတိုင်း ဟီးးး) Embedded System တွေပါ... Microcontroller တစ်ခါတစ်ရံ µC, uC or MCU လို့ အတိုကောက်ပြဖေါ်ပြတတ်တဲ့ အဲဒီတွက်ချက်ရေး Chip လေးဟာ single integrated circuit အိုင်စီလေးတစ်ခုဖြစ်ပြီး processor core တစ်ခုနှင့်အတူ memory, programmable input/output အပိုင်းတွေပါဝင်တဲ့အတွက် ကွန်ပြူတာငယ်လေးလို့ တင်စားခေါ်ဝေါ်နိုင်ပါတယ်... ဒီလောက်ဆို အောက်ကဟာတွေဆက်နားလည်လောက်ပြီမို့ အဆုံးသတ်ကို ဆက်ကြရအောင်ပါခင်ညာ... ကျနော့်လိုပဲ ဒီမှာရှိတဲ့ အီလက်ထရောနစ်ပိုးရှိသူများစွာဟာ LED မီးပြေးဆားကစ်တွေ... Power Transistor Amplifier ဆားကစ်တွေ... ခြင်ပြေးစက်ကလေးတွေ အစရှိသဖြင့် မျိုးစုံတည်ဆောက်ပြီး Sony Combined Audio Player ကြီးဘေးချပြီး ကိုယ်လုပ်ထားတဲ့ ပုံပျက်ပန်းပျက် အသံချဲ့စက်လေးမှ သီချင်းသံကို အရသာခံနားထောင်ခဲ့ဘူးတဲ့ လူတွေချည်းလို့ထင်မိလို့ ဒါလေးကို New Year အမှတ်တယအဖြစ် (eMMC အပန်းပြေ) တင်ဆက်တာဖြစ်ပါတယ်... ဒီနေရာမှာ Digital Electronics နဲ့ Computer Programming စပ်ဆက်အသုံးချမှုလေးလည်း ပါတဲ့အတွက် စိတ်ဝင်စားစရာလေးပါ... မူရင်းအသိပညာဖြန့်ဝေသူက နာမည်ကြီး Open Source Programmer ဖြစ်တဲ့ Asher Glick ဖြစ်ပါတယ်... သူ့ရဲ့ အခြေခံ Cube LED Project လေးကိုလုပ်မှာပါ... http://aglick.com/charliecube.html အဲဒီလင့်မှာလေ့လာပါခင်ဗျာ... လုပ်လို့လွယ်ကူအောင် ရှယ်ရှင်းပြထားပါတယ်... သုံးမယ့် Embedded System က Microcontroller လောကမှာ နာမည်ကြီး Amtel ရဲ့ ATmega328 မျိုးဆက် Chip ကိုပါ... တကယ်တည်ဆောက်တော့... အာရုံနောက်သက်သာတဲ့ Atmega32u4 Breakout Board ကိုသုံးသွားပါတယ်... ဒီအောက်ကနေရာတွေမှာ Atmega32u4 Breakout Board ကိုဝယ်လို့ရပါတယ်... ၁ = http://www.robotshop.com/en/adafruit-atmega32u4-breakout-board.html ၂ = http://www.adafruit.com/products/296 ၃ = http://www.ebay.com/itm/EWS-ATmega32U4-Breakout-Board-/251192714781?pt=LH_DefaultDomain_0&var&hash=item3a7c40a61d အဲဒီ Microtroller Processing Chip လေးကို ကွန်ပြူတာမှ ပရိုဂရမ်ထည့်ဖို့အတွက် အသုံးပြုရမှာကတော့ Arduino Leonardo ATmega32u4 ဆိုတဲ့ Development Board လေးနဲ့လုပ်ရမှာပါ... Programmer Board လေးကို အောက်ကလင့်တွေမှာ ၀ယ်လို့ရပါတယ်... ၁ = http://www.adafruit.com/products/849 ၂ = http://www.ebay.com/itm/Mega-2560-ATmega2560-16AU-Board-Arduino-compatible-Free-USB-Cable-Funduino-/110956290155 ၃ = http://www.mouser.com/ProductDetail/Arduino/A000067/?qs=sGAEpiMZZMt0re6d%252b2Rx9v%252bc%252bQEIaOW9 *** မောက်ဆာကတော့ အနော် အိုင်ဖုန်းရောင်းသလို အမြဲဈေးကြီးပါတယ် (ကြေငြာ) *** အောက်ကလင့်လေးကတော့ အရှာဂလစ် ဆီမှာမပါလို့ အနော်ရှာထည့်ပေးထားတာပါ... http://arduino.cc/en/Tutorial/ArduinoToBreadboard ကွန်ပြူတာနဲ့ ချိတ်ပြီး ပရိုဂရမ်သွင်းပုံသွင်းနည်းတွေပါ... http://forum.arduino.cc/ ကတော့ သူ့ဖိုရမ်ပါ... အဲဒါကို Arduino လို့ခေါ်ပြီး တစ်ကမ္ဘာလုံး အီလက်ထရောက်နစ် ခရေဇီ(ရူးလို့ မရေးချင်လို့) များ အစွမ်းပြလျှက်ရှိပ်တယ်... အဲဒါ အိုကေရင် 7x7x7 လေးဆက်လို့ရပါတယ်... ၀ယ်ရမယ့်ဟာတွေဝယ်ပေးနိုင်ပါတယ်... ပြထားတဲ့ဈေးကို သယ်ခ 5$ ပေးရပါတယ်... Steven Winchester တို့ဆီမှာလည်း မေးကြည့်နိုင်ပါတယ်... ၂၀၁၄ မှာ အားလုံး အာရုံနောက်သက်သာပြီး(ဟိ) လုပ်ငန်းကိုင်ငန်းများ အဆင်ပြေအောင်မြင်တိုးတက်ကြပါစေ... ထူးချွန်ထက်မြတ်သည့် မြန်မာနိုင်ငံသား အီလက်ထရောနစ်ပညာရှင် မျိုးဆက်သစ်များစွာပေါ်ထွက်လာပါစေ….
 Ko Htut AiKON GROUP
Credit to Aikon Ko Htut 1 & Sniper Ko Htut 2….
pdf=ဒီမှာ နှိပ်ပါ
ကျော်ဇေမြင့်

No comments:

Post a Comment