ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, November 24, 2016

Gods of Egypt (2016) မြန်မာစာတန်းထိုး


God of Egypt က Box Office မှာလည်း Deadpool ဇာတ်ကားရဲ့နောက်နံပါတ်နှစ်နေရာမှာ ရပ်တည်နေ တာပါ။ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်တွေကတော့ Nikolaj Costerx Waldau, Brenton Thwatesc Chadwick Boseman, Elodie Yung, Courtney Eaton, Rufus Sewell, Gerard Butler နှင့် Geoffrey Rush တို့ ဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်နတ်ဘုရားတွေရဲ့အကြောင်းကို ရုပ်ရှင်အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနှင့် ပရိသတ် ကြီးအကြိုက်တွေ့ဦးမည့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ . . . .
နတ်ဘုရားတွေနှင့်လူတွေဟာ အတူရောနှောနေထိုင်လျက်ရှိကြပြီး သူတို့ ဟာ မြင့်မားသည့်အရပ်အမောင်း၊ ရွှေရောင် သွေးနှင့်တိရိစ္ဆာန်ပုံပြောင်းနိုင်သည့် အရည်အချင်းတွေရှိပါတယ်။ ဒီငြိမ်းချမ်းနေသည့်ကာလမှာ Osiris ဘုရင်ကြီးကသူရဲ့ သားံHorus ကိုနန်းမွေပေးပါတယ်။ ဒါပေမယ့် ဘိသိတ်ပွဲအခန်းအနားမှာ Osiris ကိုမနာလိုဖြစ်နေသည့်သူ့ရဲ့ညီ Set ကသတ်ကာ ထီးနန်းကိုလုပါတယ်။ သူအုပ်စိုးစဉ်ကာလမှာ သေဆုံးသွားသူတွေဟာ နောက်ဘဝကိုကူးဖို့အတွက် တန်ဖိုးကြီးကြီးပေးရမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ ဒီလိုနှင့် Set ကို Horus ကစိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ကာ Set က Horus ကိုသတ်ဖို့လုပ်ခဲ့ပေမယ့် Horus ရဲ့ချစ်သူ Hathor ကတောင်းပန်တာကြောင့် Horus ရဲ့စွမ်းအားတွေရဲ့အရင်းအမြစ်ဖြစ်သည့် မျက်လုံးနှစ်လုံးကိုဖောက်ထုတ်ကာသဲကန္တာရထဲသို့ မောင်းထုတ်ထားလိုက် ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်နေစဉ်မှာ သာမန်လူသားလယ်သမားတစ်ဦးဖြစ်သည့် Bek နှင့် သူ့ ရဲ့ ချစ်သူ Zaya တို့ဟာလည်း လူချင်းကွဲသွားခဲ့ရပါတော့တယ်။ တစ်နှစ်လောက်ကြာပြီးနောက်မှာတော့ Set က Hathor ကိုလက်ထပ် ထားခဲ့ပြီး သူ့ ရဲ့ အဖေ နေနတ်ဘုရား Ra အတွက်အထိမ်းအမှတ်ကျောက်တိုင်ကြီး တည်ဆောက်နေခဲ့တာပါ။ Bek က သူရဲ့ ချစ်သူ Zaya ကိုဒီဆောက်လုပ်ရေး အလုပ်သမတစ်ဦးအဖြစ်တွေ့ရှိခဲ့ကာ Set ကိုပြန်လည်နှိမ်နှင်းနိုင်ဖို Horus တစ်ယောက်တည်းကသာစွမ်းဆောင်နိုင်လိမ့်မည်ဟုယုံ ကြည်တာကြောင့် Horus ရဲ့မျက်လုံးကို ပြန်လည်ခိုးယူခဲ့ပါ တယ်။မျက်လုံးခိုးယူပြီးနောက် Bek နှင့် Zaya တို့ ပြန်လည်ထွက်ပြေးခဲ့ရာမှာ Zaya တစ်ယောက်ဒဏ်ရာအကြီး အကျယ်ရကာသေဆုံးသွားရပါတော့တယ်။ Bek ဟာ Horus ရှိသည့် နေရာသို့  သွားကာ Horus ရဲ့  မျက်လုံးကို ပြန်ပေးမည်ဖြစ်ကြောင်းနှင့် အလဲအလှယ်အနေနှင့်သူ့ရဲ့ ချစ်သူ Zaya ကိုပြန်လည်အသက်ရှင် အောင်လုပ်ပေးရမည် လို့ဆိုရာမှာတော့ . . .

ရုပ်ရှင်အညွှန်း-Find Myanmar.com

IMDB 5.6 ရရှိထားပြီး 2h:7mins ကြာပါတယ်။

935 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။

Credit -www.flim2mm.com

Download From Here 


No comments:

Post a Comment