ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, November 20, 2016

LED မီးပြေးဆားကစ်

LED မီးလုံးလေး ဆယ်လုံးကို တစ်လုံးစီပါတ်ချာလည်လင်းစေတဲ့ ဆားကစ်လေးပါ။
ဆယ်လုံးမြောက်မီးလုံးလေး လင်းပြီးတာနဲ့ နံပါတ်တစ်မီးသီးမှ တစ်ပါတ်ပြန်လင်းစေပါတယ်။
အလွယ်တစ်ကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်ချိုသာတဲ့ပစ္စည်းများမို့လို့
လက်တွေ့လဲစမ်းသပ်တပ်ဆင်ကြည့်နိုင်ပါတယ်။

ဆားကစ်အလုပ်လုပ်ပုံ

>>NE 555 IC ကို ငုတ်နံပါတ် 3 မှာ 6Hz ခုန်လှိုင်းကို ထွက်အောင် Astable multivibrator အနေနဲ့ အသုံးပြုထားပါတယ်။

>>CD 4017 IC ကတော့ အထွက်ငုတ် ဆယ်ငုတ်ပါဝင်တဲ့ counter IC ဖြစ်ပါတယ်။

NE 555 IC ရဲ့ ငုတ်နံပါတ် 3 က ထွက်လာတဲ့ ခုန်လှိုင်းကို CD 4017 ရဲ့ ခုန်လှိုင်းအ၀င်ငုတ်ဖြစ်တဲ့ ငုတ်နံပါတ် 14 ကိုပေးသွင်းလိုက်တဲ့အခါမှာCounter IC ဖြစ်တဲ့ CD 4017 မှာ မီးပြေးပါတ်လမ်းဖြစ်ဖို့ ပါတ်ချာလည်အစီအစဉ်ကို ဖြစ်သွားစေတာပါ။
အထွက်ငုတ်တွေကို ပုံမှာပြထားတဲ့အတိုင်း မီးလုံးလေးတွေ တပ်ဆင်လိုက်တဲ့အခါမှာ လှပတဲ့ မီးလုံးပြေးနေတာလေးကို တွေ့ရမှာဖြစ်ပါတယ်။









တည်ဆောက်အောင်မြင် ပြုံးပျော်ရွှင်နိုင်ကြပါစေခင်ဗျာ.....


မင်းညို

No comments:

Post a Comment