555 IC ကို Astable အဖြစ်အသုံးပြုကာ (Duty Cycle) လှိုင်းထုတ်ပြီး ၁၂ ဗို့မီးသီးကို
မှိတ်တုတ် မှိတ်တုတ် လင်းစေမှာ ဖြစ်ပါတယ်။
ဆားကစ် အလုပ်လုပ်ပုံ
>>ဗို့အား စတင်ပေးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် 0.1uf ကွန်ဒင်ဆာဟာ 1k ရီစစ္စတာနှစ်လုံးနဲ့
50K ပရီဆက်ကို ဖြတ်သန်းပီး ဗို့အားကို သိုလှောင်မှာဖြစ်ပါတယ်။
>>အဲဒီအချိန်မှာ အိုင်စီရဲ့ အထွက်ငုတ်ဖြစ်တဲ့ ငုတ်နံပါတ် 3 မှာ (နိမ့်)အခြေနေဖြစ်ပြီး မီးလုံးဟာ မှိတ်နေမှာဖြစ်ပါတယ်..
>>အချိန်တိုအတွင်းမှာပဲ 0.1uf ကွန်ဒင်ဆာဟာ ဗို့အားပြည့်ဝစွာ
သိုလှောင်ပြီး လိုအပ်သလို ပြန်လည်ထုတ်ပေးတာကြောင့်အိုင်စီရဲ့
အထွက်ငုတ်ဖြစ်တဲ့ ငုတ်နံပါတ် 3 မှာ(မြင့်) အခြေနေဖြစ်ကာ Transistor 2N 2955
ကို အခြေပြုဗို့အား ပေးသွင်းလိုက်တာကြောင့် မီးလုံးဟာ လင်းလာမှာ
ဖြစ်ပါတယ်။
50K ပရီဆက်(Volume Control ) ကို အသုံးပြုပြီး မီးလုံးမှိန်နေချိန်နဲ့
လင်းလာချိန် ကြားကာလ၊အနှေးအမြန်ကို လိုအပ်သလို
မိမိစိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
တည်ဆောက်အောင်မြင် ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ.......
မင်းညို
No comments:
Post a Comment