ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, September 28, 2013

Samsung Glaxy Ace 3 Galaxy Ace 3 GT-S7270, GT-S7272, GT-S7275 တွေကို Root နည်း


ကျွန်တော့်ဆီကို Ace 3 နှစ်လုံးရောက်လာတယ်ဗျာ.. Root ချင်လို့တဲ့. ဟိုတစ်ပတ်က. ဒါနဲ့ ဆရာ့ဆီကို ပြေးရတယ်.. forum xda ကိုလေ.. သူ့ဆီက ရလာတာလေးနဲ့ လုပ်လိုက်တာ ရတယ်ဗျ.. လုပ်လိုက်တဲ့ နည်းလေးနဲ့ Software လေး မျှပါမယ်.. ဒီနည်းကို MMSD မှာလည်းတွေ့တယ်ဗျ. အတူတူပါပဲ.. MMSD ကိုလည်း Credit ပေးပါတယ်.. ဒီကောင်က Galaxy Ace 3 GT-S7270 GT-S7272 GT-S7275 အတွက်ရတယ်လို့ သိရပြီး ကျွန်တော်ကတော့ 7270 မှာ Root ထားတာပါ..
1. ပထမဆုံး ထုံးစံအတိုင်း Computer မှာ Driver တင်ထားရပါမယ်.. မရှိရင် အောက်ကလင့်မှာ ဒေါင်းပါ.. ပြီးရင် ဖုန်းမှာထည့်တဲ့ SD Card လေးတစ်ကဒ်.အသင့်ရှိပါစေ..
2. ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ထားရပါမယ်.. နည်းလမ်းကတော့
  • Setting ကိုနှိပ်ပါ.. ညာဘက်အပေါ်ထောင့်နားမှာ More >> ဆိုတာရှိတယ်. အဲဒါကို တစ်ချက်နှိပ်..
  •  ပြီးရင် Developer Option ကိုတစ်ချက်နှိပ်.. 
  • USB Debugging ကို အမှန်ခြစ်လိုက်.. Warning တက်လာရင် OK ကိုနှိပ်..
  • Back နဲ့ပြန်ထွက်ပြီး Security ကိုတစ်ချက်နှိပ်. ပြီးရင် Unknown Source ကို အမှန်ခြစ်လိုက်.. ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး လန့်စရာ စာလုံးတွေတက်လာလိမ့်မယ်.. ဖတ်မနေနဲ့ OK သာနှိပ်..
  • ဒါဆိုရင်တော့ ဖုန်းမှာ ပြင်ဆင်ရမယ့် ကိစ္စ ပြီးသွားပြီ...
3. လိုအပ်တဲ့ ဖိုင် (၃) မျိုးဒေါင်းရပါမယ်.. Odin ကတော့ ရှိပြီးသားဆို မလိုဘူး..
4. ဒေါင်းပြီးသွားရင် Odin ကိုဖြည်ထားလိုက်ပါ. ကျန်တာကို မဖြည်နဲ့နှော်. ဒီအတိုင်းလေးပဲထားအုံး..
5. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ဖုန်းရဲ့ Volume Down (အသံတိုးတဲ့ခလုတ်) + Home ( အလယ်အောက်နားကခလုတ် ) ကိုတွဲဖိထားပြီး Power ကိုပါဖိလိုက်ပါ... Warning ! တက်လာရင် ခလုတ်အားလုံးကို လွှတ်ပြီး Volume Up (အသံချဲ့ခလုတ်) ကို တစ်ချက်နှိပ်ပေးလိုက်ပါ.. Downloading... ဆိုပြီး Download Mode ကိုရောက်ပါမယ်..  ခုမှ စပြီး ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ရမှာပါ..
6. ဒေါင်းပြီးဖြည့်ထားတဲ့ Odin ထဲက Odin.exe ကို Run လိုက်ပါ.. Odin မှာ အပေါ်နားလေးက Auto Reboot နဲ့ F.Reset Time ကို အမှန်ခြစ်ထားရဲ့လားကြည့်ပါ. မခြစ်ရသေးရင် ခြစ်လိုက်အုံး..
7. Odin ထဲက PDA ကိုနှိပ်ပါ. ပေါ်လာတဲ့အကွက်ထဲမှာ ဒေါင်းထားတဲ့ထဲက မဖြည်ဘဲထားတဲ့ MP Recovery.tar ဆိုတဲ့ဖိုင်ကိုရွေးပြီး Open ကိုနှိပ်ပါ.. 


8. Odin ထဲက Start ကိုနှိပ်လိုက်ပါ.. သူ့အလိုလို အလုပ်တွေလုပ်သွားလိမ့်မယ်.. ဖုန်းက အလိုအလျောက် Restart ကျပြီးပြန်တက်လာလိမ့်မယ်.. ( အပေါ်မှာတုန်းက Auto Reboot ကို အမှန်မခြစ်ခဲ့ရင် Reboot မကျဘူး.. ဒါဆို ဖုန်းကို ကိုယ်တိုင် Reboot လုပ်ပေးရမှာ.. ) ဒါဆိုရင် ပထမအဆင့် Recovery သွင်းခြင်း ပြီးသွားပြီ.. မ Root ရသေးဘူး..
8. Root တော့မယ်.. ဖုန်းထဲကိုထည့်မယ့် SD Card ထဲကို ဒေါင်းထားတဲ့ MP Root.zip လေးထည့်လိုက်ပါ.. ဘယ်လိုနည်းနဲ့ထည့်ထည့်ဗျာ.. SD ထဲကိုရောက်ဖို့ပဲအရေးကြီးတယ်.. အဲဒီ SD ကို ဖုန်းထဲကိုထည့်ပြီး ဖုန်းကို ပါဝါပိတ်လိုက်..
9. ဖုန်းရဲ့ Volume up + Home + Power ကိုတွဲဖိထားလိုက်ပါ.. Logo တက်လာရင် အားလုံးကို လွှတ်လိုက်.. ဒါဆို Recovery Mode ကိုရောက်ပြီ.. ( Vol up နဲ့ Home ကိုတွဲဖိပြီးမှ Power ကို ဖိတာ ပိုသေချာတယ်.)
10. Recovery ထဲမှာ   choose zip from sdcard ဆီကို Volume Up / Dwn ခလုတ်တွေသုံးပြီးရွှေ့လိုက်.. ရောက်ရင် Home ကိုတစ်ချက်နှိပ်.. အထဲမှာ ခုနက ထည့်ခဲ့တဲ့ MP Root.zip ကိုမြင်ရတယ်.. အဲဒီကိုရောက်အောင်ရွှေ့. ပြီးရင် Home ကို တစ်ချက်ထပ်နှိပ်.. ဒါဆို သူ Root နေပြီ....
11. ပြီးသွားရင်တော့ Reboot System Now ဆိုတဲ့စာပေါ်မှာ ရောက်နေတယ်ဗျ.. မရောက်ရင် ရောက်အောင်ရွှေ့ပြီး Home ကိုနှိပ်ပေးလိုက်.. ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင် နောက်ဆုံးပေါ် SuperSu နဲ့ Root ပေါက်ပါပြီ...
-
သြော်.. မြန်မာစာလား.. အောက်ကလင့်မှာဒေါင်းလိုက်ပါ. လုပ်နည်းပါ ရေးထားတယ်..
ကီးဘုတ်ကတော့ MyanKey Pro Beta 5 , Frozen Keyboard Pro 0.52,0.6.0 ကြိုက်တာထည့် အကုန်အလုပ်လုပ်တယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

No comments:

Post a Comment