ထပ်မံ တင်ပြပေးနေမှာပါ.... ခုပုံစံကိုတော့ သဘောမကျတာ အမှန်ဘဲ ဗျို့.... အရမ်းလက်ဝင်တယ်....
အရင်က html ဆိုရင် ဥပမာ ။ ။ ကုဒ်တစ်ခုခုကို ကုဒ်အသစ်နဲ့ အစားထိုးတော့မယ်ဆို အဲကုဒ်ကို search box ထည့်ရှာ တွေ့တာနဲ့ အဲနေရာကို ခဲခြစ် ကုဒ်အသစ်ကို အစားထိုးပေးလိုက်ယုံဘဲလေ... သိပ်လွယ်တာ
ခုပုံစံကျတော့ လုပ်ဆောင်ချက်တွေကတော့ တူတပါဘဲ... ဒါပေမယ့် ခက်ခဲနေတာ တွေ့မိတာတော့
အထဲက ကုဒ်ကို ကိုယ်လိုခြင်တဲ့ ကုဒ်လေးသီးသန့် ခဲခြစ်မရဖြစ်နေတာလေးပါဘဲ..... ဖျက်ပြီး အသစ်အစားထိုးဖို့ဆိုလဲဗျာ... လိုခြင်တဲ့ နေရာကို မောက်ကာဆာ ချမရပြန်ဘူးးး
ကဲ သေခြာ လက်တွေ့သာ စမ်းကြည့်.....ရှင်ခြင်တာဘဲ....နော်...
သူတို့က အလွယ်တကူပြောင်းကြပေမယ့် တားတားတို့မှာ တေပြီချရာပေါ့... အချိန်တွေ နှောင်းးရတယ်
ကဲ.... ပြောနေကြာမယ်...လက်တွေ့ ရှင်းပြပါ့မယ်.... ပုံလေးကို သေခြာ ကြည့်ပါ
ပုံမှာ ပါတဲ့ နံပါတ် စဉ်အတိုင်း တစ်ခုစီ သေခြာ ရှင်းပြပါ့မယ်....နော်.......တားတားတိသလောက်ါပေါ့...
မိမိတို့ ဘလော့ရဲ့ Html ဆိုတာကို ၀င်လိုက်တာနဲ့ အပေါ်ကပုံလိုဘဲ ကျလာတာ တွေ့ရမှာပါ...............
ကုဒ်တွေ ရှာဖို့ဆိုတာကတော့ အရင်လိုဘဲ ctrl + f နဲ့ပါဘဲ...ကဲ နံပါတ်စဉ်တိုင်းးစမယ်...
(၁) သူကတော့ search box ကျလာတဲ့ ပုံစံနဲ့ နေရာပါ... ကုဒ်တွေ ရှာ ဖို့ ctrl+f တွဲကလစ်ရာကနေ
သည်လိုလေး ကျလာတာဖြစ်ပါတယ်.. အရင်က အောက်ဘားမှာလေ ကျတာ... အိုကေ
(၂) Revert Change ဆိုတာလေးပါဘဲ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ မိမိတို့ ကုဒ်တွေ စစ်ပြီး
သဘောမတွေ့တဲ့အခါ မူလတိုင်းပြထားပေးဖို့ ကလစ်ရတာပါ (အရင်က clear edit html ) ပါဘဲ..
(၃) Preview Template ပေါ့..သူကတော့ ကုဒ်တစ်ခုခု ထည့်တိုင်း ပြင်တိုင်း...ပြောရရင် html ၀င်ကလိပြီး
ကိုယ်ကလိထားတာကို မဆေ့မှီ ကြည့်ရတဲ့ ဟာလေးပါ... သတိထားရမဲ့ နေရာလေးပေါ့... ဘာဘဲ
ကလိကလိ Save မလုပ်သေးဘဲ Preview Template နဲ့ သေသေခြာခြာ ပြန်စစ်သင့်တာလေးပေါ့
မှတ်ချက် ။ ။ သည်ပုံစံမှာ အရင် အဟောင်းလို Preview Template နဲ့ကလစ်တာနဲ့ နောက်စာမျက်နှာ အသစ်နဲ့ မပေါ်ပါဘူးး သည်နေရာမှာဘဲ ဘလော့ပေါ်လာမှာပါ... အဲတော့ ကြည့်ပြီးတဲ့အခါ အိုကေပြီဆို save ရမယ်မဟုတ်လားး သည်လို save လို့ မရတော့ပါဘူး....
မိမိပြင်ဆင်တာ စိတ်တိုင်းကျပြီဆိုတာနဲ့.... အောက်က နံပါတ် (၄) ကိုကြည့်ပါ။
(၄) မိမိတို့ html မှာ ပြုပြင်ပြီးလို့ Preview Template နဲ့ကြည့်တဲ့အခါ စိတ်ချသေခြာရပြီ သဘောကျ
ပြီဆိုတာနဲ့ save ကြတော့မယ်ဆိုရင် Preview Template ဆိုတဲ့ နေရာမှာတွင် Save Template
လုပ်ဆောင်လို့မရပါ။ ဒါကြောင့် Save တော့မယ်ဆိုရင် Edit Html ဆိုတဲ့ သည် နံပါတ် (၄) ကိုပြန်ကလစ်ပေးလိုက်ပါ... ကလစ်ပြီးမှ...ဆေ့နိုင်တာဖြစ်ပါတယ်...နံပါတ် (၅) မှာပါ
(၅) ပြင်ဆင်မှုတွေ ပြီးဆုံးလို့ အတည်ပြုတော့မယ်ဆိုရင်တော့ Save Template ဆိုတာကို ကလစ်လိုက်ပါတော့....
(၆) ဒါဟာ html ကုဒ်တွေ ပြုပြင်တာ အစားထိုးတာ တွေမှာ သိပ်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ
ဘာကြောင့်လဲ ဆိုတော့ အရင် ပုံစံနဲ့တုန်းကတော့ သိပ်လွယ်ပါတယ်.. Html ကုဒ်တွေထဲမှာ ကြိုက်တဲ့
နေရာ ကြိုက်တဲ့ ကုဒ် ကြိုက်သလို ဖျက်နိုင် အစားသွင်းနိုင် ပါတယ်.. ခုပုံစံက အရမ်းကို လက်ဝင်နေလို့ပါ ဘယ်လို လက်ဝင်လဲဆိုတော့ ကုဒ်တွေထဲမှာ မိမိတို့ လိုခြင်တဲ့နေရာ မောက်နဲ့ ကာဆာ ချမရတာ... လိုခြင်တဲ့ ကုဒ်လေးဘဲ သီးသန့် ခဲခြစ်မယူနိုင်တာ... တွေက သိပ်ကို နှောင့်နှေးစေတာပါ..... မသိတဲ့ သေူတွ ဆို ရွာလည်စေတဲ့ ပုံစံကြီးးတစ်ခုပါဗျာ...
ကျွန်တော် စစ၀င်ချင်း ပျူးတောင် သွားမိတယ်..( မျက်လုံးပါ) နောက် သည်ပို့လေးဖြစ်ဖို့ ပုံလေးတစ်ခုကို သူ့ရဲ့ကုဒ်ရှာပြီး တခြားပုံတစ်ခုရဲ့ ကုဒ် လင့် နဲ့အစားထိုးကြည့်လိုက်တယ်...
ဥပမာ ။ ။ ကျွန်တော် ရှာခြင်တဲ့ ကုဒ်ကဒါပါ http://i1323.photobucket.com/albums /u591/aungaung13/slider1-crop_zps7212d227.jpg
ရှာပြီးတာနဲ့ တခြားကုဒ်ကို အဲနေရာ အစားထိုးးမယ်...ပေါ့ ကဲ အစားထိုးဖို့ဆိုပြီး ကျွန်တော် တင်ခြင်တဲ့
ပုံကို upload တင်ပြီး ပုံရဲ့လင့်(ကုဒ်) ကို ကော်ပီယူလိုက်ပါပြီ.....
အစားထိုးမယ် အပေါ်က ဥပမာ ပေးထားတဲ့ကုဒ်နေရာကိုပေါ့ ဒါနဲ့ အဲကုဒ်ကို မောက်နဲ့
http://i1323.photobucket.com/albums/u591/aungaung13/slider1-crop_zps7212d227.jpg ဒါလေးတင်ဘဲ ဆွဲခြစ်လိုက်ပါတယ်.....
ဟိုက်ရှားပါးးးးးးးးးးးးးးးးသေပြီဆရာ လို့တယူရတယ်ဗျာ... ဘာလို့လဲ..
အဲလို လိုခြင်တာလေးတင် သီးသန့် မှတ်သားခြင်းမရပါဗျာ..............ဂိန်တာပေါ့....ဘလော့ကာဌါနတော့
ဂေါက်ဘဲကွာ လို့ ရေရွတ်မိပြန်တယ်.... ဒါနဲ့ နည်းလမ်းရှာရတယ်.... ဟောာာာာာာာာာာာာာ
တွေ့ပြီ..ေ.တွ့ပြီ....သူဘဲသူဘဲ....ငဲငဲ
ဟိဟိ အဆင့်တော့ပိုသွားတယ် အပေါ်ပုံပြထားတဲ့ နံပါတ် (၆) ကြည့် ခရမ်းရောင်နဲ့ပြထားတဲ့ ကုဒ်တွေအကုန်ဆိုမှ ခဲခြစ်မှတ်သားလို့ရတယ်တဲ့ဗျာ.... တေပြီ... ကိုအစားထိုးခြင်တာက ပုံရဲ့လင့်လေးတင်လေ ကျန်တဲ့ကုဒ်တွေ ထိရင် ဘလော့ပျက်ပြီပေါ့....အဟိ.... သည်တော့
သည်လို လုပ်လိုက်ရတယ်.... မှတ်သားရသလောက် မောက်နဲ့ ဆွဲခြစ်ကြည့်တယ်... အဓိကတော့
ကိုယ်အစားထိုးလိုတဲ့ ကုဒ် (သို့) လင့် တော့ ခြစ်တာထဲပါရမယ်နော်...ဟဟ...
အဲတာကို ကော်ပီယူ... မိမိတို့ တနေရာရာမှာ ထည့်လိုက်... Notepad ဖွင့်ပြီး ခဏ ထည့်လိုက် အဲထဲကို
ဒါမှ မဟုတ်... gtalk ချက်နေရင်း အဲထဲ ခဏ ထည့်လိုက် မပို့လိုက်နဲကနော် ...ေိေိ...
အိုကေ ထည့်ပြီးးတာနဲ့ မိမိတို့ အစားထိုးမဲ့ ကုဒ်လေးကို အဲမှာတင် အစားထိုးပေးလိုက်ပါတော့...
ပြီးတာနဲ့ အစားထိုးပြင်ဆင်ပြီးသားကုဒ်တွေ ဖြစ်ပြီပေါ့ ဖြစ်ပြီဆိုတာနဲ့
အဲကုဒ်တွေ ကော်ပီအကုန်ပြန်ယူလာခဲ့ဗျာ... စောစောက Html မှာ မောက်ဆွဲပြီး
ခြစ်လို့ရသလောက် ခြစ်ခဲ့ရတဲ့ နေရာမှာတင် past ချပေးလိုက်ပါတော့.....ဟူးးးးးးးးးးးးးးးး
မနည်း
အချိန်ကုန်သွားးပြီနော်.... မမိုက်ဘူးးးးးးးး ဒါပေမယ့် တတ်အောင်တော့
ဖြစ်အောင်တော့ လုပ်ကို လုပ်ရမှာလေ ကျွန်တော် တို့က ဘလော့ရှိတာနဲ့ Html နဲ့ကင်းလို့မှ မရတာ....
ကဲ စမ်းကြည့်ကြနော် အဆင်မပြေတာ ရှိခဲ့ပါက..စာချန်ခဲ့ပါ... ကြိုးစားပြီး
ထပ်မံရှာဖွေနေဆဲပါ.............သိသိသမျှ မျှဝေ တင်ပြနေမည်.....
မှတ်ချက် ။ ။ html ၀င်တဲ့အခါ မိမိကွန်ပျူတာ အပြည့် ( full page ) သုံးလုပ်ဆောင် မှသာလျှင်
Html ထဲတွင် လိုအပ်သလို မောက် ကာဆာချနိုင်ပါတယ်...
မဟုတ်ဘဲ...ကွန်ပျူတာတခြမ်းက Gtalk ချက်နေပြီး ဘလော့ကို အပြည့်မသုံးပါက
html ကုဒ်များအတွင်း နေရာကျဉ်းမှုကြောင့် ကာဆာချဖို့ ခက်ခဲနိုင်ပါသည်။
နောက်တစ်ခုက... html ကုဒ်တွေ
ရှာတဲ့နေရာမှာ မကြာခဏ အခက်ခဲတွေ့နေတာ ကြုံရတယ်.. လာလာမေးနေကြတယ်... အဲပြသနာကတော့ ရှာခြင်တဲ့ ကုဒ် ရှာမတွေ့တဲ့ကိစ္စပါ...
အဲတာကသည်လိုပါ.... ကုဒ်တွေကို အရင် ပုံစံလို အကုန် ဖြန့်ချပေးမထားတာပါ ကုဒ်တွေ မှာတွေ့လား
စာတိုင်
နံပါတ်စဉ်တွေနဲ့လေ အဲမှာ မျှား အမည်းလေး ရှိတယ်... အဲမျှားအမည်းလေး
ထဲမှာကိုက ကုဒ်တွေ ခေါက်သိမ်းထားတယ်ဗျာ... မယုံကလစ်ကြည့် အဲ
မျှားအနက်လေးတွေကို ကုဒ်တွေ ပိုတိုးကျလာမယ်... ပြောခင်ြတာက ရှာမရတဲံ
ကုဒ်တွေဆို မျှားအမည်း (အနက်) လေးတွေ လိုက်ကလစ်ပြီး search box လေးကေန
ထည့်ရှာ ကြည့် ရှိကိုရှိပါတယ်....
No comments:
Post a Comment