ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Friday, September 27, 2013

ဒီဇိုင်းဆန်းနဲ့ 3D MAVEN Music Player Pro version 1.11.52 Apk



Music player တွေကတော့ အခုခေတ်လူငယ်တွေတော်တော်များများရဲ့ phone ထဲမှာတော့ နေရာယူပြီး
သားဖြစ်မှာပါ။ နောက်ပိုင်း model မြှင့်ဖုန်းတွေကလည်း music နားထောင်တဲ့အခါ ကောင်းမွန်အောင်လို့ အသံ system ပိုင်းတွေကို ပိုပြီးကောင်းအောင်ထုတ်လာပေမဲ့လည်း အများစုကတော့ Music player application တွေကိုတော့ အသုံးပြုနေတုန်းပါပဲ။
အခုဒီ music player လေးကတော့ ဒီဇိုင်းပိုင်းမှာ တခြား application တွေနဲ့မတူတာကိုတော့
သတိထားမိမှာပါ။  ဒီ application လေးရဲ့ ထူးခြားချက်ကတော့ သီချင်းစာသားပါတဲ့
သီချင်းတွေကို စာသားဖော်ပြပေးပြီး၊
 Equalizer ရဲ့ ဒီဇိုင်းကလည်း ဘယ် application နဲ့မှမတူအောင်
လည်းကွဲပြားခြားနားတာကိုတွေ့ရမှာပါ။ ပြီးတော့ကိုယ်က သီချင်းနားထောင်ရင်းနဲ့ 
screen ကိုပိတ်လိုက်ရင်လည်း lock screen အနေနဲ့ ရှိနေမှာဖြစ်တာကြောင့် အလွယ်တကူ
 next လုပ်တာတို့၊  previous လုပ်တာတို့ lock ကိုဖွင့်စရာမလိုပဲ လုပ်နိုင်ပါတယ်။ File format တော်တော်များများကိုလည်း support လုပ်ပေးထားတဲ့အတွက်
 Mp3 file တင်မကပဲ  ogg, wav, mp4, m4a, flac စတဲ့ file format တွေကို လည်း support 
လုပ်ပေးထားတဲ့အတွက် music file format တော်တော်များများနဲ့ကိုက်ညီမှုရှိတာကိုတွေ့မြင်ရပါလိမ့်မယ်ဗျာ။ သီချင်းအသံထွက်ကတော့ အကောင်းမွန်ဆုံးအနေထားကိုတွေ့မြင်ရမှာဖြစ်တာကြောင့် အားလုံး အဆင်ပြေစေမယ်လို့မျှော်လင့်မိပါတယ်ဗျာ။ဒီ application လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့
 android version 2.2 နဲ့အထက်ဆိုရင် အသုံးပြုနိုင်ပါတယ်ဗျာ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
Aung Ko Htet (IT Studier)

No comments:

Post a Comment