ထားပါတော့ အကြောင်းအရင်းတွေအများကြီးရှိပေမယ့် သင့်ရဲ့ စက် Boot မတတ်တော့ဘူးဆိုရင် Master Boot Record ကိုပြင်ကြည့်သင့်ပါတယ်။
Windows 8 နှင့် 7 မှာ MBR ကို ပြင်ခြင်း
အခုကျွန်တော်တို့ ပြောမယ့်နည်းကို Windows 7 နဲ့ 8 မှာလည်းအသုံးပြုနိုင်ပါတယ်။အခုဒီနည်းကို အသုံးပြုမယ်ဆိုရင် လိုအပ်ချက်အနေနဲ့ Windows တင်တဲ့ အခွေလိုပါလိမ့်မယ်။
Step 1: Windows Recovery Menu ထဲကိုဝင်ဖို့ System Boot လုပ်နေတဲ့အခါ Keyboard ကနေ F8 ကိုနှိပ်ပေးပါ။ Windows တင်တဲ့ အခွေကို Computer ရဲ့ DVD Drive ထဲကိုထည့်ထားပါ။
Step 2: ပြီးရင် Troubleshoot ကိုနှိပ်ပေးပါ။
Step 3: Automatic Repair menu ထဲကိုသွားဖို့အတွက် Advanced options ကို Click လုပ်ပေးပါ။
Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို တစ်ခုပြီးမှာ တစ်ခုရိုက်ထည့်ပေးပါ။
Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို command prompt မှာ တစ်ခုပြီးမှ တစ်ခုရိုက်ထည့်ပေးပါ။
bootrec /RebuildBcd
bootrec /fixMbr
bootrec /fixboot
Exit
အပေါ်မှာပေးထားတဲ့ Command တွေကို ရိုက်ထည့်ပြီးလို့ အောက်ကပုံအတိုင်းပေါ်တယ်ဆိုရင် Master Boot Record (MBR) ကို ပြင်လို့ပြီးပါပြီ။
အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment