ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, May 15, 2013

Very good Mobile apks နောက်ဆုံးရ မိုဘိုင်းဆော့ဝဲ အလန်းလေးများ စုစည်းမှု..

ကဲဗျာ ကျုပ်လည်း တစ်နေ့တစ်ပို့စ်လောက်ကို မနည်းစဉ်းစားပြီး တင်နေရတာ ဒီနေ့တော့ ကောက်သင်း
ကောက် စုထားတဲ့ မိုဘိုင်းဆော့ဝဲလေးတွေ ကောင်းနိုးရာရာလေးတွေပေါ့ဗျာ အဲဒါလေးစုပြီး တင်လိုက်တာ။
သဘောကျကြမယ်လို့တော့ ထင်ပါတယ် သဘောကျရင်တော့ စိတ်ရှိတိုင်း အားပါးတစ်ရ ဒေါင်းလော့ချနိုင်
ပါတယ်။ သဘောမကျလျှင်လည်း မိမိတို့ သဘောကျရာလေးတွေကို ရွေးပြီးတော့ ယူသွားကြပေါ့ဗျာ..။
ကျုပ်အနေနဲ့ ဒီဆော့ဝဲလေးတွေနှင့် အခြားဆော့ဝဲလေးတွေကို Box.com မှာ တင်တယ်ဆိုတာက တင်ရ
တာ သေချာတယ်. မြန်ဆန်မှုရှိတယ် အဲဒါကြောင့် တင်တာပါ.။ Mediafire မှာ တင်တာက စိတ်မချရတာ
တစ်မျိုး တင်တဲ့အခါမှာ အကြိမ်များစွာ တင်ရတာကတစ်ဖုံ ဒီလို ဒုက္ခလေးတွေကြောင့် သိပ်ကြီးမတင်တာပါ
ကျုပ်ရဲ့ဘော်ဒါကြီး ကိုဖြည့်ဖြိုးတို့ ကိုမောင်ပေါက်တို့တွေလည်း သူတို့တင်ထားတာလေးတွေ အဖျက်ခံရ
တယ်လေ ကျုပ်ကိုယ်တိုင်လည်း အဖျက်ခံရဖူးပါတယ်.။ ဒါကြောင့် သေချာမယ်ထင်တဲ့ ဆိုက်လေးမှာ တင်
ရတာကို နားလည်ခွင့်လွှတ်ပေးပါဗျာ..


တစ်ခြားဆိုက်တွေမှာလည်း တင်လို့တော့ ရပါတယ် သို့သော်လည်း အကောင့်တွေ များနေတော့ သိပ်အဆင်မပြေ ဖြစ်မှာ စိုးတာကြောင့်ပါ..။ ခုလောလောဆယ်မှာတော့ ကျုပ်လည်း Mediafire ရယ်
Box.com ရယ် Dropbox မှာရယ် သုံးလေးခုလောက်တော့ အကောင့်တွေ လုပ်ထားပါတယ်.။ အဲဒီမှာ
ဘဲ လောလောဆယ် တင်နေတယ် .။ လုပ်ရတာ သိပ်တော့ မလွယ်ဘူးဗျာ အကောင့်တစ်ခု ဖျက်ခံရရင်
အတော်လေး နှစ်နာတယ်.။ ကိုယ်တင်ထားသမျှ ကြိုးစားပြီး ခါးညောင်းအောင် ဖင်ပူအောင် စောင့်ဆိုင်း
ပြီး တင်ထားတာလေးတွေဆိုတော့ ခဲလေသမျှ သဲရေကျ ဖြစ်တာပေါ့..။ တစ်ကယ်ပါ သူများနိုင်ငံတွေ
လို နှစ်အလိုက် မ၀ယ်နိုင်သေးသမျှတော့ သူများပြုသမျှ ခံရမယ့် ကျေးကျွန်တွေပေါ့ဗျာ..။
အဲဒါလေးတွေလည်း စာနာပေးပါဦးလို့ ပြောချင်ပါတယ်..။ ဒီ box.com မှာ ဒေါင်းရတာက တစ်ခါတစ်လေ
တော့ အဆင်မပြေတတ်ဘူး ။ Mediafire လည်း ထိုနည်းတူစွာပါဘဲ. ဒါကြောင့် စိတ်ရှည်ဇွဲသန် သီးခံပြီး
တော့ ဒေါင်းပေးကြပါ တစ်ဆိုက်ဆွဲမရရင် နောက်တစ်ဆိုက်ဆွဲစမ်းကြည့်ပါနော် အဆင်ပြေကြပါစေ..
box.com မရရင် dropbox မှာဆွဲပါ သို့မဟုတ် MDF လို့ရေးထားတဲ့ Mediafire မှာဆွဲကြပါလို့ မေတ္တာ
ရပ်ခံရင်းဖြင့် မိုးကောင်းကင်မှ ဒီနေ့အတွက် ဒီမျှနှင့်သာ ကျေနပ်ကြပါလို့ ပြောချင်ပါတယ်...။

ဒီနေ့ မိုးသီးတွေရွာချတယ်ဗျာ မိုးလည်း တစ်အားကုန် သည်းတာဘဲ တစ်ကယ် လမ်းမပေါ်မှာကို
ဖွေးသွားတာဘဲဗျာ ဒါက အမှတ်တရ ရေးတာနော် တစ်ကယ်ပါ ဒီနေ့လိုမျိုး မိုးသီးကျတာ မန်းလေးမှာ
ခု ဒီတစ်ကြိမ်ဘဲ မြင်ဖူးတာပါ..။ ဒါမျိုးက ဖြစ်ခဲတယ်နော် ကိုယ့်ဆုတောင်းတွေ ပြည့်နေတာလားလို့
တောင် အောက်မေ့မိတယ် ကိုယ်က မိုးရွာဖို့ဘဲ ဆုတောင်းတာပါ နေအရမ်းပူနေလို့လေ ဖေ့ဘုတ်
ပေါ်မှာ တင်လိုက်တာ မိုးကောင်းကင်မှ သိကြားမင်းသို့ ပေးစာ ဆိုပြီးတော့ပေါ့.. တစ်ကယ် ဖိုးသိကြားမင်း
ကြီးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ခုလို မိုးလေးရွာလိုက်တော့မှ နေရထိုင်ရတာ အဆင်ပြေတယ်
သို့မဟုတ်လျှင် ပူတာကတော့ လန်ထွက် ပျံတက်နေတာဘဲ...တစ်ကယ် မလွယ်ဘူးဗျာ ဒို့တောမှာလို
မဟုတ်ဘူးလေ..

ကဲဗျာ ဒီလောက်ပါဘဲနော် အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ဘ၀အမောတွေ ပြေပျောက်နိုင်
ကြပါစေလို့ ဆုတောင်းရင်း........မိုးကောင်းကင် ....ဖောင်းပြင်....အညာသား....

9.5.2013 တန်ခူးလကုန် ၁၄ ရက် လကွယ်နေ့ မိုးသီးကျသောနေ့ Mandalay

۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩   DOWNLOAD DROPBOX.COM  ۩۩۩۩

No comments:

Post a Comment