ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Tuesday, May 21, 2013

My Computer ထဲတွင် Shortcut များ ထည့်နည်း


ကျွန်တော်တို့ "My Computer" ကနေပြီး hard drives တွေ၊ Pen Drive တွေနဲ့ တစ်ခြား Network နဲ့သက်ဆိုင်တဲ့ နေရာတွေကနေ အလွယ်တကူ Access လုပ်နိုင်ပါတယ်။အခု ဒီနည်းကို အသုံးပြုပြီး
My Computer ထဲမှာ သင်ကြိုက်တဲ့ Application တွေနဲ့ Folder တွေကို Shortcut ပြုလုပ်နိုင်ပါတယ်။





    
My Computer ထဲတွင် Program Shortcut များကို ထည့်ခြင်း

ပထမဦး ဆုံး Shortcut ထည့်လို့ရမယ့် နေရာကို အရင်သွားဖို့ Windows Key + R ကို နှိပ်ပါ။

ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း Run Box ထဲမှာ %appdata% ကို ရိုက်ထည့်ပြီး OK ကိုနှိပ်ပေးပါ။

AppData ထဲကို ရောက်ပြီဆိုရင် Microsoft > Windows > Network Shortcuts ကိုတစ်ဆင့်ချင်သွားပါ။

နောက်ဆုံး ရောက်သွားတဲ့ Network Shortcut Folder ထဲမှာ သင်ကြိုက်တဲ့ Program Shortcut တွေကိုဆွဲထည့်နိုင်ပါပြီ။





Program Shortcut ထည့်နည်းအတိုင်းပဲ Folder တွေ Control pannel တွေကိုပါထည့်နိုင်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment