ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Tuesday, May 28, 2013

Introduction to Java Programming

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ…

အနော် ကတော့ ဒီ Blog မှာ Programming ပိုင်းနဲ့ ပတ်သက်ပီး အထူးသဖြင့် Java ပေါ့.. Post တင်ပေးပါ့မယ်.
Programming ပိုင်းကို ဘာမှ နားမလည်ဘူးဆိုပီး စိတ် မ၀င်စားပဲ ကျော်ဖတ် လိုက်တာတို့ ဘာတို့ မလုပ် လိုက်ပါနဲ့ လို့ :P … Java ကို Beginner ပိုင်းကနေ စာသင် သလို သင်ပေးမှာ ဖြစ်ပါတယ်။ အရမ်း အခက်ခဲ တာကြီးမဟုတ်လို့… စိတ် ပျက် လက်လျှော့လိုက်တာတွေ ဘာတွေ မလုပ် လိုက် မိပါ စေနဲ့ …


အနော့်ကို အနော်လည်း မိတ်ဆက်ပေးပါ့မယ်.. 
အနော့် နာမည်က တော့ VoDa Kar ပါ.. သူငယ်ချင်းတွေ ခေါ်တာပါ… အသက်ကတော့ 17 ပါ :P Facebook မှာတော့ ITGroup မှာ အက်မင် အဖြစ်လုပ်နေရင်းကနေ ဒီ Blog အက်မင် 
 အစ်ကို R00t Ch@ng3R နဲ့ တွေ့ ပီးးး သူ့ Blog မှာ Programming ကို ပါဝင်ရေးသားဖြစ်တာပါ.. 
အနော်က စာသင်သလို သင်ပေးမှာဖြစ်ပါတယ်… မရှင်းတာရှိရင် မေးနိုင်သလို.. စိတ် ပျက် ပီးလက်မလျှော့လိုက်ပါနဲ့လို့.. အချိန်ကုန်ခံပီးဖတ်ပေးလို့အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျ…

Introduction to Java Programming
ကဲ အစ ဆိုတော့ အစကစရမှာပေါ့လေ.. Programming ဆိုတာက ဘယ်က စပြောရမှန်းမသိဘူး စတာနော် :P
Program တစ်ခုကို Programming language တွေသုံးပီးရေး ကြတယ်. အဲလိုရေးတဲ့ လူတွေကို Programmer လို့ခေါ်တယ်… ကဲ အဲဒီမှာ Programming language ကအစုံရှိပါတယ်ဗျ.
 C, C# , C++, Ruby, PHP အများကြီးပဲ ဗျ.. အဲလို အများကြီးထဲကမှာ အနော် တင်မယ့် Post က Java ကိုအဓိကထားပီးး ရေးမယ့် Java Programming Language အကြောင်းပါ..
ကဲနောက်တစ်ချက်က..Programming language မှာ O O ဆိုတာရှိပါတယ်.. Object Oriented ကိုပြောတာပါ 
ကဲ နည်းနည်းရှုပ်သွားလား ပြန်ရှင်းမယ်နော်. ဒီလိုဗျ Programming language တွေက အပြင်မှာလိုမျိုး Object တွေနဲ့ အလုပ်လုပ်တယ်.. ဥပမာကျွန်တော် ရေသောက်တယ်ဗျာ.. လိုတာက ရေ ရေခွက် အစရှိသဖြင့်ပေါ့.. Programming language တွေမှာလည်း အဲလိုဘဲဗျ သူကလည်း Object တွေနဲ့လုပ်တယ်.

အဲလိုလုပ်တာမှာ Object Oriented အပြည့်အ၀ရတာနဲ့.. အပြည့်မရတာနဲ့ဆိုပီးကွာတယ်.. ဘယ်လိုတွေကွာလဲဆို..အပြည့်ရရင် ရေးရတာပိုခက်တယ်ဗျာ.. ကံဆိုးစွာနဲ့ Java က OOP အစစ် ဗျို့ .. ဒါမယ့် သိပ်မခက်ပါဘူး ( အားပေးစကား :) ) 

ခုနက ပြောတာတွေက ဘာတွေလဲ ဆိုတော့.. Programming ရဲ့ သဘောတရား လေးကိုရှင်းပြတာပါ.. ခေါင်းရှုပ်မခံပါနဲ့…. နောက်ပိုင်းကျ သဘောပေါက်လာပါလိမ့်မယ်.. စိတ်အေးအေး လေးနဲ့ သင်ပေါ့ မရှင်းတာရှိ မေးလို့ရပါတယ်ဗျ…
အော် ဒါနဲ့ Java နဲ့ Javascript ဆိုတာလုံးဝ လုံးဝ မတူပါဘူးဗျ.. Java က လုံးဝ Programming အစစ်ဖြစ်ပီး Javascript ကကျတော့ သူက Client Script လေးပဲဖြစ်ပါတယ်.. သို့ပေမယ့် JS ကလည်းစွမ်းသင့်သလောက်စွမ်းပါတယ်… သိစေချင်တာ မတူဘူးဆိုတာကိုနော် အနော်သင်မှာ Java ပါ ခင်ဗျ.

Overview of Java programming language
ကဲ… ဒါက Java Programming language ကို ခြုံငုံသုံးသပ်တာပါ… သူ့ History လေးကနေစရှင်းရအောင်..
Java လို့ခေါ်တဲ့ Programming language ကို 1995 မှာ Introduce လုပ်ခဲ့တာဖြစ်ပါတယ်..( အနော်မမွေးခင် တစ်နှစ်ပေါ့ :P ) သူ့ကို Introduce လုပ်တုန်းက Secure object-oriented programming language လို့ တင်စားပီး ကြေညာခဲ့ပါတယ်… သူ့ကို Open Source Programming language အဖြစ် စတင်ကြေညာခဲ့ပီးး Sun Microsystem က စတင် Develop လုပ်ခဲ့ပါတယ်. Java ကိုစတင်ရည်ရွယ်တာက Business app တွေနဲ့ Internet App (Web Application) တွေ အတွက် ရည်ရွယ်ခဲ့ပါတယ်…
Java မှာ Edition လို့ ခေါ်တဲ့ အမျိုးအစားသုံးမျိုးရှိပါတယ်…

Java Standard Edition .. သူကတော့ Window application တွေပါ.. Install လုပ်ပီးသုံးရတဲ့ Application မျိုးတွေလေ..

Java Essential Edition သူကတော့ Website တွေပေါ်မှာ အလုပ်လုပ်တဲ့ Application တွေပါ. ဥပမာ Create account လုပ်တာတို့ဘာတို့ပေါ့

Java Micro Edition သူကတော့ Micro Chip တွေပေါ်မှာရေးတာပါ.. ရေခဲသတ္တောတို့ ဖုန်းတို့ပေါ့
ကဲ ဒါလေးကတော့ Intro လေးပါ… ဦးနှောက်ချောက်နေမှာစိုးလို့ တစ်နေ့ တစ်ပုဒ်ပဲဖတ်ပါလို့.. စိတ်ဝင်စားရင်ပျော်ဖို့ကောင်းပါတယ်.. 
အားလုံးကိုလေးစားစွာဖြင့် VoDa Kar ;)  

1 comment:

  1. သူ့ရဲအဆက်ကို ဘယ်မှာဖတ်မလဲ ပြောပေဒပါ

    ReplyDelete